Pages

ရန်ကျော်. Powered by Blogger.

Wednesday, April 2, 2014

အဖေငတ်သူ

အဖေငတ်သူ

                 လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ ပထမဦးဆုံး ပိုင်ဆိုင်ခြင်းဟာ အဖေနှင့် အမေသာ ဖြစ်လိမ့်မည်ဟု ကျွန်တော် ယူဆမိပါသည် ။ ကလေးတို့ သာဘဝ အသက်အရွယ် တစ်နှစ်ကျော် နှစ်နှစ် ဝန်းကျင်လောက်တွင် ပီကာလာ မပီကာလာနှင့် ပထမဦးဆုံး ပြောတတ်သော စကားလုံးမှာ ဖေဖေနှင့် မေမေ ဟု ဖြစ်လိမ့်မည် ။ သုံးနှစ်ကျော် လေးနှစ်လောက်ဆို စိတ်ဆိုးတတ် စိတ်ကောက်တတ်နေပြီဖြင့်၍ အဖေကို စိတ်ဆိုးလျှင် အမေဆီပြေး အမေ့ကို စိတ်ဆိုးလျှင် အဖေ့ဆီပြေးကာ တိုင်ပြောနေတတ်တဲ့ ကျွန်ပ်၏ သားလေးကိုကြည့်ပြီး အဖေငတ်ခဲ့တဲ့ ကျွန်ပ်ရဲ့ ငယ်ဘဝကို တွေးမိခဲ့ပါသည် ။ 
               အဖေနှင့် အမေသည် ကျွန်တော်အသက် သုံးနှစ်သားအရွယ်လောက်မှာပင် သဘောထားခြင်း မတိုက်ဆိုင်၍ အိမ်တွင်းရေး ပြဿနာများ အကြီးအကြယ်ဖြင့်ပြီး ကွာရှင်းလိုက်ရသည်ဟု အဘွားပြောပြခဲ့ဘူးသည် ။ အဖေသည် မုဆိုးအလုပ်ကို ဝါသနာပါသူဖြင့်၍ ကျွန်ပ်ကို အမေမွေးပြီးသည့်အတိုင် ၎င်းအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်သည် ။ ကျွန်ပ်အမေသည် အဖေရဲ့ မုဆိုးအလုပ်ကို အရင်ကခွင့်ပြုပေမဲ့ ကျွန်ပ်ကို မွေးပြီးသည်နောက်ပိုင်းတွင် အဖေကို ၎င်းအလုပ်မလုပ်ရန် အကြိမ်ကြိမ်တားခဲ့သည် ။ အမေသည် သတ္တဝါတို့ကို သနားချစ်ခင်သူဖြင့်၍ မိမိ၏သားနှင့်ပင် နှိုင်းရှင်ပြီး အဖေ့ကို သူတပါးအသတ် မသတ်ဖို့ ချော့တစ်လှည့် အကြမ်းတစ်ဖန်ဖြင့် ပြောခဲ့သူဖြစ်သည် ။ 

“ ကိုသန်းမြင့် ရယ်.. ကျွန်မတို့မိသားနှစ်ယောက်ကို ရှင့်ရဲ့ မုဆိုးအလုပ်မဟုတ်ဘဲ တခြား သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုခုရှာပြီး လုပ်ကျွေးပါလားရှင်ရယ်... သူတပါးအသတ်ကို သတ်ပြီးမှစားနေရတဲ့ ထမင်းတွေကို ကျွန်မ မသဓီတော့ဘူးရှင်ရယ်...နောက်ပြီး ကျွန်မတို့ မွေးထားတဲ့ ကလေးကလည်း တစ်ဖြည်းဖြည်းနဲ့ အသက်ကြီးလာပြီ မဟုတ်လား... ဒါကြောင့် ကျွန်မတို့ ဇနီးမောင်နံနှစ်ယောက်  သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုခုကို ရှာပြီး သားလေးရဲ့ ဘဝကိုလူတစ်လုံး သူတစ်လုံးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရအောင်နော်... ” 

                  အမေအခုလို ပြောပြီးသည်နောက် အဖေသည် အရင်ကလို တောထဲကို တစ်ညအိပ် နှစ်ညအိပ် မဟုတ်တော့ဘဲ တစ်ပါတ်မှ နှစ်ပါတ် ဖြစ်ပြီး ပိုဆိုးသွားလေတော့သည် ။ အဖေတောထဲမှအပြန် သားကောင်များ ပါခဲ့သည်ရှိသော် ၎င်းသားကောင်အား သားဖြစ်သူ ကျွန်တော်မတွေ့ရလေအောင် အိမ်မှာ မဖျက်ဘဲ တခြားနေရာတစ်ခုခုမှာ ဖျက်ရန် အမေတောင်းဆိုခဲ့သည် ။ အကြောင်းမှာ ကျွန်တော်က သွေးမြင်လျှင် ထိပ်လန့်ပြီး ငိုတတ်ခြင်းကြောင့် ဖြစ်သည် ။ အခုထိလည်း ကျွန်တော် သွေးမြင်လျှင် ထိပ်လန့်စွာ ကြောက်ရွန့်နေဆဲပင် ။ ဒါပေမဲ့ အမေရဲ့ တောင်းဆိုမှုကို အဖေက လက်မခံဘဲ ရန်ပြန်ပြုလေသည် ။ အဖေရဲ့ ရန်ပြုခြင်းကို အမေခေါင်းထဲ မထည့်ပါ အဖေလမ်းမှန်ပြန်ရောက်လာဖို့အတွက်သာ ရည်ရွယ်ပြီး နောက်ထပ် ဒီမုဆိုးအလုပ်ကို ဆက်မလုပ်ရန် အတမ်တမ်တားခဲ့ပေမဲ့ အဖေက လုံးဝအရေးမလုပ်ဘဲ ပိုလို့သာဆိုးလာလေသည်။
တစ်ခါတလေ အဖေသည် သားကောင်များ မရလာပါက အရက်တွေ သောက်ကာ အမေ့ကို ဆူပူကြိမ်းမောင်းတဲ့ အဆင့်ထိရောက်လာလေသည် ။

“ မင်းကြောင့် ငါ သားကောင်ပြစ်လို့ မရတာ..ဘာလည်းကွာ အာလကားအိမ်မှာနေပြီး သတ္တဝါတွေ ကျမ္မာပါစေ ၊ ချမ်းသာပါစေနဲ့ တစ်ဇွတ်ထိုး မေတ္တာတွေပိုနေလိုက်တာ ...မင်း ဒီလိုမေတ္တာပိုပေးနေမှတော့ ငါ ဘယ်လိုလုပ်ပြီး သားကောင်ရတော့မလဲ ကွာ...မင်း သတ္တဝါတွေကို တကယ်မေတ္တာရှိတယ်ဆိုရင် ဘုန်းကြီးကျောင်းသွားပြီး မယ်သီလရှင် ဝင်ဝတ်လိုက်ပါလား...သားလေးကို ငါ့ဆီမှာသာ ထားခဲ့စမ်းပါ...ငါ့ သားကို ငါလုပ်ကျွေးနိုင်တယ် ကွ...” တဲ့ ။ 

အဖေသည် မုဆိုးဆိုတဲ့ အမည်နဲ့လိုက်ဖက်အောင် ကိုယ်အမူရာ နှုတ်အမူရာတွေ ကြမ်းထမ်းနေတော့သည်။ အဖေသည် အမေနဲ့ မညားခင်က အခုလို့ တောလိုက် မုဆိုးအလုပ်ကို တစ်ခါမှ မလုပ်ခဲ့ပေမဲ့ အဖော်ကောင်းလို့ အပေါင်းပျက် ဆိုသလို့ အဖေ လူပေါင်းမှားပြီး အခုတော့ မုဆိုးဘဝကို လုံးလုံးရောက်နေတော့သည် ။ ဒါပေမဲ့ အဖေရဲ့ အပေါင်းသင်းမိတ်ဆွေ သူငယ်ချင်းတွေကို အပြစ်တင်ပြောဆိုခြင်းတော့ လုံးဝ မဟုတ်ပါ ။ မိမိကောင်းလျှင် ဘယ်သူဖျက်ဖျက် ဘယ်ပျက်ပါမလဲ ။ ကျွန်ပ်အဖေ ကိုယ်တိုင်ကသာ ဒီတောလိုက် မုဆိုးအလုပ်ကို ဝါသနာပါလိုနေမှာပါ။ ဒီလိုနဲ့ အဖေနှင့် အမေ တစ်ယောက်နဲ့တစ်ယောက် စကားတွေများပြီးနောက် အဖေသေနတ် တစ်လတ်ကိုထမ်းကာ တောထဲ့ကို ဝင်သွားသည်မှာ နှစ်လခန်းမျှ ကြာသွားလေသည် ။ အမေသည် အဖေပြန်မရောက်လာသည့်နောက်ပိုင်း အဘွားရဲ့ ဥယျာဉ်ခြံထဲမှ မြေကွက်အလွတ် တစ်ကွက်တောင်းပြီး ဟင်းသီး ဟင်းရွက်ပင်များ စိုက်ရောင်းကာ သမ္မာအာဇီဝကျစွာဖြစ် ကျွန်ပ်ကိုကျွေးမွေးလေသည် ။ နောက်ထပ် ခြောက်လလောက်အကြာတွင် အဖေတောထဲမှ ထွက်လာပြီး ကျွန်တော်နဲ့အမေရှိတဲ့ အိမ်လေးကိုပြန်ရောက်လာသည် ။ အဖေ့တွင် ဂဏန်းများပါလာသည်ဟု အဘွားပြောပြပြန်သည် ။ ထိုဂဏန်းများဖြင့် အမေနဲ့ ကျွန်ပ်ကို အဖေပြန်လာချောသည် ။ ဒါပေမဲ့ အမေသည် အဖေထင်ထားသလို မိန်းမပျော့တစ်ယောက် မဟုတ်တော့ပေ ။ အမေ ဘယ်ပျော့တော့ မလဲ ။ အဖေက ရှစ်လလောက် သတင်းမပေး ဘာမပေးနဲ့ အစအနပျောက်နေခဲ့တာကို ။ အခုချိန်သည် ကျွန်ပ်အမေဟာ သတ္တိတွေ ကောင်းကောင်းရှိနေပြီ အဖေပြန်ရောက်လာလို့တော့ မဟုတ်ပါ အဖေထားခဲ့တဲ့ ရှစ်လအတွင်းမှာ အမေက သမ္မာအာဇီဝကျတဲ့ အလုပ်တစ်ခုနဲ့ သားလေးကို လုပ်ကျွေးနိုင်နေခြင်းကြောင့် ဖြစ်သည် ။ ဒါကြောင့်လည်း အမေ အဖေ့ကို စကားလုံးဝ ပြန်မပြောပေ ။ အဖေသည် အမေ့ကို စည်းရုံးလို့မရသည်နောက်တော့ ဘာမှ အသိမရှိသေးတဲ့ ကျွန်ပ်ကို ၎င်းဂဏန်းများ ကျွေးကာ စည်းရုံးလေတော့သည် ။ 

“ ဟား... ငါ့ သားက ဂဏန်းအတော်ကြိုက်ပါလားကွ ၊ သားနောက်ထပ် ယူအိုးမလား... ” အဖေက မေးသည်။

“ ဟုတ်ကဲ့ ယူအိုးမယ် ဖေဖေ...” ကျွန်တော် ပြန်ဖြေလိုက်သည်။

“ ငါ့ သားထပ်စားအိုးမယ် ဆိုရင်တော့ ဖေဖေ မနက်ဖြန် သွားဖမ်းပေးရမှာပေါ့ကွာ ... ဒီနေ့တော့ ဒါကုန်အောင်စားပေါ့နော်...” အဖေနဲ့ ကျွန်တော် ဂဏန်းများကို မြိန်ရှက်စွာ စားရင် စကားပြောနေကြသည် ။ 

“ .....ဝမ်း.....” ဂဏန်းအရိုးကို ကျွန်တော် မြိုချမိပြီး လည်ချောင်းတွင်တင်နေ၍ ကျွန်တော် ငိုခြင်းဖြစ်သည် ။

“ ဘာဖြစ်တာလဲ သား ဖေဖေကို ပြောစမ်း ဘာဖြစ်တာလဲ... ” အဖေဆိုတော့ စိတ်ပူတာပေါ့ ။ ဒါပေမဲ့ ကျွန်ပ်ရဲ့ လည်ချောင်းထဲက ဂဏန်းအရိုးကိုတော့ အဖေ ဘယ်လိုလုပ်ပြီး ပြန်ထုပ်ပေးရမလဲ မသိပေ ။ 

“ နာ နာ  ......နာ....နာ... ” ဟုပြောကာ  ပါးစပ်ကိုလက်ညိုးထိုးပြပြီး ကျွန်တော် ငိုနေသည် ။ 

“ ဘယ်နားမှာ နာနေတာလည်း သားရယ်... ပြစမ်းပြစမ်း ဖေဖေကိုပြစမ်း ” အဖေ ဘာမှာမလုပ်တတ်ဘဲ ကျွန်ပ်ကို မေးနေတဲ့အချိန်မှာ အိမ်ပေါ်က အမေဆင်းလာပြီး 

“ ရှင် ကျွန်မကလေးကို ဘာတွေကျွေးနေတာလဲ...” 

“ ဂဏန်းတွေ ကျွေးနေတာပါ မိန်းမရာ...” အဖေ့ စကားအဆုံးမှာ 

“ ဘာ... မိန်းမ ဟုတ်လား...ရှင်ကျွန်မကို မိန်းမလို့ မခေါ်နဲ့ နောက်ပြီး ရှင် ကျွန်မအိမ်က အခုချက်ချင်း ထွက်သွားပါ ၊ အခုချိန်မှာ ရှင် နဲ့ ကျွန်မ ဘာမှ မပက်သက်တော့ဘူး ” အမေက အဖေ့ကို အသံကျယ်လောင်စွာဖြစ်ပြောရင် ကျွန်ပ်၏ လည်ချောင်းထဲက ဂဏန်းအရိုး ပြန်ထွက်လာအောင် ပါးစပ်ထဲသို့ လက်ညိုးထိုးပြီး ကလော်ထုတ်နေသည်။ အမေရဲ့ လက်ညိုသည် ကျွန်တော်၏ လည်ချောင်းအထဲထိ အရှည်ကြီးဝင်သွားပြီး ဂဏန်းအရိုးများကို အမေ့လက်နှင့်အတူ ပါးစပ်မှ ပြန်အံထွက်လာသည် ။

“ ဂဏန်းအရိုးတွေက မနည်းပါလား... သား အခုဘယ်လိုနေသေးလဲ ။ လည်ချောင်းထဲမှာ နာနေသေးလား..”
အမေက စိတ်ပူရင်ဆာဖြစ်ပြီးမေးတော့ ကျွန်တော် ခေါင်းခါပြီး ပြန်ဖြေလိုက်သည် ။ 

“ ဟင်း..အင်း... မနာတော့ဘူး မေမေ...” 

“ ဟုတ်လား..ဒါဆို ကောင်းသွားပြီပေါ့ ” အမေ ပြောပြောဆိုဆိုဖြစ် ကျွန်ပ်ကို ပွေ့ချီကာ အိမ်ပေါ်သို့ ခေါ်သွားလေသည် ။ အဖေလည်း ကျွန်တော်နဲ့အမေ နောက်က ထပ်ကြပ် အိမ်ပေါ်သို့ တတ်လိုက်လာပြီး 
လက်ကျန်ဂဏန်းများကို ကျွေးပြန်သည် ။

“ ရှင်ဘယ်လိုဖြစ်နေတာလဲ..အခုပဲ ဂဏန်းအရိုးစူးလို့ ကလေးငိုနေတာ ရှင်မတွေ့ဘူးလား..”

“ ဘာမှ မဖြစ်ပါဘူးမိန်းမရယ်..ကလေးက ဂဏန်းကြိုက်တယ်လေ...ဒါကြောင့် ဒီလက်ကျန်ဂဏန်းတွေ ကျွေးမလို့ပါ...သားလေး လာလာ ဖေဖေ့ဆီလာခဲ့ ဒီမှာ အဖေ့သားအတွေက် ဂဏန်းတွေကျန်သေးတယ်..”
အမေပြောနေသည်ကြားက အဖေ ကျွန်ပ်ကို ဂဏန်းတွေ ခေါ်ကျွေးနေပြန်သည်။

“ ရှင်ဘယ်လို့ဖြစ်နေတာလဲ...” အမေက အဖေကိုပြောရင်း “ သား သွားမစားရဘူးနော်...” ကျွန်ပ်ကိုပြောပြန်သည် ။

“ ငါ့သားကို ငါချစ်လို့ ကျွေးနေတာ မင်းကဘာဖြစ်နေတာလဲ...”

“ ဘာ...ရှင်က ကလေးကို ချစ်တယ်ဟုတ်လား...ပြောစမ်းပါအိုး..ရှင် ဘယ်လိုလုပ်ပြီး ချစ်တာလဲ..”

“ ဟား...ငါ့ကလေးဘဲ ငါချစ်တာပေါ့..”

“ အော်...ဟုတ်လား။ ဒါဆို ရှင်ကလေးကို တကယ်ချစ်တာပေါ့ ” အမေက မေးပြန်သည် ။

“ မင်းဘာတွေလာမေးနေတာလဲကွာ..”

