Pages

ရန်ကျော်. Powered by Blogger.

Tuesday, January 21, 2014

အင်တာဗျူးဆိုလား ဖင်တာဗျူးဆိုလား ...



ဒီနေ့ နေ့လည် ၁၀:၀၀ နာရီလောက်မှာ လူနှစ်ယောက် ကျွန်ပ်ဆီရောက်လာတယ်ဗျ ။ တစ်ယောက်က ကင်မရာအကြီးကြီးတစ်လုံးထမ်းထားပြီး နောက်တစ်ရောက်က မိုက်တစ်လုံးနဲ့ ကျွန်ပ်ကိုဝင်လာမေးကြတယ်ဗျာ။ အင်တာဗျူး ဆိုလား ဖင်တာဗျူးဆိုလား မသိ။ သူတို့က

ကျွန်ပ်ကိုမေးကြတယ်ဗျ။ 


 “ မင်္ဂလာပါညီလေး ”


“ ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျား ” 


ဘယ်ရမလဲ ကျွန်တော် ပြန်ပြောလိုက်တာပေါ့ ။


“ ကျေးဇူးပြုပြီး ညီလေးနာမည် သိပါရစေ ”


“  ဆောရီးဗျာ ကျွန်ပ်မှာ ညီလေးမရှိဘူးခင်ဗျား ညီမလေးဘဲ ရှိတယ် ”


“ အော်.... မင်းကိုမေးနေတာ ”


“ အော်... ကျွန်တော်လည်း ရွာကို မရောက်ဖြစ်တာ ကြာလို့ ဘာသူမင်းဖြစ်နေမှန်းမသိဘူးဗျ ”


“ ဘာတွေရှောက်ပြောနေတာလဲ မင်းနာမည်မေးနေတာ 

What is your name ? ”


“ ကျွန်ပ်ကိုမေးနေတာလား မသိလိုပါဗျာ ။ ကျွန်ပ်နာမည် ရန်ကျော်ပါ ”


“ အခု you ကျောင်းပြီးပြီလား ”


“ ဟုတ်ကဲ့ ပြီးပါပြီ ခင်ဗျား ” 


“ ဒါဆို ဘွဲ့ရော ယူပြီးပြီလား " 


“ ယူထားပြီးပါပြီ ခင်ဗျား ” 


“ ဘွဲ့ရထားပြီးပြီဆိုတော့ ဘယ်အလုပ်တွေ လုပ်ဖို့ အစီစဉ်ရှိပါသလဲ ” 


“ မိဘကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ လယ်ထဲဆင်းပြီး ကောက့်စိုက်ရမှာပေါ့ "


“ ဘွဲ့ရထားပြီးတော့ ဘာဖြစ်လို့ ကောက်စိုက်ချင်တာလဲ ဟင် "


“ ဘွဲ့သာရထားပေမဲ့ ကျွန်တော်တို့ ကို နိုင်ငံတော်အလုပ်မပေးနိုင်ဘူးလေဗျာ”

“ ဒါနဲ့ စကားမစပ် ငါ့ညီ ဘာဘွဲ့ရထားတာလဲ ” 


“ အရှင် ဝိမလ ဆိုလားဘဲ ။ ရွာဦးကျောင်းမှာ ကိုရင်ဝတ်တုန်းက ဆရာတော် ပေးထားတာ ” 

 ရန်ကျော် ( ထားဝယ် )

No comments:

Post a Comment

 

Blogger news

Blogroll

About

ကျွန်တော်နာမည်က ရန်ကျော် လို့ခေါ်ပါတယ်။ ဝတ္ထုရေးတာကို အရမ်းဝါသနာပါတယ် ။ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်ကတော့ အရူးမူးပါဘဲ။ အခုလို ကျွန်ပ်ရဲ့ ဝတ္ထုတိုလေးတွေကို မဖတ်ချင် ဖတ်ချင်နဲ့ လာဖတ်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်ခင်ဗျား ။ ကျွန်ပ်ကို အားပေးစကားလေးတွေ ပြောမယ်ဆိုရင်တော့ yankyawlove@gmail.com အမှာ စကား ၊ အားပေးစကားတွေ ပေးပို့နိုင်ပါတယ်ခင်ဗျား။