“ ရှင် ကလေးကိုချစ်တယ်ဆိုရင် ကလေးနဲ့ ကျွန်မကို ဘာဖြစ်လို့ ရှစ်လလောက်တောင် ပြစ်ထားခဲ့ရတာလဲ..
နောက်ပြီး ကလေးအနာဂတ် မလှမဲ့ ရှင့်ရဲ့ မုဆိုးအလုပ်ကို ဘာကြောင့် ဆက်ပြီးလုပ်နေရတာလဲ..ရှင် ကျွန်မကို ရှင်းပြစမ်းပါဦး..ရှင် တကယ်လို့ ကလေးကိုချစ်တယ်ဆိုရင်ကို ကျေးဇူးပြုပြီး ကျွန်မ တစ်ခုလောက်တောင်းဆိုပါရစေ။
ရှင်အခု လုပ်နေတဲ့ မုဆိုးအလုပ်ဟာ သမ္မာအာဇီဝမကျတဲ့ လမ်းစဉ်တစ်ခုမဟုတ်ဘူး။ ငရဲကိုသွားမဲ့ နည်းလမ်းတစ်ခုသာဖြစ်တယ်။ နောက်ပြီး ကလေးကို လူတစ်ယောက်ယောက်က မင်းအဖေက မင်းကိုဘာတွေ လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုသလဲလို့ မေးလာရင် ကလေးက ကျွန်ပ်အဖေက မုဆိုးပါ  ။ တောထဲမှာ သားရဲတရိဆ္တန်တွေကို သတ်ပြီး ကျွန်ပ်ကို လုပ်ကျွေးတာပါလို့ ဖြေရင် ရှင်ဘယ်လိုလုပ်မလဲ။  ရှင့်ကြောင့် ကျွန်မကလေး လူဘုံအလယ်မှာ မျက်နာငယ်ရလေမယ် ။ ရှင် ကလေးအတွက် ဒါတွေကို ထည့်ပြီးစဉ်းစားပေရဲ့လား။ ဒါကြောင့် အဲဒီ မုဆိုးအလုပ်ကို ရှင် ရှေ့ဆက်ပြီးလုံးဝ မလုပ်ပါနင့်တော့  ” အမေတစ်ယောက် မရပ်မနားဘဲ တတော့တော့ပြောပြီး ပေါက်ကွဲနေတော့သည်။

“ တော်စမ်းပါကွာ... ငါ့ရဲ့အလုပ်ကို မင်းပုံကြီးချက်ပြီး ပြောမနေစမ်းပါနဲ့ ငါ ကလေးကို ချစ်တာက ချစ်တာဘဲ ။ မုဆိုးတစ်ယောက်က ကိုယ့်ကလေးကို ကိုယ့်မချစ်ရတော့ဘူးလား ။ ဘာလဲကွာ..မင်းက ငါ မုဆိုးလုပ်နေတာကို ရှက်နေတာလား ။ မင်း ရှက်တယ်ဆိုရင် ငါကွာရှင်းပေးလိုရတယ်။ ဒါပေမဲ့ ငါ့ကလေးကိုတော့ မင်းကိုမပေးနိုင်ဘူး..ဒါဘဲ..” ပြဿနာ စနေလေပြီ။ 
                                      
    အဖေနဲ့အမေ ရန်တွေဖြစ်ကာ ကျွန်ပ်ကို သူပိုင်သည် ငါပိုင်သည်ဟု လုနေကြရင်း ကျွန်ပ်ကို ပိုက်ထားတဲ့အမေ့ကို အဖေဒေါသကြီးစွာဖြင့် သေနတ်တစ်လက်ယူပြီး ပြစ်လေတော့သည်။ 

“  ဒိုင်း.....” သေနတ်ကျည်ဆံက အမေဆီမရောက်ဘဲ မိုးပေါ်သို့ တတ်သွားလေသည် ။
အဖေရဲ့ သေနတ်အထိပ်ပိုင်းကို လူတစ်ယောက်က ဝင်လာပြီး မိုးပေါ်သို့ ထောင်မလိုက်ခြင်းကြောင့်ဖြစ်သည်။ 

“ မင်းတို့ လင်မယား ရန်ဖြစ်နေကြတာ ပြဿနာမရှိပေမဲ့ အခုလို သေနတ်နဲ့ပြစ်တာတော့ လုံးဝမကောင်းဘူးကွာ ။ ငါသာ အချိန်မီ မရောက်လာလို့ကတော့  အခုဆို တစ်ယောက်ယောက်တော့သေနေလောက်ပြီ ” 
ကျွန်တော်တို့ရွာက သူကြီးပြောနေခြင်းဖြစ်သည်။

“ ဟုတ်ကဲ့ပါ သူကြီး ကျွန်တော်မှားပါတယ် ။ ဒါကြောင့် ကျွန်ပ်ကို ဒီရွာကနေ ထွက်သွားခွင့်ပြုပါ ။ ဒါပေမဲ့ သားလေးကိုတော့ ကျွန်တော်ကို ခေါ်သွားခွင့်ပြုပါ ” အဖေက သူကြီးကို တောင်းဆိုခြင်းဖြစ်သည်။

သူကြီးက ကလေးကို သူ့အမေဆီမှာသာ ထားခဲ့ပါ ။ ကလေးက အမေနဲ့နေတာ ပိုပြီး သင့်တော်ပါတယ် ။ ဘာရယ် ညာရယ်ပေါ့ ။ နောက်ဆုံးတော့ အဖေသည် အမေနဲ့ ကျွန်ပ်ကို အပြီးပိုင် ထားခဲ့ပြီး ရွာကထွက်သွားလေတော့သည်။ ဒီအကြောင်းတွေကို အဘွား ခဏခဏပြောပြ၍ ကျွန်တော်သိရခြင်းဖြစ်သည်။ အမေကတော့ အဖေ့ကိုစိတ်နာတဲ့အပြင် ကျွန်ပ်ကိုပါ သူမကြိုက်တဲ့ အရာတွေကို စည်းကမ်းတကျ လိုက်နာဖို့ ပြောပြီး 
၁. သူတပါး၏ အသက်ကို မသတ်ရ
၂. သူတပါး၏ ဥစ္စာကို မခိုးရ
၃.  သူတပါး၏ သားမယားကို အပြစ်မမှားရ
၎.  သူတပါးကို လိမ်ညာပြီး စကားမပြောရ
၅.  အရက်သေစာ မသောက်စားရ ။
နောက်ပြီး ဘုရား တရား သံဃာ မိဘ ဆရာသမားများကို အာရုံပြု ကန်တော့ပြီးမှာ အိပ်ရာဝင်ပါဟု အမြဲတမ်း မှာကြားလေသည် ။ 

ကျွန်တော် အဖေမရှိတဲ့အနောက်ပိုင်း အမေကိုပင်  အဖေနဲ့အမေနှစ်ယောက်ပေါင်းကာ အားကိုးပြီး ချစ်နေရတော့သည် ။ အမေသည် အဖေလုပ်ရမဲ့ အလုပ်တွေကိုပါ တစ်ယောက်တည်း ရုန်းကန်လုပ်ရှားနေရသည်ကို ကျွန်တော်ကြည့်ပြီး စိတ်မကောင်းခဲ့ပေ ။ ဒါကြောင့် အမေ့ရဲ့အလုပ်တွေကို ကျွန်တော် ငါးနှစ်းသားအရွယ်လောက်ကပင် ကောင်းစွာကူညီတတ်နေလေပြီ ။ အမေ့ကိုအကူလုပ်ပေးရင်း ပင်ပန်းလာတဲ့အခါမျိုးမှာ အဖေကို ကျွန်တော် စိတ်နာသလိုလို မုန်းသလိုလို ဖြစ်ပြီး မေ့ပြစ်ဖို့ကြိုးစားခဲ့သည် ။ နောက် ကျောင်းနေရတဲ့ အရွယ်ရောက်တော့ မိဘနှစ်ပါးပြည့်စုံနေတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး ကျွန်တော် အဖေကို ပြန်လယ်တမ်းတလာပြန်သည် ။ အဖေတစ်ယောက် ဘယ်နေရာများရောက်နေပါလဲ ။ အဖေ့ကို  ကျွန်ပ် လွမ်းသလို့မျိုး အဖေလည်း ကျွန်ပ်ကို လွမ်းနေပါမလား ။ အခုချိန် ကျွန်ပ်ရင်ခွင့်ထဲကို အဖေပြန်ရောက်လာရင်သိပ်ကောင်းမှာဘဲ ။ အဖေကို ရင်မောစွာ မျှော်မှန်းတမ်းတနေပေမဲ့  ကျွန်တော်သာ ဆဌမ အတန်းရောက်တော့သည် အဖေပြန်ရောက်မလာပါ ။ ဒီလိုသာ သွေးအေးပြီးစောင့်နေလိုကတော့ အဖေကို ဒီတစ်သက် တွေ့ရမှာ မဟုတ်ဘူး ငါ အဖေ့ကိုတွေ့အောင် လိုက်ရှာမည်ဟု သန္နိဌာန်ကျပြီး လိုက်ရှာလေသည်။ ဒါပေမဲ့ အမေကို သိစေလို့ မဖြစ် ။  နောက်သုံးလေးနှစ်လောက်ရောက်တော့ အဖေရဲ့ သတင်းကို သူငယ်ချင်းတစ်ယောက်ရဲ့အကူညီကြောင်း သိခဲ့ရလေသည် ။ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်ရောက်တော့ ကျွန်ပ်သူငယ်ချင်းနှင့်အတူ အဖေနေတဲ့ အိမ်လေးဆီသို့ သွားလေသည် ။ 

“ မင်္ဂလာပါ ခင်ဗျား ။ ဒီအိမ်က ဦးသန်းမြင့် ရဲ့ အိမ်ဟုတ်ပါသလား ခင်ဗျား ” အိမ်အရှေ့ဘက် မြေကွက်အလွတ်တစ်ခုတွင် ကုလားထိုင်တစ်လုံးပေါ် ထိုင်နေသော လူကြီးတစ်ယောက်ကို ကျွန်တော် ဝင်မေးလိုက်ခြင်းဖြစ်ပြီး ကျွန်ပ်ရဲ့ စိတ်ထဲတွင် ဒီလူကြီးဟာ အဖေများဖြစ်နေမလား ။ 

“ ဟုတ်ကဲ့... ဒီအိမ်ဟာ ဦးသန်းမြင့်ရဲ့ အိမ်ပါကွယ် ။ သားတို့ကို ဘာကိစ္စရှိလို့လဲ... ”   ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေရမည်ဟု မသိဘဲ ခဏလေး ညိမ်သက်စွာတွေဝေနေပြီး

“ ကျွန်တော် အဖေဦးသန်းမြင့်နဲ့ တွေ့ချင်လို့ပါခင်ဗျား ။ ဦးလေးက ဘယ်သူလည်း ကျွန်ပ်အဖေ ဦးသန်းမြင့်လား ” 

“ သားက မူမူစန်းရဲ့ သားလား... လာ လာ အိမ်ပေါ်တတ်ရအောင် ” ဦးလေးက ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်ကို အိမ်ပေါ်သို့ ခေါ်သွားပြီး “ မိသိန်းရေ...ဒီကလေးနှစ်ယောက်အတွက် အအေးလေး ဖျော်ခဲ့စမ်းပါဦးကွယ်..” အန်တီတစ်ယောက်ကို ခေါ်ပြောလိုက်သည် ။ ကျွန်ပ်အထင်တော့ ဒီအန်တီဟာ အဖေရဲ့ နောက်အိမ်ထောင်များဖြစ်နေမလား ဟု တွေးမိလေသည် ။ ဒါပေမဲ့ အဖေက သူကိုယ်သူ ကျွန်ပ်ရဲ့ အဖေပါဟု လုံးဝ ဝန်မခံသေး ။

“ အဖေရယ် ကျေးဇူးပြုပြီး ကျွန်ပ်ကို အဖေလို့ ခေါ်ခွင့်ပြုပါလား ခင်ဗျား ” ကျွန်တော် ဆန္ဒစောစွာဖြင့် ပြောလိုက်လေရာ 

“ မင်းခေါ်ချင်လည်း ခေါ်ပေါ့ကွာ..ငါ မင်းကို ကိုယ်ချင်စာပါတယ်..” တဲ့ ။ အဖေရဲ့ စကားလုံးတွေဟာ နည်းနည်းလေးများ စိမ်းကားနေသလားဟု တွေးမိပေမဲ့ အဖေရင်ခွင်ကို အတင်းဝင်ဘက်ပြီး ကျွန်တော် ငိုလေတော့သည် ။ တစ်သက်တာ ကျွန်တော်အရမ်းတမ်းတနေသော အဖေကို အခုလို ဘက်လိုက်ရတော့ 
ကျွန်ပ်ရဲ့ ရင်ဘက်ထဲတွင် နွေးသလိုလို အေးသလိုလိုမျိုး ဖြစ်ခဲ့ရသည် ။

“ ဖေဖေ...ဖေဖေ..ဖေဖေရယ်... ကျွန်တော် ဖေဖေကိုအရမ်းချစ်တယ် ဖေဖေရယ် ”ဟု  ပြောပြီး ကျွန်တော် ဝမ်းသာအားရဖြစ် အဖေမျက်နာကို မော့ကြည့်လိုက်သည် ။ အဖေလည်း ကျွန်ပ်လို ငိုနေသည် ။ နောက်ပြီး ကျွန်ပ်ရဲ့သူငယ်ချင်းနဲ့ ကျွန်ပ်အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ အန်တီကြီးပါ ငိုနေတာ တွေ့လိုက်ရသည် ။

“ မငိုပါနဲ့တော့ ဖေဖေရယ်...ကျွန်တော်တို့ သားဘ အခုပြန်တွေ့နေရပြီဘဲ...မငိုနဲ့တော့နော်..” အဖေ့ရဲ့ ပါးပြင်ပေါ်က စီးဆင်းနေသော မျက်ရည်များကို ကျွန်တော် သုပ်ပေးရင် အဖေကိုပြောလိုက်ရာ

“ ဦးလေး စိတ်မကောင်းလိုက်တာ သားရယ်... ဦးလေးဟာ သားထင်နေတဲ့ သားရဲ့ အဖေ မဟုတ်ပါဘူးကွယ်..သားရဲ့ အဖေက ဒီလူ့လောကကြီးထဲမှာ မရှိတော့ဘူးကွဲ့....” အဖေကျွန်ပ်ကို လိမ်ပြီးများပြောနေသလား ဒါမှမဟုတ် ကျွန်တော်ပဲ နားများအကြားမှားလေသလားဟု ထင်ပြီး ထပ်မေးလိုက်သည် ။

“ ဘယ်လို...ဘယ်လို...ဘယ်လို...ပြောလိုက်တာလည်း ဖေဖေ...” 

“ သားရယ် ဦးလေးက သားရဲ့အဖေ မဟုတ်ပါဘူးကွယ်...သားရဲ့အဖေ ကိုသန်းမြင့်က လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ ဆိုးသွားတာ ။ မင်းအဖေလည်း မင်းကို အရမ်းချစ်တာ ။ မင်းအဖေ မင်းကျောင်းသွားကျောင်းပြန် အမြဲတမ်းဆိုသလို့ဘဲ မင်းနောက်က လိုက်ပြီးခိုးကြည့်နေရတာ ။ မင်းအဖေဖြစ်က သနားစရာပါကွာ သူ့သားလေးကို ချစ်လွန်းလို့ သူခမျှာ မုဆိုးအလုပ်လည်း မလုပ်တော့ဘူးကွာ ။ အရက်လည်းမသောက်တော့ဘူး နောက်ဆိုးကွာ မင်းအမေ မကြိုက်တဲ့အလုပ်တွေကို အခုမှမလုပ်တော့ဘူးကွာ ”  တဲ့ ။

ဩော်...ကျွန်တော် ဘယ်ဘဝက ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့်လည်းတော့ မသိ အဖေဆိုလို့ ခေါ်ခွင့် တွေ့ခွင်လေးတောင် မရလိုက်ပါလားဟု တွေးရင်း နောက်ဘဝ နောက်ခန္ဒာများ တကယ်ရခဲ့သည်ရှိသော် အဖေနှင့် အမေပြည့်စုံတဲ့ ဘဝမျိုး ဘုရားတပြည့်တော်ရရပါလို၏ဟု ဆုတောင်းရင်း ဘဝတပါးသို့ကူပြောင်းသွားခဲ့တဲ့အဖေလည်း ကောင်းရာသုဂတိ ဘုံဘဝသို့ရောက်ရပါစေသား အရှင်ဘုရား...။

ရန်ကျော် ( ထားဝယ် )

Saturday, February 22, 2014

အိမ်ပြန်နောက်ကျပြီ



                      ကိုအောင်ဖေ လို့ခေါ်တဲ့ ကျွန်တော်တို့ရွာက အကိုကြီးတစ်ယောက်ဟာ ရွာမှာအမေအိုးကြီးတစ်ယောက်တည်း ပြစ်ထားခဲ့ပြီး တိုင်းတပါးမှာ အလုပ်သွားလုပ်နေရှာတယ်ဗျ ။ 
ကိုအောင်ဖေရဲ့အမေဟာ အသက် ခြောက်ဆယ်ကျော်ခုနှစ်ဆယ်ဝန်းကျင်လောက် ရှိနေပြီဖြစ်၍  ကျွန်တော်တို့က အဘွားလို့ခေါ်ကြတာပေါ့ ဆရာရယ် ။ အဘွားနာမည်က ဒေါ်ချောစုတဲ့ဗျာ ။ အဘွားဒေါ်ချောစုဟာ နာမည်နဲ့လိုက်အောင် ချောတယ်ဆရာရေ့ ။ အဘွားငယ်ငယ်တုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ကျွန်ပ်ညီမလေးက ဘာမေးတယ်ထင်လဲ ဆရာ ။

“ အဘွားက ဒီဓါတ်ပုံထဲမှာ အရမ်းလှပြီး ဘာဖြစ်လို့အပြင်မှာ ရိုးစုကြီးဖြစ်နေရတာလဲ ကိုကို ” တဲ့ 

ကျွန်ပ်ညီမလေးက အခုမှကိုးနှစ်သမီးအရွယ်ပဲ့ ရှိသေးတော့ သုခမျှာ လူ့လောကအကြောင်းကိုကောင်းကောင်း ဘယ်နားလည်မလဲ ဆရာရယ် ။ အကိုဖြစ်တဲ့ ကျွန်တော်ကပဲ့ ညီမလေး နားလယ်သဘောပေါက်အောင် အသေးစေ့ရှင်းပြရတာပေါ့ဆရာရယ် ။ 

“ အော်.. ဒီလိုလား ။ ဒါဆို ညီမလေးလဲ နောက်ထပ် အနှစ်ခြောက်ဆယ်လောက်ဆို အဘွားချောစုလို ရိုးစုကြီးဖြစ်ပြီပေါ့နော် ” တဲ့ ။ 

ညီမလေး ပြောလည်းပြောချင်စရာဘဲ ဆရာရယ် အဘွားက အာဟာရ ကောင်းကောင်းလည်း မစားရတော့ အရိုးပေါ်အရေဖိုးပြီး ပိန်လိန်နေတာပဲ့ ဆရာရယ် ။ ကျွန်တော်တို့လည်း ကျောင်းက တစ်ဖက်နဲ့ဆိုတော့ တတ်နိုင်သမျှအချိန်လေးမှာတော့ အဘွားဆီ သွားပြီး ပြုစုပေးရတာပေါ့ ဆရာရယ် ။ ကျောင်းပိတ်ရက်ဆိုရင်တော့ ကြူရှင်သွားပြီးအပြန် ကျွန်တော်တို့ မောင်နှမနှစ်ယောက် အဘွား
ချောစုရဲ့ အိမ်ကိုသွားပြီး  ကျောင်းစာတွေလုပ်ကြတာပေါ့ ။ တစ်ခါတလေ အဘွားက ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကိုကြည့်ပြီး မျက်ရည်ဝဲကာ ပြောနေလိုက်တာ ရင်ထုနာဖြစ်မိပါတယ် ဆရာရယ် ။

“ အဘွားရဲ့သား မောင်အောင်ဖေ တစ်ယောက် အိမ်ကထွက်သွားတာ အခုဆို လေးငါးနှစ်လောက်ရှိနေပြီ   ။အမေ့သားလေး အောင်ဖေ မင်းဘယ်ရောက်လို့ဘယ်ပေါက်နေပါလိမ်း ။ သုခမျှာ မိဘကို လုပ်ကြွေးမလို့ ပြည့်ပကိုထွက်ပြီး ပိုင်ဆံသွားရှာတာ အဆင်မှပြေပါရဲ့လား ၊ နေလို့မှကောင်းရဲ့လား ၊ အစားအသောက်များ မှအဆင်ပြေရဲ့လား မသိ ။ အမေ့သားလေး အောင်ဖေတစ်ယောက် ရောက်လေရာအရပ်ဒေသမှာ သူတော်ကောင်းသူမြတ်လောင်းတွေနဲ့ တွေ့ရပါစေ ၊ အသံကြား သနားပါစေ ၊ မျက်နာမြင် ချစ်ခင်ကြပါစေ ” ဟု အမြဲတမ်းဆုတောင်းပေးနေရှာတယ် ဆရာရေ့ ။

       ကျွန်တော်တို့ရွာက လူငယ်တွေ ကိုအောင်ဖေလိုပဲ ပြည့်ပကိုထွက်ပြီး အလုပ်သွားလုပ်နေကြတာ မနည်းပါဘူး ဆရာရယ် ။ တနေ့တစ်နေ့မှာ ပို့လိုက်တဲ့ ပိုက်ဆံတွေ အိမ်တိုင်းလိုလိုရောက်နေတာ  ဆရာရေ့ ။ ကျွန်တော်တို့အိမ်မှာလည်း အကိုကြီး ဝင်းလှိုင်တစ်ယောက် ထိုင်းမှာ အလုပ်သွားလုပ်ပြီး ပို့လိုက်တဲ့ ပိုက်ဆံတွေ လတိုင်းလိုလိုပါဘဲ ဆရာရယ် ။ ကျွန်တော်တောင် အကိုကြီးကို အားကျပြီး ကျောင်းပိတ်ရင် သူနောက်လိုက်မလို့ လုပ်နေတာ ။ ဒါပေမဲ့ ကိုအောက်ဖေ တစ်ယောက် ရွာကထွက်သွားတာ လေးနှစ်သာကျော်နေပြီး ပိုက်ဆံပို့ပေးဖို့နေနေသာသာ ဖုန်းတောင်ယောင်ပြီး တစ်ခါမှာ မခေါ်ဘူး ဆရာရေ့ ။ အဘွားရဲ့ စားဝတ်နေရေးကိုတော့ ကျွန်ပ်အမေကပဲ့ တတ်နိုင်သလောက် တာဝန်ယူပြီပြုစုပေးနေတာ အခုဆိုကြာပေါ့ ဆရာရယ် ။ ဒါပေမဲ့ အဘွားချောစုကတော့ ညိမ်ညိမ်မနေ အိမ်နဲ့ နှစ်မိုင်လောက်ဝေးတဲ့ သူ့ရဲ့ ဥယျာဉ်ခြံထဲကို တစ်ယောက်တည်း တောင်ဝှေ့တစ်ချောင်းကိုင်ကာ ကိုးကွကိုးကွနဲ့ ဝင်သွားပြီး တွေ့သမျှ ကင်းမွန်းချည်ရွက် ၊ တညှင်ရွက် ၊ ဟင်းချိုရွက်များကို ခူးပြီး ရွာထဲမှာလိုက်ရောင်းနေတာပေါ့ ဆရာရယ် ။ ကျွန်တော်တို့တစ်ရွာလုံးကလည်း အဘွားချောစုကို သနားတယ်ဆိုတော့  တွေ့သမျှလူတွေက အဘွားရဲ့ ဟင်းရွက်များကို ဝယ်ကြတာပေါ့ ဆရာရယ် ။ အဘွားက သူရောင်းလို့ရလာတဲ့ ပိုက်ဆံတွေထဲက ကျွန်တော်တို့ မောင်နှမနှစ်ယောက်အတွက်  မုန့်တွေ အမြဲဝယ်လာကြွေးပါတယ် ဆရာရယ် ။ ကျွန်တော်ဖြစ် အဘွားတစ်နေကုန် ပင်ပန်းခံပြီး ရှာလို့ရလာတဲ့ ပိုက်ဆံနဲ့ဝယ်ကြွေးတဲ့ မုန့်ကို 

“ ကျွန်တော် မစားပါရစေနဲ့ အဘွားရယ် ” လို့ အမြဲပြောပါတယ် ။ တကယ်လည်း ကျွန်တော် မစားခဲ့ပါဘူးဗျာ ဒါပေမဲ့ ကျွန်ပ်ရဲ့ ညီမလေးကတော့ အဘွားကြွေးတဲ့ မုန့်တွေကို စားနေလိုက်တာ ဇူဇကာ ပုဏ္ဏားကြီးကျနေတာဘဲ ဆရာရယ် ။ နောက်ပြီး သူကများ ကျွန်ပ်ကို ပြောလိုက်သေးတယ် ။

“ အကိုက အဘွားရဲ့ စေတနာကို နားမလည်ဘူး ၊ လူကြီးက စေတနာနဲ့ကြွေးရင် စားမှပေါ့ အကိုရယ် ၊ ညီမလေးကတော့ အဘွားရဲ့စေတနာကို နားလည်တယ် ဒါကြောင့်လည်း ဒီမုန့်တွေကို မကုန်ကုန်အောင် စားနေရတာပေါ့ ” တဲ့ ။

ညီမလေးကလည်း ကျွန်ပ်လိုပဲ အရွယ်နဲ့မလိုက်အောင် စကားပြောသိပ်ကောင်းတာ ဆရာရေ့ ။
ဒါနဲ့စကားမစပ် ကျွန်ပ်မှာ ညီအစ်ကိုမောင်နှမ သုံးယောက်ရှိတယ် ။ အကိုကြီး ဝင်းလှိုင်ကတော့ ကျောင်းပြီးလို့ ယိုးဒယားထွက်ပြီး အလုပ်သွားလုပ်နေပြီ ကျွန်တော်ကတော့ အခု ဆယ်တန်းတတ်နေတယ် ။ ကျွန်ပ်ညီမလေးကတော့ တတိယတန်း တတ်နေပါတယ် ။ နောက်ပြီး ကျွန်ပ်တို့မောင်နှမသုံးယောက်ဟာ အသက်တွေ တော်တော်လေး ကွာကြတယ် ဆရာရေ့ ။ 
ညီမလေးက ကိုးနှစ် ကျွန်တော်က တစ်ဆယ်နဲ့ရှစ်နှစ်  အကိုဝင်းလှိုင်ကတော့ နှစ်ဆယ်နဲ့ခုနှစ် နှစ်ပါဆရာရယ်  ။ ကျွန်ပ်အကို ဝင်းလှိုင်နဲ့ အဘွားချောစုရဲ့သား ကိုအောင်ဖေ တို့နဲ့ဆို အသက်အရွယ်တူ လောက်ရှိမှာပေါ့ ဆရာရယ် ။ အသက်နှစ်ဆယ်ကျော် သုံးဆယ်ရောက်နေပြီး မိခင်ကြီးအပေါ် အလိုက်မသိတဲ့ ကိုအောင်ဖေ ရဲ့အကြောင်းကို ကျွန်တော်မပြောချင်ပေမဲ့ ဆရာတို့သိအောင်လို့သာ ပြောပြနေရတာပါဆရာရယ် ။ နောက်ပြီး အဘွားဟာ အသက်အရွယ်လည်း ရလာပြီဆိုတော့ ကျမ္မာရေးက အမြဲတမ်းလိုလို ချူချာနေတာ ။ တစ်ခါတစ်လေ အိမ်မှာ တစ်ယောက်တည်းမူးလဲနေတာ ဘယ်သူမှမသိလိုက်ဘူးဆရာရယ် ကျွန်ပ်ဖြင့် အဘွားပြန်ပြောပြလို့သာ သိလိုက်ရတာ ။ အဘွားချောစု နေမကောင်းဖြစ်တိုင်း ကျွန်ပ်အမေက ကျွန်ပ်တို့နဲ့အတူ အိမ်မှလိုက်နေဖို့ အမြဲတမ်းခေါ်ပါသေးတယ်။ အဘွားက အသက်ကြီးပြီဆိုပေမဲ့ စွဲလန်းက သိပ်ကြီးတာ။ သူ့ရဲ့ဟောင်းနွမ်းနေတဲ့ အိမ်လေးကို လူမရှိဘဲ ဒီအတိုင်းမပြစ်ထားချင်ဘူးတဲ့ ဆရာရယ် ။ အမေလည်း အဘွားကို ဘယ်လိုမှ ပြောမရတဲ့ အနောက်ပိုင်း ဒီလိုပဲ ဝေးကနေကြည့်ရှုနေရတာပေါ့ ဆရာရယ် ။ 
                  နောက်သင်္ကြန်ကျမဲ့အရက်လည်းနည်းလာရော ကျွန်ပ်အကို ဝင်းလှိုင် ယိုးဒယားက ပြန်လာတယ်ဆရာရေ့ ။ အကိုက အသားရေတွေပိုဖြူပြီး လှလို့ဝလို့ပါဗျာ ။ နောက်ပြီး ကျွန်တော်နဲ့ ညီမလေးအတွက် အင်္ကျီနဲ့ ဘောင်းဘီတွေ ဝယ်လာပေးတာ အများကြီးဘဲ ဆရာရေ့ ။ ညီမလေးဖြစ်ပျော်လွန်းလို့ ခုန်ဆွခုန်ဆွနဲ့ ကနေလိုက်တာ မျောက်ကြီးကျနေတာဘဲ ။ မနက်ဖြန်ရောက်တော့ အကိုဝင်းလှိုင်ကို အဘွားချောစုရဲ့အကြောင်းပြောပြရင် ကျွန်တော် ကိုအောင်ဖေ ရဲ့ သတင်းမေးဖြစ်လိုက်တယ် ။ 

“ အကို ယိုးဒယားမှာ ကိုအောင်ဖေကို မတွေ့ဘူးလား ” 

“ တွေ့တာပေါ့ ငါ့ညီရရာ ဒါပေမဲ့ ဒီကောင်က အကိုနဲ့ အတွေ့မခံဘူး ။ အကို့ကိုမြင်ရင် သူအမြဲရှောင်ရှောင်ပြီး သွားလိုက်တာ ” အကိုက ကျွန်ပ်ကို စိတ်ရှည်စွာနဲ့ ပြောပြနေတယ် ။

“ ဘာဖြင့်လို့အတွေ့မခံတာလည်း အကို ” 

“ အခုဒီကောင်က အာစီယံသမားဖြစ်နေပြီလေ ”

“  အာစီယံဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နည်းချင်းနိုင်ငံတွေဖြစ်တဲ့ အာရှ ဆယ်နိုင်ငံကိုပြောတာမဟုတ်ဘူးလား အကို ။ ကိုအောင်ဖေက အာရှရဲ့ အာဏာရှင်တစ်ယောက်လား ။ ဒါမှမဟုတ် ကုပ္ပဏီ စာရေးတစ်ယောက်လားအကို ” 

“ မင်းပြောတာ တစ်ခုမှ မဟုတ်ဘူး ။ အာစီယံဆိုတာ သူ့တို့ယိုးဒယားမှာ တရားမဝင်ရောင်းနေတဲ့ သစ်ရွက်တွေကို ပြုတ်ပြီး ပင်ဆီတိုင်လို့ခေါ်တဲ့ ချောင်းဆိုးဆေးတွေထည့်တယ် ခြင်ဆေးခွေတွေထည့်တယ် တဲ့ အကိုလည်းသိပ်ပြီးမသိပါဘူးကွာ သူတို့ပြောတာတော့ ဆယ်မျိုးရှိတယ်တဲ့ ဒါကြောင်းလည်း အဲဒီဆယ်မျိုးကိုပေါင်းပြီး အတိုကောက် အာစီယံ လို့ခေါ်ကြတာပေါ့ကွာ  နောက်ပြီး အဒီအရည်တွေကို  ကော်ဖီးနဲ့ရောသောက်တာရတာ ၊ အဲဒီလို နေ့တိုင်းသောက်နေမှာတော့ လစာ ဘယ်ကျန်တော့ မလဲ ၊ နောက်ပြီး အဲဒီအရွက်တွေက ဈေးအရမ်းကြီးတာ ” 

“ အဲဒီလိုသောက်တော့ ဘာဖြစ်လဲ အကို ” 

“ ဘာဖြစ်မလဲကွာ ..မူးတာပေါ့ ” 

“ မူးတော့ဘာဖြစ်လဲအကို ” 

“ မူးတယ်ဆိုမှတော့ မကောင်းဘူးပေါ့ ” 

“ ဘာဖြစ်လို့ မကောင်းတာလဲ အကို ”

“ ဘယ်ကောင်းတော့မလဲကွာ  ... အာစီယံလို့ခေါ်တဲ့ အရည်တွေသောက်ပြီး မူးနေမှတော့ ဘုရား တရား တွေလည်းမေ့ မိဘဆရာသမားတွေကိုလည်းမေ့ ကောင်းမှုကုသိုလ်လည်း မလုပ်နိုင် တစ်ခါတစ်လေ အရွက်ဝယ်လို့မရဘဲ အခတ်အခဲတွေရှိရင် အာစီယံမသောက်ရတော့ဘူး ။ အဲလို့မျိုး မသောက်ရတဲ့ နေ့တွေဆို ဒီလူတွေ ရင်းတယ်ဆိုပြီး အလုပ်မဆင်းနိုင်ကြဘူးလေ  ။ အလုပ်ဆင်းမနိုင်မှတော့ အလုပ်ပိုင်ရှင် သူဌေးတွေက သူတို့ကို အလုပ်က ထုပ်ကြတာပေါ့ ငါ့ညီရာ ” အကိုရှင်းပြမှပဲ သူငယ်ချင်းတွေပြောပြောနေတဲ့ အာစီယံဆိုတာ ဘာရယ်လို့သိရတော့ ဆရာရေ့ ။

 ဒီလူတွေ သူများနိုင်ငံမှာ အလုပ်မရှိဘဲ ဘယ်လိုလုပ်ပြီး ထမင်းစားနေကြပါလိမ်းဟု ကျွန်တော်တွေးမိပါတယ် ဆရာရယ် ဒါပေမဲ့ အကို့ကိုတော့ ထပ်မမေးတော့ပါ ။ 
နောက်ထပ် ခဏလေးကြာတော့ အမေတစ်ယောက် အဘွားချောစုရဲ့ အိမ်ဘက်ကနေ ကဗျာကရာ ပြေးလာပြီး အိမ်ကဖုန်းနဲ့ ဆရာဝန်ကို ဖုန်းဆက်ပြီး ခေါ်နေတာ ကြားလိုက်ရတယ် ။ 

“ အခုပြောနေတာ ဆရာဝန် ဦးသန်းနိုင် ဟုတ်ပါသလား ၊ ကျွန်မ မစန္ဒာပါ အခု အဘွားဒေါ်ချောစု အသည်းသန်ဖြစ်နေလို့ ကျေးဇူးပြုပြီး မြန်မြန်လေးလာပေးပါရှင့် ” 

အမေဆရာဝန်နဲ့ ဖုန်းပြောပြီး အဘွားချောစုရဲ့အိမ်ကို ပြန်ပြေးသွားတယ် ။ ကျွန်တော်လည်း အမေ့နောက်ကို အကိုဝင်းလှိုင်ကိုခေါ်ပြီး ပြေးလိုက်တာပေါ့ ဆရာရယ် ။ ဟိုရောက်လို့ ကျွန်တော် အဘွားဆီဝင်ပြေးပြီး သွားကြည့်တော့ အခြေနေက သိပ်မကောင်း ။ အဘွားက ကျွန်ပ်ရဲ့လက်ကိုကိုင်ပြီး ပါးစပ်က တတော့တော့နဲ့ ပြောနေလိုက်တာ ဆရာရယ် ။ 

“ အဘွားရဲ့သားလေး မောင်အောင်ဖေကို အဘွားမျက်စိမမှိန့်ခင် အဘွားဆီပြန်ရောက်အောင်ခေါ်ပေးကြပါကွယ် ” 

အဘွားချောစုရဲ့ အဖြစ်ကို ကြည့်ပြီး ကျွန်တော်တို့မိသားတစ်စု ငိုမိပါတယ် ဆရာရယ် ။ 
အကိုဝင်းလှိုင်လည်း အဘွားရဲ့အဖြစ်ကို မကြည့်ရက်လို့ ယိုးဒယားကသူငယ်ချင်းတစ်ယောက်ကို အကူညီတောင်းပြီး ကိုအောင်ဖေနဲ့ ဖုန်းပြောဖြစ်တယ် ။

“ ဟေလို့ ... အောင်ဖေလား ငါဝင်းလှိုင်လေကွာ.. အခု မင်းအမေ ကျမ္မာရေးအခြေနေ သိပ်မကောင်းဘူးကွ ၊ နောက်ပြီး မင်းအမေကမင်းကို မဖြင့်ဖြစ်အောင်ပြန်လာပါတဲ့ ။ မင်းပြန်လာခဲ့ စမ်းပါကွာ .. မင်းအမေ မင်းပြန်လာမှာကို စောင့်နေတယ် ဟေ့ရောင်ရေ့ ။ အခုဆို မင်းအမေ စကားပြောတာ သိပ်မပီတော့ဘူး ။ မင်းအမေ အသက်မှီအောင် မြန်မြန်ပြန်လာစမ်းပါကွ... ” 

အကိုက ဖုန်းကိုခဏညိမ်ပြီး နားထောင်နေတယ် ။ ဟိုဘက်ဖုန်းက ကိုအောင်ဖေ ဘာပြန်ပြောနေလဲ တော့မသိ ။ 

“ အောင်ဖေရာ မင်းမှာအိမ်ပြန်လာဖို့ လမ်းစရိပ်လေးတောင် မရှိသေးဘူးလားကွာ ” နောက်ပြီ အကို ခဏလေးညိမ်သက်ပြီး နားထောင်နေပြန်ပြီတယ် ။ 

“ ဒါဆိုရင် မင်းဒီလိုလုပ်ကွာ .. ငါ့ အိမ်ကနေ့ ငွေလွဲပေးလိုက်မယ်၊ မင်း ငါပို့လိုက်တဲ့ငွေတွေနဲ့ဘဲ လမ်းစရိပ်လုပ်ပြီး  အိမ်ပြန်ခဲ့ပေါ့ကွာ” တဲ့ ။

အကိုဝင်းလှိုင်က သင်္ကြန်မှာ သုံးဖို့သူစုလာတဲ့ ပိုက်ဆံတွေအထဲက တစ်ချို့ကို ကိုအောင်ဖေအိမ်ပြန်လာဖို့အတွက် ထုပ်ပြီးပို့ပေးလိုက်ပါတယ် ဆရာရယ် ။
    
                    အဘွားကလည်း သူ့သားဘယ်ချိန်ပြန်ရောက်လာမလဲလို့ ကျွန်ပ်ကို ခဏခဏမေးနေတာ။ 
ကျွန်တော်လည်း အဘွားစိတ်ချမ်းသားအောင်

 “  မနက်ဖြန်ဆို ရောက်လာတော့မှာပါ အဘွားရယ် ” လို့ ပြောပြီးဖြေသိပ်နေရတယ် ဆရာရယ် ။ 
အဘွားကသူ့သား ကိုအောင်ဖေရဲ့ငယ်ငယ်က အကြောင်းကို အာလူးလျှာလူးနဲ့ပြောရင်း အမောဆို့လာတယ် ဆရာရေ့ ။ 
ကျွန်တော်လည်း သိနားလည်သလောက်နဲ့ အဘွားကို သတိပေးရတာပေါ့ ။ 

 “  အဘွားမောနေပြီ စကားသိပ်မပြောနဲ့တော့  အဘွားစိတ်အေးအေးထားပြီး ဘုရား၊ တရား ၊ သံဃာ ရာတနာသုံးပါးကိုသာ အာရုဏ်ပြုပြီးနေပါ အဘွားရယ် ” ဟု ပြောလိုက်တော့ အဘွားက ကျွန်ပ်လက်ကိုကိုင်ပြီး ညိမ်သက်စွာဖြင့် လူ့လောကကြီးထဲကနေ ဘဝတစ်ပါးကို အပြီးပိုင်ထွက်ခွာသွားလေတော့တာပဲ ဆရာရယ် ။ ကျွန်တော်တို့ရွာက လူကြီးလူငယ်တွေအားလုံး ရောက်လာကြပြီး အဘွားရဲ့ အသုဘ ဝေယဝစ္စတွေကို တက်ညီလက်ညီနဲ့ လာလုပ်ပေးကြပါတယ်ဆရာရယ်။
ဒါပေမဲ့ အဘွားရဲ့ အသုဘ ကိုလာကြတဲ့လူတိုင်းကတော့ ကျွန်ပ်ကိုမေးကြတာပေါ့ဆရာရယ် ။

“ မောင်အောင်ဖေတစ်ယောက်ဘယ်မှာလဲ ၊ အမေတစ်ယောက်ဆုံးတာတောင် ဒီကောင် အိမ်ပြန်မလာဘူးလား ” တဲ့ ။

“ ကျွန်တော်ရောက်ပါပြီဗျာ..ကျွန်တော်ရောက်ပါပြီ...” ဟုပြောပြီး လူတစ်ယောက် အိမ်ပေါ်သို့ ငိုယိုပြီး တတ်ပြောလာတယ် ဆရာရေ့ ။ ကျွန်တော် ကိုအောင်ဖေလို့တော့ ထင်တာပဲ ဒါပေမဲ့ အရင်ကျွန်တော်တွေ့တဲ့ ကိုအောင်ဖေ နဲ့လုံးဝမတူ ။ ဆံပင်တွေကလည်း ရှည်ကြီး တစ်ကိုယ်လုံးလည်း  ဆေးမင်ကြောင်ထိုးကွင်းတွေထိုးထားလိုက်သေးတယ် ဆရာရေ့ ။ နောက်ပြီး ဟိုအရင်အိမ်မှာနေတုန်းကလို
သားရေးတွေက စိုစိုပြေပြေမရှိ ။ ကိုအောင်ဖေကိုကြည့်ပြီး ကျွန်ပ် ညီမလေးက ဘာမေးတယ်ထင်လဲ ဆရာ ။

“ အဲဒီလူကြီး မီးလောင်ပြီး ပြန်လာတာလား အကို ” တဲ့ ။

ကိုအောင်ဖေတော့ အိမ်ကိုပြန်ရောက်လာပြီးဗျ ဒါပေမဲ့ အဘွားချောစုရဲ့ အသက်ကိုတော့ အမှီလိုက်ဘူးလေ ။ ကိုအောင်ဖေတစ်ယောက် နောက်ကျမှာရောက်လာပြီး သူ့အမေ အသုဘ အလောင်းနဘေးဝင်ထိုင်ပြီး

“ အမေရေ့ ဖြင့်မှဖြစ်ရလေ... အမေမျှော်နေတဲ့ ကျွန်တော်သားမိုက်အခု အမေဆီပြန်ရောက်နေပြီလေ...
အမေ ကျွန်ပ်ကို ခဏပြန်ထပြီးကြည့်ပါလားအမေရယ် ။ အမေပြန်ထပြီး ကျွန်ပ်ကို စကားတွေ ပြောပါလား မေရယ် .. အမေရယ် ကျွန်ပ်ကို ဒီလူ့လောကကြီးထဲမှာ တစ်ယောက်တည်း ထားခဲ့ဒါလားအမေရယ်.. ” တဲ့ ။

အောင်မလေး သူကများ ရာရာစစ  “ အမေရယ် ကျွန်ပ်ကို ဒီလူ့လောကကြီးထဲမှာ တစ်ယောက်တည်းထားခဲ့တာလား ” တဲ့ ။ အမေအိုကြီးကို နှစ်နှစ်လလချီပြီး သူပြစ်ထားခဲ့တာကိုတော့ မေ့နေပြီပေါ့ ။ ကျွန်တော်ဖြစ် ကိုအောင်ဖေ ငိုငိုပြီးပြောနေတာမနေနိုင်လွန်းလို့ ဝင်ပြီး 

“ အခုမှ လာပြီးငိုမနေစမ်းပါနဲ့ ကိုကိုအောင်ဖေရယ် ” ဟုပြောမိပါတယ် ဆရာရယ် ။

“ အကို မှားပါတယ် ငါ့ညီရယ် ... တကယ်လို့သာ ဒီလိုအဖြစ်ဆိုးနဲ့ အကိုကြုံတွေရမှန်း အစကသိရင် ဘယ်လောက်ကောင်းလေမလဲကွာ .. အခုတော့အကို အိမ်ပြန်နောက်ကျပြီ ငါ့ညီရယ်...အကိုဘဝမှာ  ဘယ်လိုမှ အစားထိုးလို့ မရတဲ့ မိခင်အမေကြီးတစ်ယောက်ဆုံးလေပြီကွယ် ” 

အကိုအောင်ဖေ တစ်ယောက်အခုလို သံဝေဂရတော့လည်း ကျွန်တော်သနားမိပါတယ် ဆရာရယ် ။ နောက်ခုနှစ်ရက်ပြည့်တော့ အဘွားချောစုအတွက် သံဃာတော်များကိုပင့်ကာ နေ့လယ်ဆွမ်းကြွေးပြီ တရားဓမ္မများနာကြားကာ ရေစက်ချ အမျှပေးဝေလိုက်ရပါတယ် ဆရာရယ် ။ 

“ ရောက်လေရာ ဘဝမှာ အဘွားဒေါ်ချောစုနှင့်အထပ်တူ သုံးဆယ်တစ်ဘုံ ကျင်လည်ကုန်သော လူ ၊နတ် ၊ ဗြမ္မာ သတ္တဝါအပေါင်းတို့ အမျှ ၊ အမျှ ၊ အမျှ ယူတော်မူကြပါ ကုန်လော...

သာဓု.....သာဓု.....သာဓု.....

အခုစာဖတ်နေတဲ့ စာပေချစ်ပရိတ်သတ်ကြီးလည်း အိမ်ကအမေအိုကြီးကို ကိုအောင်ဖေလို ပြစ်မထားကြပါနှင့် နော်....


ရန်ကျော် ( ထားဝယ် ) 

ဆက်လက်ကြိုးစားလျှက်




















Monday, February 17, 2014

အချစ်သူရဲကောင်း


             
             ကိုဇာနည်တစ်ယောက် သူတစ်ဖက်သက်ချစ်နေတဲ့ မယုယုဝါ အတွက်ရည်ရွယ်ပြီး သူကိုယ်တိုင်စိုက်ထားတဲ့ နှင်းဆီပင်မှ နှင်းဆီပန်းများကိုခူးကာ မယုယုဝါလာမဲ့ လမ်းလေးမှာ မျှော်လင့်ချက်ကြီးစွာနဲ့ ထိုင်စောင့်နေရှာသည် ။ ခဏလေးကြာတော့ မယုယုဝါ ရုံးကအပြန် ထမင်းခြိုက်လေး တစ်ခြိုက်ဆွဲကာ ဟိုးအဝေးမှ လာနေတာကိုမြင်နေရ၍ ကိုဇာနည် ရင်တွေတထိန့်ထိန့်ခုန်ပြီး ခြေလက်များ အေးစက်ကာ အတွေးတစ်ချက်ဝင်မိလေသည် ။

“ တကယ်လို့သာ ငါပေးတဲ့ပန်းကို သူယူမယ်ဆိုရင် ဒီနေ့အဖို့ ဒီကမ္ဘာပေါ်က လူသားတွေထဲမှာ 
ငါသည် ကံကောင်းဆုံးလူသားဖြစ်လိမ့်မည် ” တဲ့ ။

သူပေးတဲ့ ပန်းကို မယုယုဝါ မယူမှန်းသိလျှက်နဲ့ ကိုဇာနည် ဘာဖြစ်လို့လာပေးနေပါလိမ်း ။ ဆစ်တမ်းခြင်းမတူတဲ့ ကိုဇာနည် နှင့် မယုယုဝါ တို့ ဘဝကလည်း မိုးနဲ့မြေ  ။
ကိုဇာနည် ဘဝက ဆင်းရဲတယ်ဆိုတာ ပစ္စည်းဥစ္စာ ဂုဏ်ပကာသနတွေသက်သက်မဟုတ်သေးဘူး မိဘ ဆွေမျိုးတွေပါ ဆင်းရဲရှာတာ ဆရာရေ ။ ဒါပေမဲ့ သူက ရိုးသားပြီး ကြိုးစားတဲ့ လူငယ်တစ်ယောက်ဖြစ်တော့ လူတိုင်းကတော့ ခင်မင်ကြပါတယ် ။ မယုယုဝါ ကတော့ ပစ္စည်းဥစ္စာကလည်းချမ်းသာ ပညာတတ်ဘွဲ့ရလည်းဖြစ် လှတပတလည်းဖြစ်နေသေးတယ်ဆိုတော့ မာနကြီးတာပေါ့ ဆရာရယ် ။ သနားစရာကောင်းတာက ကိုဇာနည်းပါ သူကိုပြန်မချစ်နိုင်မှန်းသိလျှက် အတင်းကိုစွန့်စားနေတော့တာ။
ဒါနဲ့ မယုယုဝါ တဖြေးဖြေးနဲ့ ကိုဇာနည်ဘက်ကို တစ်လှမ်းခြင်းလျှောက်ကာ နီးကပ်လာလေပြီ ။ ကိုဇာနည် မျက်စိစုံမှိန့်ပြီး နှင်းဆီပန်းကိုကိုက်ကာ မယုယုဝါ ဘက်သို့ဦးတည်ပြီး လျှောက်သွားလေရာ နားထဲကို အရှိန်ပြင်းတဲ့ ဆိုင်ကယ်သံတစ်ခု တိုးဝှေ့ဝင်လာသည် ။ ကိုဇာနည် ကိုင်ကယ်တိုက်မိမှာ ကြောက်၍ မှိတ်ထားတဲ့မျက်လုံးကို ဖွင့်ပြီးကြည့်လိုက်တော့ သင်္ဘောသားအောင်အောင်က ကိုင်ကယ်နားပြီး မယုယုဝါကို ပန်းပေးနေတာတွေ့လိုက်ရသည် ။ ကိုဇာနည်ရဲ့ စွန့်စားခန်းဟာ သင်္ဘောသားအောင်အောင်ကြောင့်ပျက်စီးရလေပြီ ။ အခုလိုမြင်ကွင်းတစ်ခုကို ကြည့်ပြီး ကိုဇာနည်မှအပ ဘယ်သူများ ကိုယ်ချင်းစာ ခံစားပေးတတ်မှာလဲ ဆရာရယ် ။ ကိုအောင်အောင်ဆိုတဲ့ သင်္ဘောသာကလည်း မယုယုဝါကို ပန်းပေးရုံသက်သက်မဟုတ်သေးဘူး ဆိုင်ကယ်ပေါ်တင်ပြီး အိမ်ကိုပါလိုက်ပို့ပေးလိုက်သေးတယ် ဆရာရေ ။
မယုယုဝါရဲ့ အမေကလည်း ဆရာတို့သိတဲ့အတိုင်းဘဲ ငွေသိမ့်မက်တာ အခုလည်းကြည့်ပါလား အောင်အောင်ဆိုတဲ့ သင်္ဘောသားကို ပြုစုဧည့်ခံနေလိုက်ကြတာ သားအရင်းတစ်ယောက်ကျနေတာဘဲ ဆရာရေ ။ 
ဒီလောက် အခွင့်ရေးတွေပေးနေမှတော့ ကိုအောင်အောင်နှင့် မယုယုဝါတို့ အချစ်ဇာတ်လမ်း ဖြောက်ဖြူးသွားပြီပေါ့ ။ တနင်္ဂနွေနေ့ မယုယုဝါ ရုံးပိတ်ရက်ဆို ဘုရားသွားမယ် ရှော်ပင်သွားမယ်ဆိုပြီး  ကိုအောင်အောင် ဆိုင်ကယ်တစ်စီးနဲ့လာခေါ်သွားတာဘဲ ။ တစ်ခါတလေ သူငယ်ချင်းမွေးနေ့ ဘာနေ့ညာနေ့ဆိုပြီး ညဘက်ကြီးလာခေါ်သွားတာ ရှိသေးတယ်ဆရာရယ် ။ ကိုဇာနည်ကတော့ မယုယုဝါတို့ သမီးရည်းစားပျော်နေတာကိုကြည့်ပြီး မျက်ရည်ဝဲကာ

 “ မယုယုဝါ ပျော်နေတယ်ဆိုရင်ဘဲ  ငါကျေနပ်ပါတယ်ကွာ ..သူငါ့ကို ပြန်မချစ်လည်း ပြဿနာမရှိပါဘူး အဓိကက ငါသူကိုချစ်နေရဖို့ဘဲ...ဒါပေမဲ့ ငါကြောက်တာ တစ်ခုရှိတယ်ကွာ သူငါနဲ့ဝေးရာ 
ထွက်ပြေးသွားမှာ .. ”

ဘာထူးလည်း ဆရာရယ် အခုလည်းမယုယုဝါ သူများရင်ခွင်ကြားရောက်နေပြီဆိုမှာတော့ သူနဲ့ဝေးပြီးပေါ့ ။
ဘယ်လိုဘဲဖြစ်နေဖြစ်နေ မယုယုဝါ ဒီနေရာကနေ ထွက်မသွားရင် ကိုဇာနည်တစ်ယောက် ကျေနပ်နေမှာဘဲ ။
ကိုဇာနည်အဖြစ်ကိုကြည့်ပြီး သူငယ်ချင်းဖြစ်တဲ့ ကျွန်တော်တို့လည်း စိတ်မကောင်းကြဘူး ဆရာရယ် ။
တစ်နေ့တော့ ကိုအောင်အောင်တစ်ယောက် သင်္ဘောပြန်တတ်သွားတယ်လို့ သတင်းကြားပြီး မျက်နှာလုံးဝ ပြန်ပေါ်မလာတော့ဘူး ဆရာရေ ။ နောက်သုံးလေးလလည်းရောက်ရော မာနကြီးတဲ့ အလှပိုင်ရှင်မလေး မယုယုဝါတစ်ယောက် မျက်ရည်တစ်ဇမ်းဇမ်းနဲ့ ငိုယိုပြီး အိမ်ထဲမှအိမ်ပြင်မထွက်တော့ဘူး ဆရာရေ ။ မယုယုဝါ မျက်နှာကိုမမြင်ရရင် မနေနိုင်တဲ့ ကိုဇာနည်တစ်ယောက် နေမကျထိုင်မကျဖြစ်ပြီး မယုယုဝါတို့အိမ်ရှေ့က ခေါက်တုံ့ခေါက်ပြန်လျှောက်ရင် ခိုးချောင်းနေရှာတယ် ကိုယ့်ဆရာရယ် ။
နောက်ဆုံးတော့ ကိုဇာနည်တစ်ယောက်ကံဇာတာဘဲ တတ်လာတာလားမသိ မယုယုဝါရဲ့အမေ ဒေါ်ဝါဝါအေး ကိုယ်တိုင်အိမ်လာပြီး ဒီလိုလာပြောသွားတယ်တဲ့ ။

“ ငါ့သားဇာနည် မင်းအန်တီသမီး မယုယုဝါကို ချစ်နေတယ်ဆိုတာ ဟုတ်ပါသလားကွယ်... ” 

“ ဟုတ်...ဟုတ်..ပါတယ် အန်တီရယ်... ” 

“ ဒါဆို့ အန်တီသမီးကို လူကြီးမိဘစိုလင်စွာနဲ့ လာတောင်းရန်းပါလား သားရယ်... ” 

“ ကျွန်တော် မဖြစ်နိုင်ဘူးလို့ထင်တယ် အန်တီ ” 

“ ဘာဖြစ်လို့လည်း သားရယ်.. ” 

“ အန်တီသမီး ကျွန်ပ်ကို မချစ်နိုင်ဘူးလို့ထင်တယ် နောက်ပြီး သူ့ရည်းစား သင်္ဘောသား ကိုအောင်အောင်ကလည်း ရှိသေးတယ်မဟုတ်လား ”

“ အန်တီသမီး မောင်ဇာနည်ကို ချစ်ရှာပါတယ်ကွယ်...နောက်ပြီး မောင်အောင်အောင်ကလည်း သင်္ဘောမှောက်တာ သေလားရှင်လားတော့မသိ အခုဆို တစ်လကျော်နေပြီ အန်တီအထင်တော့ အောင်အောင်သေပြီထင်တာဘဲ ဇာနည်ရယ် ” 

“ ဟုတ်ပြီ.. ဒါဆိုကျွန်တော်နားလယ်ပြီအန်တီ ဒါပေမဲ့ အိန်တီ့ သမီးကိုလာတောင်းရန်းဖို့ လူကြီးမိဘတွေဆိုတာ ကျွန်ပ်မှာ မရှိတော့ပါဘူး အန်တီ...ဒါဘယ်လို့လုပ်မလဲ ”

“ ဒါလွယ်ပါတယ် ဇာနည်ရယ် .. ရပ်ကွက်လူကြီး နှစ်ယောက်သုံးယောက်လောက်ခေါ်ပြီး လာတောင်းပေါ့ ”

မနက်ဖြန်ရောက်တော့ ဒေါ်ဝါဝါအေးပြောတဲ့အတိုင်း ရပ်ကွက်ထဲက လူကြီးသုံးလေးယောက်နဲ့ ကန်တော့ပွဲတစ်ပွဲပြင်ကာ မိန်းမသွားတောင်းလေတော့သည် ။ ဟိုရောက်လို့ကြည့်လိုက်တော့  မယုယုဝါ မျက်နှာသိပ်မကောင်း သူ့ရည်စားကို လွမ်းလို့ ငိုထားတယ်ထင်ပါရဲ့  မျက်လုံးတွေ စူအစ်ပြီး မျက်နှာကဖေါင်းနေတာဘဲ ဆရာရေ ။
နောက်ပြီး ဒေါ်ဝါဝါအေးကလည်း လူကြီးတွေကိုပြောလိုက်သေးတယ် ။ နောက်လာမဲ့ ဗုဒ္ဓဟူးနေ့မှာ မင်္ဂလာဆောင်ပေးမယ်ဆိုလားဘဲ ။ ကိုဇာနည်တစ်ယောက် ပျော်လွန်းလို့ပြုံးနေလိုက်တာ သွားတွေကို ဖြည်းနေတာဘဲ ဆရာရယ် ။
အားလုံးပြောပြီးဆိုပြီးလို့လူကြီးတွေ အိမ်ကိုလည်းပြန်ရော

 “ ဇာနည် အန်တီ သားကိုပြောစရာရှိလို့ ခဏနေခဲ့အိုးနော် " တဲ့ 

အိမ်ထဲမှာ မယုယုဝါတို့ မိသားစုနဲ့ ကိုဇာနည်တစ်ယောက်သာ ကျန်တော့ 

“ ဟုတ်ကဲ့ အန်တီပြောပါ ” 

“ ဒီလိုပါကွယ် ... အခုအန်တီသမီးမှာ မောင်အောင်အောင်နဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေတယ် ... အဲဒါ ဇာနည် ဘာလိုသဘောရလဲ .. ” 

“ ဘယ်လိုမှာ သဘောမထားပါဘူးအန်တီ၊ မယုယုဝါ ကိုချစ်မှတော့ သူရင်သွေးလေးကိုလည်း ချစ်ရမှာပေါ့”

 ကိုဇာနည် မျက်နှာလုံးဝမပျက်ဘဲ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်တယ် ။သုခမျှ မယုယုဝါကို ရမယ်ဆိုရင် အသေရရ အရှင်ရရ ကျေနပ်မဲ့သူလေ ဆရာ ။ 
နောက်ပြီး ကိုဇာနည်တစ်ယောက် မပေါ့မပါးဖြစ်နေတဲ့ သူ့ဇနီးလောင်းလေး ချိုးဖို့အတွက် ရေတွေကို ကိုင်တိုင်ခပ်ပေး ၊ တစ်ကိုယ်လုံးလိမ်းဖို့ သနက်ခါးတွေ သွေးပေးနေလိုက်တာလည်း  ပြောမနေပါနဲ့ဆရာရယ် ။ ဒါတင်မကသေးဘူးဆရာရေ မယုယုဝါရဲ့ အင်္ကျီ ထမီ အတွင်းခံ အကုန်လုံးလျှော်ပေးနေတော့တာ  ။ သူငယ်ချင်းဖြစ်တဲ့ ကျွန်တို့လည်း ကိုဇာနည်ကို ဒီလိုမလုပ်ဖို့ ဝင်တားပါသေးတယ် ဒါပေမဲ့ သူက လက်မခံ ။ ဘာလည်း သူကျွန်တော်တို့ကိုပြောတာ တစ်ခုရှိသေးတယ် ။

“ မင်းတို့တွေ ငါ့ကိုမနာလိုဖြစ်နေကြတယ်မဟုတ်လား ” တဲ့ 

ဘယ်လိုမှ ပြောမရတဲ့နောက်တော့ ကျွန်တော်တို့လည်း လူမုန်းဆေးမခံတော့ဘူး ဖြစ်ချင်ရာဖြစ်ဆိုပြီး လွတ်ထားလိုက်တော့တာဘဲဆရာရယ် ။ ဒါပေမဲ့ ဟိုကောင်မ မယုယုဝါက ကိုဇာနည်ကို လုံးဝအနားကပ်မခံဘူးတဲ့ ။ ကိုဇာနည်တစ်ယောက် နွားကြီးကျနေတာဘဲ ဆရာရယ် ။ 
ဒီလိုနဲ့ မင်္ဂလာဆောင်မဲ့ ဗုဒ္ဓဟူးနေ့ကို ရောက်တော့ ကိုဇာနည်တစ်ယောက် သတိုးသားဝတ်စုံကြီးဝတ်ပြီး ကျွန်တော်တို့ကို ကြွားနေလိုက်တာဆရာရယ် ။ သူကြွားလည်း ကြွားချင်စရာဘဲလေ ဆရာရေ သူ့ဇနီးချော်လေး မယုယုဝါကလည်း သတိုးသ္မီးဝတ်စုံကြီးနဲ့ လှချင်တိုင်းလှနေလိုက်တာကိုး ။ ကျွန်တော်တို့ရက်ကွက်ထဲမှာဆို မယုယုဝါကို အလှပြိုင်မဲ့ ပြိုင်ဘက်မိန်းကလေးက တစ်ယောက်မှ မရှိသေးတာ ။ ကျွန်တော်ဖြင့် ကိုဇာနည်ကို ကြည့်ပြီး အားကျနေလိုက်တာ ဆရာရယ် ဒါပေမဲ့ သူ့လိုတော့ လှည်းကျိုးတော့ မထမ်းချင်ဘူးလေ ။ အိမ်ထောင်ဘက်ရွေးတယ်ဆိုတာ နှစ်ယောက်စလုံး သန့်ရှင်းမှကောင်းတာ မဟုတ်လား ဆရာ ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ ခံစားချက်ဘယ်တူပါမလဲ ဆရာရယ် ။ ဒါတွေမပြောတော့ပါဘူးဆရာရယ် သူတို့ မင်္ဂလာပွဲမှာ မင်္ဂလာအကြောင်းဘဲ ပြောရအောင် ။ 
             ဘယ်ကနေ စပြီးပြောရမလဲ အော်..သိပြီ သိပြီ ဆရာ ။ သူ့တို့မင်္ဂလာပွဲမှာ  ဖွင့်ထားတဲ့ မင်္ဂလာတေးသီချင်းတွေကလည်း မြူးလိုက်တာ ဆရာရယ် ။ ကျွန်တော်ဖြစ် ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဧည့်ခံပွဲ တစ်သက်မှာ ဒီတစ်ခါမထမဦးဆုံးမြင်ဘူးတာ ။
နောက်ပြီး သတိုးသ္မီး ကြည်ဖြူသလား မကြည်ဖြူလားတော့ မသိ ကိုဇာနည်တစ်ယောက် သတိုးသ္မီး မယုယုဝါရဲ့ လက်ကိုအတင်းဆွဲပြီး လာတဲ့ ဧည့်သည်တော်တွေကို လိုက်ပြီးဧည့်ခံနေလိုက်တာဘဲ ။ 
လာလိုက်တဲ့ ဧည့်သည်တွေကလည်း သူဌေးတွေကြီးသတ်သတ်ဆရာရေ ။ အဲဒီနေ့ကဆို ကျွန်တော်တို့ ရပ်ကွက်လမ်းတွေထဲမှာ ကားတွေဆို ပြည့်ကြပ်နေတာဘဲဆရာရေ ။ နောက်ဆုံးတော့ ဘယ်ကနေဘယ်လို ပြန်ပေါ်လာတာလည်းမသိ ကိုအောင်အောင်တစ်ယောက် သူ့အမေနဲ့ မင်္ဂလာပွဲကိုရောက်လာကြတယ်လေ။
ကိုအောင်အောင်ရောက်လာတယ်ဆိုတာ ရိုးရိုးလာတာမဟုတ်ဘူး ဒီမင်္ဂလာပွဲကို ပျက်ဖို့လာတာ ။ 
ကိုအောင်အောင်က ဖွင့်ထားတဲ့ သီချင်းတွေကိုပိတ်ပြီး

               “ ဒီမင်္ဂလာဧည့်ခံပွဲကို ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား အခု ဇာနည်နဲ့ ထိမ်းမြားလက်ထပ်ပေးနေတဲ့ မယုယုဝါဟာ အရင်က ကျွန်တော်နဲ့ ချစ်သူတွေဖြစ်ခဲ့ဘူးပါတယ် ခင်ဗျား နောက်ပြီး သူနဲ့ ကျွန်တော်ဟာ တရားရုံးမှာ နှစ်ယောက်သဘောတူလက်မှတ်ထိုးထားပြီးပါပြီး ခင်ဗျား 
ဒါတင်မကသေးဘူး အခုသူမှာ ကျွန်တော်နဲ့ရထားတဲ့ ကိုယ်ဝန်ရှိနေပါတယ်ခင်ဗျား ” 

ကိုအောင်အောင်ရဲ့ အော်သံကြောင့် ကိုဇာနည်နှင့်အတူ ဒေါ်ဝါဝါအေးတို့ မှာ
လူဘုံအလယ်ကြားအရှက်ကွဲဝမ်းနည်းဖြစ်ရတာပေါ့ ဆရာရယ် ။
ဒါပေမဲ့ မယုယုဝါကသူလက်ကိုဆွဲထားတဲ့ ကိုဇာနည်ရဲ့လက်ကိုဖြုတ်ကာ ကိုအောင်အောင်ဘက်ကို ပြေးလေတော့တယ် ဆရာရေ ။ ဒီအဖြစ်ကိုကြည့်ပြီး ကျွန်တော် ဝမ်းနည်းလိုက်တာ ဆရာရယ်.. ကိုဇာနည်တစ်ယောက် မဗေဒါ မြေလူးဆိုသလိုဘဲ သူအရှက်လည်းကွဲ ဝမ်းလည်းနည်း ဖြစ်ရရှာတယ် ဆရာရယ် ။ အရှက်ကွဲတာ ကိုဇာနည်တစ်ယောက်တည်း မဟုတ်သေးဘူးဆရာ မယုယုဝါရဲ့ အမေ ဒေါ်ဝါဝါအေးပါ အရှက်ကွဲတာ သူလည်းရှက်လွန်းလို့ မျက်နှာထားစရာနေရာတောင်မရှိတော့ဘူး ။ အဒီနေ့ကဘဲ သူ့သမီး မယုယုဝါကို သမီးဖြစ်မှ စွန့်လွတ်လိုက်တာ

 “ ငါသေလည်း မင်းလာမကြည့်နဲ့ မင်းသေလည်း ငါမလားဘူး ” တဲ့ 

ကိုအောင်အောက်ကတော့ မယုယုဝါကို သူ့တို့အိမ်ခေါ်သွားလိုက်တာပေါ့ ။ ဒါပေမဲ့ အသည်းကွဲပြီး ကျန်နေတာက ကိုဇာနည် ၊ သုခမျှာ သုံးလေးလလောက် ရူးကြောင်ကြောင်ဖြစ်သွားသေးတာ ။
               နောက်ထပ်သိပ်မကြာဘူး မယုယုဝါ ခလေးမွေးတာ ဘာအခတ်အခဲ ရှိတယ်ဆိုလည်းမသိ ခလေးမမွေးနိုင်ဘဲ အသက်ပါဆိုးသွားတယ်တဲ့ ဆရာရေ ...အဲဒီသတင်းကို ကိုဇာနည်လည်းကြားရော မယုယုဝါကို သတ်တာ ဟိုကောင်သင်္ဘောသား အောင်အောင်ကြောင့်ဆိုပြီး ကိုဇာနည်က ကိုအောင်အောင်ကို လိုက်သတ်တာ ကိုအောင်အောင်ပြေးမြန်လို့ပေါ့ဆရာရယ်..အခုတော့ ကိုအောင်အောင်တစ်ယောက်ဘယ်နေရာရောက်နေလည်း မသိ ။ ကိုဇာနည်ကတော့ မယုယုဝါရဲ့ အုတ်ဂူးလေး နဘေးမှာ ထမင်းမစား ဟင်းမစားနဲ့ နေ့ရောညပါ သွားပြီးငိုနေတော့တာ ဆရာရယ် ။

ပြီးပါပြီ....

ရန်ကျော် ( ထားဝယ် ) ဆက်လက်ကြိုးစားလျှက်

ဒီဝတ္ထုတိုလေးကိုဖတ်ပြီး သူငယ်ချင်း ဘယ်လိုခံစားရပါသလဲ ..ကျွန်တော် သိခွင့်ရနိုင်မလား ?

Tuesday, February 4, 2014

သူ့ဘဝ သူ့ကံကြမ္မာ

              လယ်ယာစိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းပြုနေကြသော ကျေးရွာလေးတစ်ရွာသည် ရွာတစ်ဘက်တွင် လယ်ကွင်းများ ဝိုင်းရံပြီး ကျန်တစ်ဘက်တွင် မြစ်ချောင်းများ ဝိုင်းရံထားသည် ။ 
၎င်းရွာဘေးသည် နွေ ၊ မိုး ၊ ဆောင်း ရာသီဥတုဒဏ်ကို တခြားသောရွာများထက် ပိုမိုဆိုးဝါးစွာခံစားရလေသည် ။
မိုးရာသီဆို မိုးရေများကြောင့် မြစ်ရေများ ရေရှန်ပြီး နေအိမ်များ ရေစိမ်ကြကာ နွေရာသီဆို တစ်ရွာလုံး ရေခန်းခြောက်ပြီး သောက်သုံးရေရှာပါးကြပြီး ဆောင်းရာသီဆို ချမ်းလွန်းလို့ စောင်ခြုံလို့မလုံတဲ့ အနေထားမှာရှိသည် ။ ဘယ်လောက်ပင် ရာသီဥတုဆိုးဝါးနေပါစေ ဗုဒ္ဓဘာသာပီပီ ရာသီအလိုက် အလှူရေစက် လက်နဲ့မကွာရှိကြလေသည် ။ 
                 တစ်နေ့တွင် မောင်စည်သူနှင့် မခင်ခင်သက်တို့ နှစ်ယောက်သား လူငယ်သဘာဝအတိုင်း ချစ်ကျွမ်းဝင်ကာ မေတ္တာမျှနေကြသည်ကို နှစ်ဘက်သော လူကြီးမိဘများက သိ၍ သတင်းကျွေ့သည်နှင့် တစ်ခါတည်း မိဘတို့ဝတ်တရား ရှိသည့်အတိုင်း တောင်းရမ်းကာ ထိမ်းမြားလက်ထပ်ပေးလိုက်ကြသည် ။
                  မောင်စည်သူသည် ထိမ်းမြားပြီးသည့်နောက်ပိုင်း အချစ်ဇနီးရှိရာ ယောက်ခမအိမ်ကို 
ပြောင်းနေလိုက်သည် ။ ယောက်ခမကလည်း သူ့မှာ သားယောင်္ကျားလေးမရှိ၍ သမက်ကို သားအရင်းတစ်ယောက်လို ချစ်ရှာသည် ။ မောင်စည်သူကလည်း ယောက်ခမကို မေအရင်းတစ်ယောက်လို့ ပြန်ချစ်နေတော့ မခင်ခင်သက် မှာ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရရှာသည် ။ တစ်နေ့တော့ မောင်စည်သူသည် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တဲ့အနေနဲ့ ကိုယ့်ခြေတောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် ယောက်ခမဆီက လယ်တစ်ဧကတောင်းကာ ကျွဲနွားများ မဝင်နိုင်အောင် ခြံစည်းရိုးကာပြီး မိုလာပင် ၊ ခရမ်းပင် ၊ ချည်ပေါင်ပင် ၊ ကဇွန်းပင် နှင့် ပျောင်းပင် စရှိသည့် ဟင်းသီးဟင်းရွက်ပင်များကို စိုက်ထားလေသည် ။ သူတို့နှစ်ယောက် စိုက်ထားသော ဟင်းသီးဟင်းရွက်များသည် တစ်လကျော် လေးဆယ်ငါးရက်လောက်တွင် ကောင်းကောင်းခူးရောင်းနေရပြီဖြစ်၍ လက်ထဲတွင် ငွေနည်းနည်းရွှင်လာသည် ။ နောက်ပြီး သူတို့စိုက်ထားသော ပြောင်းပင်များမှ ပြောင်းဖူးများသည်လည်း နောက်လာမဲ့ ဆယ်ရက် ဆယ့်ငါးရက်အတွင်း ခူးလို့ရနေပြီ ။
ရွာမှာလည်း နောက်ထပ်ဆယ်ရက်လောက်ဆို နတ်တော်လ နတ်သဘင်ပွဲ ရှိသည်ဖြစ်၍ သူတို့ဇနီးမောင်နံ စကားပြောရင်း ပျော်ပျော်ပါးပါးနဲ့ ပြောင်းပင်များရေလောက်နေကြသည် ။

“ သက်ရေ... ဒီပြောင်းဖူးတွေကို ရွာက နတ်သဘင်ပွဲမှာ ခူးရောင်းရအောင်နော် ” 

မောင်စည်သူ သူ့ဇနီးချောလေး မခင်ခင်သက်ကို ချစ်စနိုးလေးနဲ့ လှမ်းပြောနေသည် ။

“ ကောင်းတာပေါ့ ကိုစည်သူရယ်... ဒါနဲ့ နတ်ပွဲက ဘယ်နေ့လဲ ”

“ နတ်တော်လပြည့်နေ့လေ...နောက်ထပ် ဆယ့်သုံးရက်ဘဲ လိုတော့တယ် ”

“ ဟုတ်လား ...  ကျွန်မပျော်လိုက်တာ .. ”

“ ကိုလည်းပျော်တာပေါ့ သက်ရယ်...ဒါပေမဲ့ ကိုယ့်အတွက် အင်္ကျီ
အသစ်တစ်စုံလောက်ဝယ်ပေးဦးနော်..” 

“ ဝယ်ထားပြီးပါပြီ အကိုရယ်.. ဒါပေမဲ့ အမေက နတ်တော်လပြည့်နေ့ကျမှ အကို့ကိုပြဆိုလို့ ကျွန်မလည်း အကို့ကိုမပြဘဲ သိမ်းထားတယ်,. ”

“ ဟုတ်လား...ဘာရောင်လေးလဲ” 

“ ဟင့်အင်း... မပြောဘူး လပြည့်နေ့ရောက်မှာ တစ်ခါတည်းပေးဝတ်မယ်”

“ အေးပါရပါတယ်.. ဒါနဲ့ သက်အတွက်ရော ဝယ်ထားပြီးပြီလား ”

“ ဟင့်အင်း..မဝယ်ရသေဘူး ” 

“ သက် လည်းဝယ်ဝတ်လေ.. ”

“ ဟင်းအင်း.. မဝယ်တော့ဘူး.. သက်မှာ မင်္ဂလာမဆောင်ခင်က ကိုစည်သူလက်ဆောင်
ပေးထားတဲ့ ပါတိတ်ဝမ်းဆက် လေးတစ်စုံရှိသေးတယ်လေ..တစ်ခါမှာ မဝတ်ရသေးဘူး ”

“ ဟုတ်သားဘဲ ”

လင်မယားနှစ်ယောက် ရေလောင်းရင်း အချစ်ကျွမ်းဝင်နေကြပြီး မကြာခင် မခင်ခင်သက်က သူ့ခင်ဖွန်းကို ထိန့်လှန့်စွာဖြင့် အော်ပြီး ခေါ်လိုက်သည်မှာ 

“ အောင်မလေး... ကိုစည်သူရေ...ဒီမှာ လာကြည့်ပါဦးရှင်...”

မောင်စည်သူ သူ့ဇနီးခေါ်လို့ ပြေးပြီးသွားကြည့်တော့ ကြွက်များက ပြောင်းပင်လေးငါးပင်လောက်ကို ပင်အရင်းကနေ ကိုက်လှဲပြီး ပြောင်းဖူးများကို စားထားတာတွေ့ရသည် ။ 

“ ဟား... ဘယ်လိုဖြင့်တာလဲ ... ကြွက်တွေ ဒီလိုသာ ညတိုင်း ပြောင်းပင်တွေကို ကိုက်လှဲပြီးစားနေမယ်ဆိုရင်တော့ 
နောက်ဆယ်ရက်လောက်ဆို ငါ့ပြောင်းပင်တွေတော့ ကုန်တော့မှာဘဲ ”

“ ဟုတ်တယ်ကိုရယ် ဒီလိုသာ ညတိုင်းလာစားနေမယ်ဆိုရင်တော့ ကုန်မှာသေချာတယ် ”

ဒီလိုနဲ့ ဇနီးမောင်နံနှစ်ယောက် ပြောင်းပင်တွေကို ကြွက်တွေ ထပ်မကိုက်နိုင်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ဟု တွေးရင်း ခေါင်းစားနေကြသည် ။ နောက်ဆယ်မီနစ်လောက်ကြာတော့ 

“ သက်ရေ.. ကို အကြံရပြီ ”

“ ဘယ်လိုလုပ်မလဲ ကိုစည်သူ ”

“ ကြွက်ဆေးချကျွေးမယ်ကွာ ” 

“ ဘယ်လိုချကျွေးမှာလဲ အကို ” 

“ ငါးတွေမှာ ကြွက်ဆေးလိမ်းပြီး ပြောင်းခင်းထဲ ချထားလိုက်ရင် ဒီအကောင်တွေ ငါးအနံရပြီး စားမှာသေချာတယ် ”

မောင်စည်သူတစ်ယောက် ပြောပြောဆိုဆိုနဲ့ ဇနီးသည်ကို ရွာထဲဝင်ပြီး ကြွက်ဆေးသွားဝယ်ခိုင်းလိုက်တယ်။
သူကတော့ မြစ်ချောင်းထဲမှာ ငါး သုံးလေးကောင်ဖမ်းပြီးထိုင်စောက်နေသည် ။

“ ကိုစည်သူရေ...ဒီမှာ ကြွက်ဆေးတွေရလာပြီ ”

“ အေ ဒီနားကိုယူလာခဲ့ ”

                မောင်စည်သူတစ်ယောက် စိတ်ပါလက်ပါနဲ့ သူဖမ်းထားသော ငါးများကို လက်မအရွယ်စားလောက် တုံးသေးသေးလေးတွေတုံးပြီး ကြွက်ဆေးများနှင့် ရောနယ်ကာ ပြောင်းခင်းထဲတွင် နေရာအနှံ လိုက်ကျဲထားလေသည် ။ 
                မနက်ဖြန်ရောက်လို့ ပြောင်းခင်းထဲ ဝင်လာကြည့်တော့ သူချကျွေးထားသော ငါးတွေကို ကြွက်များက လုံးဝမစားကြ ဒါပေမဲ့ ပြောင်းပင်လေးငါးပင်ကို ကိုက်လှဲပြီး ပြောင်းဖူးများကိုတော့ စားထားတာတွေ့ရသည် ။ မောင်စည်သူ ရုတ်တရက် အံသြသွားပြီး တွေဝေနေမိသည် ။ ဒီအတိုင်းတော့ သူလက်မလျှော့ “ ဒီနည်းနဲ့မရရင် နောက်တစ်နည်းပေါ့ ”
ဟု ကြိမ်းကာ ဆံတွေကို ကြွက်ဆေးလိမ်းပြီး ပြောင်းခင်းထဲ ကျဲထားလိုက်ပြန်သည် ။
ဘာလိုလိုနဲ့ အချိန်သာ တစ်ပါတ်ပြည့်သွားပြီး ပြောင်းပင်တွေသာ တဖြေးဖြေးကုန်နေပြီ သူကြံစဉ်ထားတာတွေဟာ အချိန်ကုန်သည်သာ ဖတ်တင်သည်။ နောက်ဆုံးတော့ သူ့လိုဘဲ ပြောင်းပင်တွေ စိုက်ထားတဲ့ ရွာလယ်က ဦးဝေလွင် ဆီပြေးပြီးမေးရလေသည် ။

“ ဦးဝေလွင်ရေ... ကျွန်ပ်ကို တစ်ခုလောက် ကူညီပါဦးဗျာ ”

“ စည်သူ မင်းဘာတွေဖြစ်လာလို့လဲ ”

“ ကျွန်တော်မဟုတ်ဘူး .. ကျွန်တော် စိုက်ထားတဲ့ ပြောင်းပင်တွေဗျ ”

“ ပြောင်းပင်တွေ ဘာဖြစ်လိုလဲ ”

မောင်စည်သူ သူ့ပြောင်းပင်တွေကို ကြွက်ကိုက်တဲ့ ပြဿနာကို အစကနေ အဆုံးထိ ရှင်းပြလေတော့

“ ငါလည်း အရင်က ဒီလိုကြုံခဲ့ဘူးတယ်ကွ ၊ ဟယ်...ဟယ်...အခုတော့ ဒီကြွက်တွေ ငါ့ခြံနား မကပ်ရဲးတော့ဘူးကွ ” 

“ ဘယ်လိုလုပ်တာလဲ ဦးဝေလွင်ရယ်...ကျွန်ပ်ကိုလည်း နည်းလမ်းလေးဘာလေး ပေးပါဦးဗျ ” 

“ ပေးရမှာပေါ့ကွာ ကို့အတူသားရင်းတွေဘဲကို ... ဒီလိုလုပ်ကွာ. နံသာတိုင်တစ်ထုပ်ကိုယူပြီး တစ်တိုင်နဲ့တစ်တိုင် ကြိုးနဲ့ချည်ပြီး အရှည်ကြီးဖြစ်အောင်ဆက်လိုက် နောက်ပြီး အဲဒီနံသာတိုင်မှာ ဗျောက်အိုးတွေကို ခြောက်လက်မလောက်စီခြားပြီးချည်ထားလိုက် ၊  ပြီးရင် ပြောင်းခင်အလယ် နေရာလွတ်တစ်ခုမှာ အတိုင်တစ်တိုင်စိုက်လိုက် နောက်ပြီး အဲဒီအတိုင်မှာ နံသာတိုင်ကို တွဲလောင်းဆွဲပြီးမီးရှို့ခဲ့ပေါ့ကွာ...ဒါဆို အဲဒီဗျောက်အိုးတွေ မီနစ်နှစ်ဆယ်ခြား သုံးဆယ်ခြားလောက်မှာ တစ်လုံးပြီးတစ်လုံးချင်း တစ်ညလုံးပေါက်နေလိမ့်မယ်...” 

            ဦးဝေလွင်အကြံပေးသည့်အတိုင်း မောင်စည်သူ လုပ်လိုက်တော့ ပြောင်းပင်များ ကြွက်စားခြင်းမှ 
လုံးဝကင်ဝေးသွားလေတော့သည် ။
                  နတ်တော်လပြည့်နေ့ရောက်တိုင်း သူတို့ရွာက နတ်သဘင်ပွဲကြီးကို ဇာတ်ပွဲပါ ငှားပြီးကျင်းပလေ့ရှိသည်ဖြစ်၍ မောင်စည်သူတို့ ဇနီးမောင်နံနှစ်ယောက် ပြောင်းဖူးများကိုခူးပြီး ၎င်းဇာတ်ပွဲတွင် သွားရောင်းကြလေသည် ။ အရပ်နီးဝေးမှ လာရောက်ကြည့်ရှုကြသော ပွဲကြည့်ပရိတ်သတ်များက ကြိပ်ကြိပ်တိုးစည်ကားနေတော့ မောင်စည်သူရဲ့ ပြောင်းဖူးတွေဟာ ည ကိုးနာရီမထိုးခင်လေးမှာပင် ရောင်းလို့ကုန်လေတော့သည် ။ မနက်ဖြန်ရောက်ရင် ဒီထက်ပိုပြီးခူးရောင်းရဦးမှာဘဲ ဟု
အချစ်ဇနီးကိုပြောပြီး ဒီည အိမ်ပြန်အိပ်လိုက်ကြသည် ။
           နံနက် ၈:၀၀ နာရီလောက်ရောက်တော့ သူငယ်ချင်းဖြစ်တဲ့ ဖိုးတေက မောင်စည်သူကို  “ အပြင်ခဏ သွားရအောင်ကွာ ” ဟုပြောကာ လာခေါ်သွားလေသည် ။ မခင်ခင်သက်သည် သူ့ယောင်္ကျား ဖိုးတေနဲ့ပေါင်းတာကို လုံးဝမကြိုက် ၊ ဖိုးတေဟာ အသက်ရွယ်နဲ့ မလိုက်အောင် သောက်စားမူးရစ်နေသေ လူငယ်တစ်ယောက် ။ မူးလာရင်လည်း အညိမ်မနေ လမ်းမှာတွေ့သမျှ လူကြီးလူငယ်မရွေး ဆဲလားရမ်းလား လုပ်တတ်သေးသည် ။ ဖိုးတေကို  မကြိုက်ဘူးဆိုပေမဲ့ မကြာသေးခင်ကမှာ မင်္ဂလာဆောင်ထားတဲ့ သူ့ခင်ဗွန်းကိုတော့ ခင်ခင်သက်မပြောရဲ့ရှာ ဒါကြောင့်လည်း ဘာမှမပြောရဲ့ဘဲ ထည့်လိုက်ရသည် ။ အိမ်က ဇနီးသည်နှင့် ယောက်ခမတို့မှာ  နေ့လယ်စာထမင်းအတူလက်ဆုံစားရန်  စောင့်နေကြတာ ၁၂:၀၀ နာရီသာ ထိုးလေသည် မောင်စည်သူ မရောက်လာ ။ နောက်ဆုံးတော့ မခင်ခင်သက် ရွာထိပ်ကနတ်သဘင်ပွဲဆီလိုက်ပြီးသွားခေါ်လေသည် ။ ဟိုရောက်တော့ မောင်စည်သူတစ်ယောက် လူဘုံအလယ်တွင် အရက်ပုလင်းတစ်လုံးကိုင်ကာ အရှက်မရှိ ဝင်ကနေတာ တွေ့လိုက်ရသည် ။
ခင်ခင်သက် ရှက်လွန်းလို့ ဘာမှမပြောဘဲ အိမ်ကိုပြန်ခဲ့ရလေသည် ။ 
            အိမ်ရောက်တော့ အမေ့ကို အကြောင်းစုံးပြောပြပြီး ပြောင်းဖူးအကူလိုက်ခူးပေးရန် အမေကိုအကူညီတောင်းရလေသည် ။ မသက်သက်ခင် နှင့် သူ့အမေ ပြောင်းဖူးခူးနေရင်း  မောင်စည်သူ အရက်မူးမူးနဲ့ရောက်လာပြီး 

“ သက်ရေ.. တောင်းပန်ပါတယ်ကွာ..ကိုပြန်လာတာ နဲးနဲးနောက်ကျသွားတယ် ”

မခင်ခင်သက် ဘာမှပြန်မပြောဘဲ ပြောင်းဖူးတွေကိုသာ ဆက်တိုက်ခူးနေသည် ။ သူယောင်္ကျားကလည်း မူးမူးရူးရူးနဲ့ ပါးစပ်ကထွက်ရာ ရှောက်ပြောရင် ကြွက်တွေကိုခြောက်ရန် နံသာတိုင်တွေကိုဆက်ပြီး ဗျောက်အိုးတွေ ချည်နေသည် ။ 

“ အောင်မလေး...မေရယ် ဒီမှာလုပ်ပါဦး..” မခင်ခင်သက်လန့်တကြား အော်လိုတော့ 

“ ဘာဖြစ်တာလဲ သမီး.. ” ဟု သူ့အမေ လှမ်းမေးလိုက်သည် ။

“ မြန်မြန်လာပါမေရယ်... ဒီမှာ...ဒီမှာ.... ဖား ဖား ဖား ” မခင်ခင်သက် ငယ်ငယ်လေးကတဲက ဖားကြောက်တတ်သည်ကို တစ်ရွာလုံးကသိကြသည် ။ 

“ ဘယ်မှာလဲ ဖား ” မောင်စည်သူပြေးလာပြီး မေးလိုက်သည် ။

“ ဟောဒီမှာ...ဟော....ဒီမှာ မတွေ့ဘူးလား ” မခင်ခင်သက်ကလည်း စကားမပြောချင်တဲ့ သူယောင်္ကျားကို ရောင်ပြီး ဖြေလိုမိသည် ။

မောင်စည်သူ မပြောမဆိုနဲ့ ဖားကိုဖမ်းကာ လက်ထဲမှာ အသင့်ရှိနေတဲ့ ဗျောက်အိုးသုံးလုံးနဲ့ ဖားခြေထောက်ကိုချည်ပြီး 

“ ဖားစုတ်..မင်းသေစမ်း ငါ့မိန်းမကို လှန့်အောင်လုပ်တဲ့ကောင် ” ဟု ပြောပြီး ရက်ဆက်စွာ ဗျောက်အိုးတွေကို မီးရှို့လိုက်လေသည် ။

“ ဖောင်း...ဖောင်း....ဖောင်း....” ဗျောက်အိုးအသံနှင့်အတူ ဖားတစ်ကောင် ခုန်ဆွခုန်ဆွဖြစ်ကာ ပက်လက်လှန်ပြီး သေသွားရှာသည် ။ မောင်စည်သူ အခုလိုလုပ်ရပ်ကြောင်း သူ့ယောက်ခမ မနေနိုင်တော့ဘဲ ဝင်ပြောရလေသည် ။ 
“ မောင်စည်သူရယ် မင်း လူရော ဟုတ်သေးရဲ့လား...ကိုယ်ချင်းစာစိတ်ရော မင်းမှာရှိသေးရဲ့လား...”

“ တော်စမ်းပါမေရာ...ဒီဖား ကျွန်ပ်မိန်းမကို လှန့်အောင်လုပ်တာ ” ဟုပြောကာ  သေနေတဲ့ဖားကို ပြန်ကောက်ကာ ဗျောက်အိုးတွေနဲ့ ထပ်ချည်ပြန်ပြီး မီးရှို့ရန်လုပ်နေပြန်သည် ။ ပြောနေရက်သားနဲ့ ထပ်နေတယ်ဆိုတော့ ယောက်ခမလည်း စိတ်တိုတိုနဲ့ဘာမှာ မပြောတော့ဘဲ သူ့သမီးခေါ်ကာ အိမ်ကိုပြန်ကြလေသည် ။ ရွာအဝင် ဘုန်းကြီးကျောင်းနားရောက်တော့ မောင်စည်သူ နောက်က ပြေးလိုက်လာပြီး ယောက်ခမကို လှန်းခေါ်နေသည် ။

“ မေ..မေ...ကျွန်ပ်ကိုစောင့်ဦးလေး ” မောင်စည်သူ၏ ခေါ်သံကြောင့် ယောက်ခမ က ပြန်လှဲ့ကြည့်နေပေမဲ့ 
သူ့သမီးကတော့ လုံးဝပြန်လှဲ့မကြည့် ။တဖြေးဖြေးနဲ့ မောင်စည်သူ ပြေးလိုက်လာတာ ဘုန်းကြီးကျောင်းနဲ့ ငါးလန်လောက်အကွာရောက်မှာ အမှတ်မထင်ဘဲ လေတွေတိုင်လာပြီး လျှက်စီးများလက်ကာ မိုးများရွာချလေသည် ။ အခုလို ကြောက်လန့်ဖွယ်ရာကောင်းတဲ့ မြင်ကွင်းကြောင့် စိတ်ဆိုးနေတဲ့ မခင်ခင်သက်နှင့် သူ့ယောက်ခမတို့က မောင်စည်သူကို စိတ်ပူလို့ ပြန်လှဲ့ကြည့်ပြီးစောင့်နေပေမဲ့ မောင်စည်သူက ရှေ့ဆက်မတိုးတော့ဘဲ လယ်ကွင်းတစ်ခုတွင်ထိုင်ချကာ ဖားလို နှစ်ချက်သုံးချက်လောက် ထခုန်နေတာ တွေ့လိုက်ရသည် ။  ဒီကောင် အရက်မူးပြီး ရူးများရူးသွားသလားလို့ ဇနီးသည်နှင့် ယောက်ခမတို့က လှမ်းကြည့်နေချိန်မှာ ကောင်းကင်ပေါ်မှာ ကြောက်မက်ဖွယ်ရာ လျှက်စီးများလက်ကာ မိုးကြိုးသုံးလတ်ဆက်တိုက်ဖြင့် မောင်စည်သူကို ပစ်လေတော့သည် ။ ဖားကိုရက်ဆက်စွာ ညှမ်းပန်းသတ်ဖြတ်ခဲ့တဲ့ အကုသိုသ်ကံ အပြစ်ကြောင့်လို့ပြောရမှာပေါ့ မောင်စည်သူခမျှာ ဖားလိုဘဲ မိုးကြိုးတစ်ပစ်လည်း ခုန်လို နှစ်ချက်ပစ်လည်း ခုန်လိုက် နောက်ဆုံး ပတ်လတ်ကလေးလှန်ကာ သေရရှာသည် ။ နောက်တစ်ခုက မောင်စည်သူ ပတ်လတ်လှန်ပြီးသေနေတဲ့နဘေးမှာ အနံ နှစ်ပေ လျှား ခြောက်ပေရှိတဲ့ အတွင်းကြီးပါ တစ်ခါတဲ့ရှိနေသည်ဖြင့်၍ ဘဘုန်းဘုန်းရဲ့အမိန့်ရ  ခေတ်လူငယ်များ သံဝေဂ ရစေရန်  မောင်စည်သူနှင့် အတွင်းကြီးကို ခုနှစ်ရက်တိတိ ပြသစေရာ တစ်မြို့လုံးမှာ လူတွေကြိပ်ကြိပ်တိုး  လာရောက်ကြည့်ရှုကြရင်း မခင်ခင်သက်နှင့်ထပ်တူ ဝမ်းနည်းမိရပါသည် ။

သုံးဆယ်တစ်ဘုံ ကြင်လည်ကုန်သော လူနတ်ဗြမ္မာ သတ္တာဝါတို့ ချမ်းသာ ကိုယ်စိတ်မြဲပါစေ ....
သတ္တာဝါ အချင်းချင်းသတ်ဖြတ်ခြင်း ကင်းဝေးကြပါစေ..

ရန်ကျော် ( ထားဝယ် )  ဆက်လက်ကြိုးစားလျှက်


Friday, January 31, 2014

သွေးပျက်တဲ့ ည

       

                         မောင်ရန်ကျော်နှင့် မောင်မျိုးခေါ် လူငယ်လေးနှစ်ယောက်သည် တစ်နေရာတည်းတွင် အလုပ်တူတူလုပ်နေကြရင် ခင်မင်ရင်းနီးကာ သူတို့နှစ်ယောက်ပေါင်းပြီး အိမ်ခန်းတစ်ခန်းငှားလိုက်ကြသည်။သူ့တို့ငှားထားသော ၎င်းအိမ်ခန်းမှာ လူသူတို့နဲ့ဝေပြီး တောင်ပေါ်တစ်နေရာတွင် တည်ရှိသည်ဖြစ်၍ ဘယ်အိမ်ငှားကမှ
သဘောမကျ နောက်ပြီးအဲဒီအိမ်ခန်းမှာ အရင်က အသက်နှစ်ဆယ်ကျော် ကောင်မလေးတစ်ယောက် သူ့ရည်းစားထားခဲ့ လို့ဆိုပြီး အသဲကွဲကာ သူ့ကိုယ်သူ ဇက်ကြိုးဆွဲကာ အဆိုး စီရင်ခဲ့ဘူးတယ်တဲ့ ။
ထိုအကြောင်းရာများကို မောင်ရန်ကျော်နှင့် မောင်မျိုးတို့ကတော့ လုံးဝမသိရှာ ။ ဒါကြောင့်လည်း သူ့တို့နှစ်ယောက်က အိမ်ခန်းဈေးသန့်သည်ဟု ပြောကာ ချက်ချင်းငွေခြေပြီး ချက်ချင်းအိမ်ခန်းပြောင်းလာလိုက်ကြသည်။ အိမ်ခန်းတွေကို မငှားရလို့ စိတ်ညစ်နေတဲ့ အခန်းပိုင်ရင်ကတော့ 
သူ့တို့နှစ်ယောက် အိမ်ခန်းပတ်ဝန်းကျင်မှာ ပေါက်နေတဲ့ မျက်ပင်များကို ဓါးကောက်ဖြစ်ရှင်းလင်းနေတာကိုကြည့်ပြီး သဘောတွေကြနေသည်။နောက်ပြီး အိမ်ခန်းပိုင်ရှင်က သူ့တို့နှစ်ယောက်ကို လှန်းပြောနေသည်။

“  သားငယ်တို့ရေ အန်တီးမှာ အိမ်ခန်းတွေကျန်သေးတယ်နော် ... သားတို့ သူငယ်ချင်းတွေထဲက အိမ်ခန်းလိုချင်တဲ့ လူရှိရင် အန်တီဆီကို ဖုန်းဆက်လိုက်နော် ”

“ ဟုတ်ကဲ့ ပါခင်ဗျား.. ကျနော်တို့ သူငယ်ချင်းတွေကို မေးပေးပါမယ် ခင်ဗျား ” မောင်ရန်ကျော်က လှန်းဖြေလိုက်တယ်။

ည ခုနှစ်နာရီလောက်ရောက်တော့ သူတို့နှစ်ယောက်ထမင်းစားပြီး စကားပြောရင်းနဲ့ ကုတင်တစ်လုံးစီတွင် အိပ်နေကြသည်။

“ ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံးနေကြ ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က
အပြာရောင်အိပ်မက်လေးကို ငါတမ်းတလွမ်းနေဆဲ " 

မောင်မျိုးက သူ့ရဲ့ ဖုန်း Rine tone သံ မဆုံးခင် ဖုန်းကို ကိုင်လိုက်ပြီး

“ ဟယ်လို " 

“ ဟယ်လို .. မောင်မျိုး မင်းအခုဘယ်မှာလဲ ငါ့မွေးနေ့ကိုမလာတော့ဘူးလား ”

“ ဟား.. ဟုတ်သားဘဲ ဒီနေ့အကို့မွေးနေ့ကို ကျွန်တော်မေ့နေလိုက်တာ တောင်းပန်ပါတယ်ဗျာ "

“ ရပါတယ်ကွာ ... ဒါပေမဲ့ မင်းဖြစ်အောင်တော့ လာခဲ့ပေါ့ ၊ ငါ့စောင့်နေမယ် "

“ ဟုတ်ကဲ့.. ဟုတ်ကဲ့ ကျွန်တော် အခုဘဲ ထွက်လာခဲ့မယ် ”

မောင်ရန်ကျော်ကို မောင်မျိုးက သူ့သူငယ်ချင်းရဲ့ မွေးနေ့ပွဲကို အတူသွားရန်ခေါ်ပေမဲ့ မောင်ရန်ကျော်မှာ တစ်နေကုန်ပင်ပန်းထားတယ်ဆိုပြီး မလိုက်ချင်ပေမဲ့ မောင်မျိုးကိုတော့ တောင်ခြေရင်းထိ လိုက်ပို့ပေးသေးသည်။
သူ့ငယ်ချင်းကို လိုက်ပို့ပေးပြီးအပြန် လမ်းမှာ ဆနွင်းအနှံ့နှင့် ထမင်းသိုးနှံ့တွေက တစ်လမ်းလုံး ထွန်းထွန်းထအောင် နံနေသည်ဖြစ်၍ မောင်ရန်ကျော်တစ်ယောက် ကြောက်ပြီး ကြွက်သီးတွေ တစ်ကိုယ်လုံးထနေသည် ။ သူကြောက်ကြောက်နဲ့ဘဲ အိမ်ခန်းကို ခြေလှမ်းခပ်သုတ်သုတ်လေး လျှောက်သွားခဲ့သည်။ အိမ်ခန်းရောက်လို့ တစ်ယောက်တည်း မအိပ်ရဲးတော့ သုခမျှာ ရေနံဆီမီးခွက်လေး ထွန်းကာ အိပ်ယာကုတင်ပေါ်တွင်မှောက်လျှက် စာအုပ်တစ်အုပ်ကိုယူပြီး ဖတ်နေရင်း အိပ်ပျော်သွားလေသည် ။ သူအိပ်မောကျနေတဲ့ အချိန်မှာပင် လူတစ်ယောက်က သူ့ရဲ့ ကုတင်အပေါ်လာပြီး တက်အိပ်သလိုမျိုး ခံစားရ၍ အိပ်ယာမှ လန့်နိုးပြီး ကြည့်လိုက်တော့ ရေနံဆီမီးခွက်လေးမှာ ရေနံဆီကုန်ပြီး မီးညိမ်းနေသည် ။ မီးမရှိတော့ သူဘယ်လိုလုပ်ပြီး မြင်ရမလဲ။ တစ်ခန်းလုံးမှောင်မဲနေတာပေါ့ ။ သူကြောက်လွန်းလို့ ခေါင်းမှာ ဆံပင်များထောင်ပြီး ရေနံဆီကုန်နေတဲ့ မီးခွက်လေးကိုပင် သိလျှက်နဲ့ မီးပြန်ထွန်းလိုက်သည် ။ သူထွန်းထားသော မီးခွက်လေးမှာ ရေနံဆီမရှိသဖြင့် မီးက မှိန့်တုတ်မှိန့်တုတ်ဖြစ်နေသည်ကိုကပင် ကြောက်စရာ တစ်မျိုးဖြစ်နေလေသည် ။ အိမ်နောက်ဖေး မီးဖိုခန်းထဲကလည်း အိုးခွက်ပုကန် အသံများက တစ်ဒိုးဒိုးနဲ့ မြည်နေပြီး တောင်ခြေရင်းကခွေး အူသံများလည်း တစ် ဝူးဝူး နဲ့ ကြားနေရသေးသည် ။
သုခမျှာ ကြောက်လွန်ပြီး ချွေးတွေ တစ်ကိုယ်လုံးထွက်နေပေမဲ့ စောင်ကိုခေါင်းပေါ်ကနေ ခြေရင်းထိချိုပြီး ပုဇွန်လိုကွေးကာ မျက်စီမှိန့်အိပ်နေလိုက်သည် ။ 

“ ဒေါက်...ဒေါက် ... ဒေါက်....ဒေါက်...” 

အခန်းတခါး ခေါက်သံကြားလိုက်ရတော့ မောင်မျိုးပြန်လာပြီထင်ပြီး လှန်းမေးလိုက်သည် ။

“ မောင်မျိုး... မင်းပြန်လာပြီးလား ” 

ခဏညိမ်သက်သွားပြီး 

“ ဒေါက်...ဒေါက် ... ဒေါက်....ဒေါက်...” အခန်းတခါးကို ခေါက်မြဲတိုင်းဆက်ခေါက်နေသည် ။

“ ဘယ်သူလည်း မောင်မျိုး မဟုတ်ဘူးလား ” 

မောင်ရန်ကျော် ကြောက်စိတ်တွေ နဂုံကထက်ပိုများလာပြီး ငိုသံခပ်ပါပါနဲ့ 
ထပ်မေးလိုက်သည် ။

“ အခန်းတခါးခေါက်နေတာ ဘယ်သူလဲ... ”

“ ကျွန်မပါ ... အပြင်မှာ အေးလွန်းလို အခန်းထဲကို ခဏဝင်ခွင့်ပြုပါ ” 

မိန်းကလေး အသံကြားလိုက်ရတော့ မောင်ရန်ကျော်ခမျှာ အံဩောသင့်ပြီး တခါးနားသို့ လာကပ်ကာ ထပ်မေးလိုက်သည် ။

“ အမက ဘယ်သူလဲ.. ညကြီးချိန်မတော် ဘယ်လိုလုပ်ပြီး ဒီနေရာရောက်နေတာလဲ ” 

“ အခန်းတခါးသာ မြန်မြန်ဖွင့်ပေးစမ်းပါရှင့် ... တကယ်လို့ မဖွင့်ပေးချင်ဘူးဆိုရင် ကျွန်မဘာသာ ကျွန်မဖွင့်ပြီး ဝင်ခဲ့မယ် ” 

“ မလုပ်ပါနဲ့ မလုပ်ပါ ” 

မောင်ရန်ကျော် စကားမဆုံးခင် အခန်းတခါးကြီး 

“ ဝုန်း ” ခနဲမြည့်ကာ ဖွင့်ထွက်သွားလေတော့သည် ။

“ အောင်မလေး ဘုရား... ဘုရား.....” 

ဘယ်လိုဖြစ်သွားတာဒုန်း ၎င်းအမကြီးနှင့်အတူ အပုတ်စော်အနှံလေများက အခန်းထဲ့ကို တိုးဝှေ့ဝင်လာတော့ မောင်ရန်ကျော်မှာ ထိုအနှံကို မခံနိုင်ဘဲ အော်ဂလိဆန်ချင်နေသည် ။

မီးခွက်က မှိန့်တုတ်မှိန့်တုတ်ဖြစ်နေပေမဲ့ ကောင်မလေးကိုတော့ သူကောင်းကောင်းမြင်နိုင်ခဲ့သည် ။ ရောင်ရန်းနေသော ခန္ဒာကိုယ်ကြီးမှာ ပုတ်စော်ရည်များနှင့် ပါးပြင်မှ ထိုးစားနေသော ပိုးလောက်များက ကြမ်းပြင်ပေါ် တစ်ရွဲရွဲနဲ့ ကျနေသည် ။ နောက်ပြီး မောင်ရန်ကျော်ဘက်ကို ဦးတည်ပြီးဝင်လာခဲ့ရာ မောင်ရန်ကျော်က နောက်ဆုတ်နောက်ဆုတ်နဲ့ တစ်လှမ်းချင်းလျှောက်ရင်း နံရံနှင့်တိုက်မီပြီး ညိမ်နေတဲ့ အချိန်မှာ ကောင်မလေးက သူ့လက်ကို အတင်းဆွဲကိုင်လိုက်သည် ။
ကောင်မလေးရဲ့ လက်တွေက ရေခဲလို အေးစက်နေသည် ။

“ ကျွန်မ ဒီအခန်းထဲမှာ အိပ်မယ် ရှင် သဘောတူရဲ့လား ”

“ မတူဘူး ... အမကို ကျွန်တော်ကြောက်တယ်... ကျွန်ပ်လက်ကို လွတ်ပါ... ”

“ သဘောမတူဘူးဆိုရင် မလွတ်ဘူး ...”

“ လွတ်လိုက်ပါဗျာ ... ကျွန်တော် တောင်းပန်ပါတယ် ” 

“ မလွတ်ဘူး ... ကျွန်မနဲ့ အတူတူမအိပ်ဘူးဆိုရင် လုံးဝ မလွတ်ဘူး ”

“ အောင်မလေး ... ကယ်ကြပါအိုးဗျား ... ကယ်ကြပါအိုး ... ”

ကျွန်တော် လှန့်နိုးသလိုလိုဖြစ်သွားသည် ။

“ ဒေါက်...ဒေါက်...ဒေါက်....ဒေါက်... ” 

အခန်းတခါးခေါက်ပြီး 

“ ကိုရန်ကျော်...ကို ရန်ကျော်... တခါးဖွင့်ပေးပါ ခင်ဗျား ” 

“ ဘယ်သူလည်း မောင်မျိုးလား ” 

“ ဟုတ်ကဲ့ ကျွန်တော်ပါ " 

မောင်ရန်ကျော် မောက်မျိုးကို အခန်းတခါးဖွင့်ပေးပြီး သူမက်ခဲ့သော ကြောက်စရာကောင်းတဲ့ အိပ်မက်အကြောင်းကိုပြောတော့ 

“ ဟုတ်တယ် အကိုကြီး အရင်က ဒီအခန်းမှာ ကောင်မလေးတစ်ယောက် သူ့ကိုယ့်သူ သတ်သေခဲ့တယ်တဲ့ ”

“ ဟုတ်လား ... မင်းကို ဘယ်သူပြောပြတာလဲ ” 

“ အခုမွေးနေ့ပွဲလုပ်တဲ့ ကျွန်ပ်သူငယ်ချင်းပြောပြတာ ၊ အရင်က သူတို့အတွေ ဟိုဘက်က အခန်းမှာလာနေပြီးပြီတဲ့ ၊ အကုန်လုံး သရဲခြောက်လိုကြောက်လို့ ပြောင်းသွားကြတယ်တဲ့ ”

“ ဒါဆို ငါ့တို့ ဘယ်လိုလုပ်ကြမလဲ ” 

“ ကျွန်တော် ဘယ်သိမလဲ အကိုဘဲ အခန်းဈေးသန့်တယ်ဆိုပြီး သုံးလစာ စပွန်ပေးလိုက်ပြီးပြီ မဟုတ်လား ” 

“ အေးကွာ ... ငါ့တို့နှစ်ယောက်တော့ ဒုက္ခဘဲ .. အခန်းထပ်ငှားဖို့ကလည်း လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူး ” 

သူတို့နှစ်ယောက်ခပ်ကြောက်ကြောက်နဲ့ တစ်ယောက်တစ်ကုတင်စီ မအိပ်ရဲးတော့ဘဲ တစ်ကုတင်ကိုနှစ်ယောက်ပေါင်းပြီးအိပ်လိုက်ကြရာ မိုးလင်းသွားလေတော့သည် ။

ပြီးပါပြီ... စားလုံးပေါင်းမှားနေပါက ပြင်ပြီးဖတ်ကြပါရန် သနားခံပါသည်။

ဆက်လက်ကြိုးစားလျှက်....... ရန်ကျော် ( ထားဝယ် )















Tuesday, January 21, 2014

အင်တာဗျူးဆိုလား ဖင်တာဗျူးဆိုလား ...



ဒီနေ့ နေ့လည် ၁၀:၀၀ နာရီလောက်မှာ လူနှစ်ယောက် ကျွန်ပ်ဆီရောက်လာတယ်ဗျ ။ တစ်ယောက်က ကင်မရာအကြီးကြီးတစ်လုံးထမ်းထားပြီး နောက်တစ်ရောက်က မိုက်တစ်လုံးနဲ့ ကျွန်ပ်ကိုဝင်လာမေးကြတယ်ဗျာ။ အင်တာဗျူး ဆိုလား ဖင်တာဗျူးဆိုလား မသိ။ သူတို့က

ကျွန်ပ်ကိုမေးကြတယ်ဗျ။ 


 “ မင်္ဂလာပါညီလေး ”


“ ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျား ” 


ဘယ်ရမလဲ ကျွန်တော် ပြန်ပြောလိုက်တာပေါ့ ။


“ ကျေးဇူးပြုပြီး ညီလေးနာမည် သိပါရစေ ”


“  ဆောရီးဗျာ ကျွန်ပ်မှာ ညီလေးမရှိဘူးခင်ဗျား ညီမလေးဘဲ ရှိတယ် ”


“ အော်.... မင်းကိုမေးနေတာ ”


“ အော်... ကျွန်တော်လည်း ရွာကို မရောက်ဖြစ်တာ ကြာလို့ ဘာသူမင်းဖြစ်နေမှန်းမသိဘူးဗျ ”


“ ဘာတွေရှောက်ပြောနေတာလဲ မင်းနာမည်မေးနေတာ 

What is your name ? ”


“ ကျွန်ပ်ကိုမေးနေတာလား မသိလိုပါဗျာ ။ ကျွန်ပ်နာမည် ရန်ကျော်ပါ ”


“ အခု you ကျောင်းပြီးပြီလား ”


“ ဟုတ်ကဲ့ ပြီးပါပြီ ခင်ဗျား ” 


“ ဒါဆို ဘွဲ့ရော ယူပြီးပြီလား " 


“ ယူထားပြီးပါပြီ ခင်ဗျား ” 


“ ဘွဲ့ရထားပြီးပြီဆိုတော့ ဘယ်အလုပ်တွေ လုပ်ဖို့ အစီစဉ်ရှိပါသလဲ ” 


“ မိဘကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ လယ်ထဲဆင်းပြီး ကောက့်စိုက်ရမှာပေါ့ "


“ ဘွဲ့ရထားပြီးတော့ ဘာဖြစ်လို့ ကောက်စိုက်ချင်တာလဲ ဟင် "


“ ဘွဲ့သာရထားပေမဲ့ ကျွန်တော်တို့ ကို နိုင်ငံတော်အလုပ်မပေးနိုင်ဘူးလေဗျာ”

“ ဒါနဲ့ စကားမစပ် ငါ့ညီ ဘာဘွဲ့ရထားတာလဲ ” 


“ အရှင် ဝိမလ ဆိုလားဘဲ ။ ရွာဦးကျောင်းမှာ ကိုရင်ဝတ်တုန်းက ဆရာတော် ပေးထားတာ ” 

 ရန်ကျော် ( ထားဝယ် )

အိပ်မက်ထဲက အချစ်ဇာတ်လမ်း


                 မနက်ဖြန် အလုပ်နားရက်ဆိုပြီး ပီတိတွေနဲ့ လှချင်လွန်းလို့ မရိပ်တတ်ဘဲ ရိပ်ထားတဲ့ အန်းဂလီးဘက် ( angry bird ) လို မျက်ခုံးလေးတွေ ၊ အထဲကိုကွေ့ဝင်နေတဲ့
 သူ့ရဲ့ နှာတံလေးတွေ ၊ ပြောင်းဖူးလေးလို တန်းစီပြီး ဝါဝင်းနေတဲ့ သူ့ရဲ့ သွားလေးတွေ ၊ စိတ်မဆိုးဘူးဆိုပေမဲ့ 
အမြဲတမ်း စူနေတတ်တဲ့ သူ့ရဲ့ နှုပ်ခမ်းလေးတွေ ၊ မနေ့တစ်နေ့ကမှ ဖျောက်ထားတဲ့ သူ့ရဲ့
 ဆံပယ်လေးတွေကို ဖီးပြီး ခေါင်းဖီးကို လက်ထဲမှာကိုင်ကာ အိပ်ပျော်နေတဲ့ ဇနီးရဲ့အလှက ကဗျာမဆန်ဘူးဆိုပေမဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်တဲ့ ကျွန်ပ်ကိုတော့ စိတ်မထိမ်းနိုင်လောက်အောင် ရင်ခုန်စေခဲ့ပါတယ် ။ 
                    ရင်တွေခုန်ပေမဲ့ သူ့ကို သိပ်ချစ်ရတဲ့ ကျွန်တော် သူ့နိုးသွားမှာ စိုးရိမ်လို့ ခုန်နေတဲ့  
ရင်ဘက်ကို ခဏမေ့ထားပြီး အလိုက်တသိနဲ့ ကုတင်ပေါ်မှာ အစွမ်းကုန် အလှပြနေတဲ့ ဇနီးသည်ကို
 စောင်ချိုပေးပြီး အိပ်လိုက်တယ် ။ အိပ်နေတယ်ဆိုတော့ မျက်လုံးတွေက မှိန့်ထားတာပေါ့ ဒါပေမဲ့ သူငယ်ချင်းတွေကို နောက်ထပ် ဟာသဝတ္ထုတိုလေးရေးပေးမယ်လို့ပြောထားတဲ့အတွက် ကျွန်တော် အတွေးများနဲ့ ရွာလည်ပြီး နံနက်ခြောက်နာရီလောက်ထိ လုံးဝအိပ်မပျော်ခဲ့ဘူး ။ ဒီလိုသာ မအိပ်ဘဲဆက်တွေးနေလိုကတော့ ဘာမှာအကျိုးရှိလာမှာ မဟုတ်ဘူး ဒါကြောင့် အိပ်ပျော်နေတဲ့ အချစ်ဇနီးကို နိုးပြီး 
“ မိန်းမရေ... ကိုယ့်ကို တစ်ခုလောက်ကူညီလို့ရမလား ” လို့ ကျွန်တော် မေးလိုက် တော့ 

“ ကိုရန်ကျော်ကလည်း ဘာမှန်းလဲ မသိဘူး ” တဲ့
 အော် သူလည်း တစ်နေကုန် အလုပ်လုပ်ထားရတယ်ဆိုတော့ ပင်ပန်းရှာမှာပေါ့လေ။ဒါပေမဲ့ အိပ်လို့မပျော်တဲ့ ကျွန်တော်ကတော့ တခုခု စားလိုက်ရမှာ အိပ်ပျော်မယ် ထင်ပါရဲ့ ။

“ မိန်းမရယ် ကိုယ့်ယောင်္ကျားကို ဒီဟာလေးလောက်တောင် ကူညီလို မရဘူးလား ” ကျွန်တော် ထပ်ပြီးမေးလိုက်သေးတယ် ။

“ တောင်းပန်ပါတယ် ကိုရန်ကျော်ရယ်.... ကျွန်မနေမကောင်းဘူး ” 

မိန်းမက စိတ်တိုပြီး အခုလို ခပ်ဆပ်ဆပ်လေးပြောတော့ ကျွန်တော် လုံးဝစိတ်မကောင်းဘူးဗျာ။

အခုထိ အိပ်မပျော်သေးတဲ့ ကိုယ့်ယောင်္ကျားတစ်ယောက်လုံးကို သူ့နဘေးမှာရှိတဲ့ အိပ်ပျော်ဆေးဘူးလေးတောင်မှ  မယူပေးချင်ဘူးလားဟု စိတ်တိုတိုနဲ့တွေးပြီး ဆေးကိုကိုယ့်ဘာသာကို ထယူသောက်ပြီး အိပ်လိုက်တယ် ။ တစ်မီနစ် နှစ်မီနစ်အတွင်းမှာဘဲ ကျွန်တော် နှစ်ခြိုက်စွာအိပ်ပျော်ပြီး အိပ်မက်ခဲ့ပါတယ်။ 
             အိမ်ခြေ တစ်ရာကျော်ကျော်လောက်သာရှိတဲ့ ကျွန်တော်တို့ရွာမှာ အိမ်ထောင်ကျတာ ခြောက်နှစ်ကျော်လောက်ရှိပြီး ကလေးတစ်ယောက်မှ မထွန်းကားခဲ့တဲ့  ဒေါ်ညိုသိမ်းခေါ် အဒေါ်ကြီးတစ်ယောက်မှာ တစ်ဘက်ရွာကို ဈေးရောင်းသွားရင် ကလေးတစ်ယောက် ကောက်ရလာသည်ဟု 
အသံကြားရလို့ ၎င်းကလေးအားလာကြည့်နေကြသသည်မှာ ဒေါ်ညိုသိမ်းတို့ အိမ်ခြံကွမ်းပြင်ကြီး တစ်ခုလုံး လူတွေပြည့်ကျပ်ဆူညံနေသည်။ ကလေးကဘယ်ပုံဘယ်လိုနေလည်းဆိုတာ ကျွန်တော်လည်းသိချင်လို့ ဝင်တိုးကြည့်နေချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက်ရောက်လာပြီး 
“ ဟေး......  အားလုံးနားထောင်ကြ ၊ ဒီမှာ ကလေးအမေကိုတိုင် ကျွန်ပ်ကိုလာပေးခိုင်းလိုက်တဲ့စာပါ ” အဲလူကြီး 
အော်သံကြောင့် ဆူဆူညံနေတဲ့ ခြံကွင်းထဲက လူစုကြီးမှာ အပ်ကျသံတောင်ကြားရမဲ့ အချိန်နေလောက်ထိ ငြိမ်သက်သွားလေသည် ။ 
“ အဲဒီစာကိုသာ ဖတ်ကြည့်စမ်းဗျာ ဘာတွေများရေးထားလဲလို့ " ကျွန်တော် စပ်စုပြီးဝင်မေးလိုက်သည်။
“ ဒီလိုဗျ 
သို့ 

      မညိုသိန်းရှင့် ကျွန်မက ကလေးရဲ့အမေ မစီရိုးပါ ။
အခုလို ကျွန်မခလေးကို မညိုသိန်း ခိုးသွားတာ လုံးဝစိတ်မကောင်းပါဘူး ။ကျွန်မတို့ကလေးကို ခူးသွားတာ ဘာရည်ရွယ်ချက်နဲ့လည်းဆိုတာ သိချင်ပါတယ်။
ကလေးကိုတစ်ကယ်လိုချင်လို့လား ဒါမှမဟုတ် ကျွန်မတို့ဆီကများ တစ်ခုခုလိုများချင်လို့ချင်လို့လား ။
မညိုသိန်းတို့ဘက်က လိုချင်တာရှိရင် အခုစာလားပေးတဲ့ မောင်တေချောကိုပြောလိုပ်ပါ ကျွန်မတို့ အချိန်မရွေး နေရာမရွေးလာပေးမယ် ။ 

“ Ok .... Stop stop လိုက်ပါ ကိုတေချော ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်ခုလောက်ပြောပါရစေ ဗျာ .... ” 
အမေလေး .......ကျွန်တော် ဘယ်လောက်များ အင်္ဂလိပ်စကားပြောချင်နေလည်း မသိဘူး အိပ်မက်ထဲမှာတောင် မရှောင်ဘူးဗျာ။

“ စကားပြောတာများကွာ  မိုးများရွာသလား အောင်မေ့ရတယ် ” 

နဘေးက အကိုကြီးတစ်ယောက် ကျွန်ပ် စထွေးစင်လို့တဲ့ ထအော်နေတယ်

“ ဒေါ်စီရိုးကို ပြောလိုပ်ပါဗျာ ဒီကလေးကို ဒေါ်ညိုးသိန်းကောက်လာတာ ခိုးလာတာ မဟုတ်ဘူးလို၊
နောက်ပြီး ပြန်လည်းပေးပါမယ် ဒါပေမဲ့ ဒေါ်စီရိုးတို့ဘက်က တကယ်စေတနာရှိလို့ ကလေးကို တစ်ခုခုနက် ပြန်လာလှဲမယ်ဆိုရင်ပေါ့ ကျွန်တော်တို့ဘက်က ဘယ်ညှင်းလို့ကောင်းပါမလဲပေါ့ ။

“ ရန်ကျော် မင်းစကားရှည်မနေနဲ့ ဘာလိုချင်လဲပြောလိုက် ” 

ကလေးကိုကောက်လာတဲ့ ဒေါ်ညိုသိန်းက ကျွန်ပ်ကိုဝင်ပြောတယ် .

“ ဒါဆိုဒီလိုလုပ်ဗျာ ... ဒီည ၇:၀၀ နာရီ တိတိမှာ ရွာထိပ်က လမ်းသုံးဆုံမှာ ကလေးကိုလာခေါ်ပါ ”

“ အာလကား လား ... မင်းတို့ဘက်က ဘာမှ မတောင်းဆိုတော့ဘူးလား ”

“ စေတနာရှိတယ် ဆိုရင်တော့ ထမင်းကြော်ပုဇွန် တစ်ပွဲနဲ့ လာလဲပါ ”

ကျွန်ပ်ရဲ့ စကားစဆုံးမှာ “ ကတိနော် ” လို့ပြောပြီး ကိုတေချော တစ်ယောက်ဆိုင်ကယ်စီးပြီး သူတို့ရွာဘက်သို့ ထွက်သွားလေတော့သည် ။
 
“ ဘာကောင်မှန်းလည်းမသိ  သောက်သုံးကိုမကျဘူး ..ကလေးတစ်ယောက်ကို ထမင်းကြော် တစ်ပွဲနဲ့လဲ ရတယ်လို့ ”  ကျန်ရစ်ခဲ့တဲ့ လူအုပ်စုကြီးကတော့ ကျွန်ပ်ကို ဝိုင်းဆူနေကြသည်။

ည ၇:၀၀ နာရီ လည်းရောက်ရော ကျွန်ပ်တို့ရွာထိပ်က လမ်းသုံးဆုံမှာ ကလေးကို ထမင်းကြော်နဲ့ သွားလဲကြရာ ကတိမတည်တဲ့ တစ်ဘက်ရွာကပါလာတဲ့ ထမင်းကြော်ထဲမှာ ပုဇွန်မပါဘူးဆိုပြီး ကျွန်တော်တို့ဝိုင်းရိုက်ကြတော့ ကျိုးတဲ့လူတွေကျိုး ကန်းတဲ့လူတွေ ကန်းကုန်ကျတာပေါ့ ။
ကံဆိုးချင်တော့ မြို့က ရဲတွေရောက်လာပြီး ကျွန်တော်တို့ကို ဖမ်းကာ ထောင်သုံးစီ ချတယ်ဗျ.....

အဲဒီချိန်မှာ ကျွန်တော် ငိုပါလေရောဗျာ .. အကြာသေးခင်ကမှ ယူထားတဲ့ ပူပူနွေးနွေးလေးရှိတဲ့ ကျွန်ပ် ဇနီးသည်နဲ့ ခွဲပြီး သုံးနှစ်တောင်နေရမယ်ဆိုတော့ ဆရာရယ် ကိုယ်ခြင်သာ စားကြည့်ပါတော့ဗျာ ။
ကျွန်ပ် ဇနီးနဲ့ ကျွန်တော် အပြင်မှာ တစ်ခါမှ ခွဲပြီး မအိပ်ဖူးဘူးဆိုတော့ သုံးနှစ်ဆိုတဲ့ အချိန်ကတော့ တော်တော့ကို များလွန်းပါတယ်ဗျာ။

ကျွန်တော်ငိုကြွေးရင် လွမ်းရင်နဲ့ သုံးနှစ်ပြည့်လို့ ထောင်ကလွတ်တော့ ဝမ်းသာအားရနဲ့ မိန်းမစီပြေးရတာပေါ့ ။ အိမ်ရောက်တော့ မိန်းမကို မတွေ့ဘူး ။ ကျွန်ပ် မိန်းမဘယ်သွားနေလဲလို့ အမေ့ကို မေးတော့ 

“ မင်းမိန်းမ အိမ်ကထွက်သွားတာ မင်းထောင်ကျပြီး ကဒဲက ” တဲ့ 

“အောင်မလေး အသဲတော့ ဟတ်တတ်ကွဲပါပြီ ”လို အော်ပြီး ငိုလိုက်တော့ ကိုယ့်အသံကိုယ်လန့်ပြီး ကျွန်တော် အိပ်ရာက လန့်နိုးသွားတယ် ။ 

ကျွန်တော် နိုးလို့ မိန်းမဘက် လှဲ့ကြည့်တော့ မိန်းမက မရှိပြန်ရော...သူဘယ်သွားနေပါလိမ်း..
တကယ်ဘဲ ကျွန်ပ်ကို ထားသွားပြီးလာလို့ ထင်ပြီး 
“ မိန်းမရေ...မိန်းမ...” လိုခေါ်လိုက်တော့ 

“ ကျွန်မ ရေးချိုးနေတယ် ကိုရန်ကျော်..” တဲ့ တော်သေးတာပေါ့ဗျာ အိပ်မက်က တစ်ကယ်မဟုတ်လို့.......

မရယ်ရဘူးနော် ... ဒါပေမဲ့ ကျနော်တော့ ရယ်ရတယ် ... အိပ်မက်ကို တကယ်ထင်ပြီး ထအော်နေလို......


ပြီးပါပြီ.....


ရန်ကျော် ( ထားဝယ် ) 

ဆက်လက်ရေးချင်ပါသေးတယ် ဒါပေမဲ့ ခဏနားထားဦးမယ်...ကျွန်ပ်မှာ ဖတ်စရာ စာအုပ်တွေ များနေလို့ 

၁. အရှုပ်ထဲက မန်နေဂျာ 
၂. နံသာဖြင့် ထုံမွမ်းအပ်သော
၃. တက္ကသိုလ် ရဟန်းပျို ဓမ္မစာစောင် ( သုံးလေးအုပ် )
၎. အငံကြီး ကျသူများ
၅.  သေကိန်းဆိုက်သူများ
၆. ရွှေစကားပုံ ရွှေအဆိုအမိန့်များ
၇. ကိုယ်ထူးကိုယ်ချွန်သမားအတွက်

ငှားဖတ်မယ်ဆိုရင်တော့ ပြောပေါ့နော်.... 


 



 


 










    

                    

 

Blogger news

Blogroll

About

ကျွန်တော်နာမည်က ရန်ကျော် လို့ခေါ်ပါတယ်။ ဝတ္ထုရေးတာကို အရမ်းဝါသနာပါတယ် ။ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်ကတော့ အရူးမူးပါဘဲ။ အခုလို ကျွန်ပ်ရဲ့ ဝတ္ထုတိုလေးတွေကို မဖတ်ချင် ဖတ်ချင်နဲ့ လာဖတ်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်ခင်ဗျား ။ ကျွန်ပ်ကို အားပေးစကားလေးတွေ ပြောမယ်ဆိုရင်တော့ yankyawlove@gmail.com အမှာ စကား ၊ အားပေးစကားတွေ ပေးပို့နိုင်ပါတယ်ခင်ဗျား။