Thursday, December 26, 2013
ဘဝပေးကုသိုလ်
ဘဝပေးကုသိုလ် ( ဟာသဝတ္ထုတို )
အိမ်ရှင်တို့ရဲ့ ဆူညံသံတွေကြောင့် ကျွန်တော်တို့ မိသားတစ်စု အိပ်ယာမှာ လန့်နိုးမိသည်။ ကျွန်တော်ဇနီးသည်ဖြစ်သူကလည်း အိပ်ယာမှ ဂမန်းဂဒန်းထကာ ကလေးတွေကိုနို့ချိုတိုက်ကြွေးရင် ကျွန်ပ်ကိုလှမ်းမေးလိုက်သည်။ “ ဒီမှာ ဒီမှာ ရှင်ညက ဘယ်ချိန်မှအိမ်ပြန်ရောက်သလဲ ” တဲ့ ။ ဒီမေးခွန်းဟာ ကျွန်ပ်ဇနီးသည် နေ့တိုင်းမေးနေကြမှို့လို ကျွန်တော်အရေးမလုပ်။ ဒါပေမဲ့ ဇနီးဖြစ်သူကတော့ ဆက်လက်ပေါက်ပေါက်ဖောက့်နေမြဲပါ။ “ ဒီမှာ ရှင့်တစ်ယောက်တည်း အပြင်ထွက်ပြီးဟိုသွားလိုက် ဒီသွားလိုက်နဲ့ တော်တော်ပျော်နေတယ်ပေါ့ ဟုတ်လား ။ မိန်းမ မပါဘူးဆိုပြီး တွေ့ရာမိန်းကတွေနဲ့ ထင်ရာစိုင်းမနေနဲ့ ။ အိမ်မှာ ကလေးတွေနဲ့ မိန်းမရှိတယ်ဆိုတာလည်း ရှင်သိအုံး။ ရှင်အပြင်သွားပြီးအလုပ်လုပ်တယ်ဆိုတာ ဘယ်မှာလည်း ။ ဘယ်မှာလည်း ရှင်ပြောစမ်း ။ ကျွန်မနဲ့ကလေးတွေအတွက်ဘယ်မှာလည်း ” ကျွန်ပ်မိန်းမ၏ ပေါက်ပေါက်ဖောက်သံတွေကြောင့် ကျွန်တော်စိတ်ကိုမထိန်းနိုင်တောဘဲသူ့စကားမဆိုမှာပင် ပေါက်ကွဲမိလိုက်သည် ။ “ဒီမှာ မိန်းမ မင်းစကားတွေ အစွန်းထွက်နေပြီနော် ငါဒီထက်ပိုပြီး အသည်းမခံနိုင်တော့ဘူး။ ” ကျွန်တော်ပြန်ဟောက်လိုက်တော့ သူပြန်ညိမ်သွားပြီ ထင်းပါရဲ့ ။ ဟုတ်တယ်ဗျာ ကျွန်တော်က ဘဝပေးကုသိုလ်မကောင်းလို့သာ သူများပစ္စည်းခိုးပြီး စားနေရာတာ။ ဒါပေမဲ့ မိသားစုအပေါ်မှာတော့ ဘယ်တော့မှ သစ္စာမဖောက်။ ကျွန်တော် ဘာဖြစ်လိုဒီလိုလုပ်နေရတယ်ဆိုတာမိန်းမနဲ့ ကလေးတွေကလည်း အသိဘဲ ။ နောက်ပြီး မြန်မာနိုင်ငံမှာ လူတွေက သူ့တို့ကိုသူတို့ အရမ်းထင်ကြီးကြတယ် ။ ကျွန်တော်တို့ မိသားစုနဲ့ အမျိုးတွေကိုဆိုရင် ဘယ်သူကမှ အသိမှတ်မပြု ။ ဒါကြောင့်လည်း သူခိုးဘဝကို ရောက်နေတာပေါ့ ။ ညကဖြစ်ခဲ့တဲ့ ပြဿနာကိုသာကြည့်ပါလား ။ ပိုင်ပြီဆိုပြီး ဟိုဘက်အိမ်က မီးဖိုခန်းထဲက ငါးခြောက်တွေကို ဝင်ခိုးတာ လက်ထဲရောက်ခါနီးမှ အလိုက်မသိတဲ့ ကြောင်က အတင်းလိုက်ကိုက်တော့တာပေါ့ ။ ကျွန်တော်လည်း တွေ့ရာအပေါက်ကိုပြေးရင် မကျတကျလေးတင်ထားတဲ့ ဆားဖူးကိုဝင်တိုက်မိရာ ၄င်းဆားဖူးဟာ ကြမ်းပြင်ပေါ်သို့ကြပြီး ဂွမ်းကနဲ အသံပေးပြီးကွဲလေးတော့သည်။ ထိုအသံကြောင့် အိမ်ရှင်များက ဓါတ်မီးတစ်လုံးစီနဲ့ ကျွန်ပ်ကို ဝိုင်းရှာနေကြတာပေါ့ ။ သူ့တို့လက်ထဲမှလည်း ဒုတ်တွေဓါးတွေနဲ့ဆိုတော့ ကျွန်တော်လည်း ဘယ်ပြေးရက်ပါမလည်း အသာကလေးပုန်းနေရတာပေါ့ ။ နောက်ပြီး ကျွန်တော်ကို ကြိမ်နေကြသေးတယ် မင်းကိုတွေ့ရင် အသေသတ်ပစ်မယ် ။ အရှင်လတ်လတ် မီးရို့မယ်တဲ့ ။ ကျွန်တော် ရရာ သမ္ဗုဒ္ဓေ ဘုရား တရား သံဃာ တွေကို စိတ်ထဲကနေ ရွတ်နေရာတာပေါ့ ။ အချိန်အနည်းငယ်ကြာတော့ သူတို့တွေကို ကျွန်တော် တစ်ယောက်မှမတွေ့တော့ အိမ်ကိုပြန်ပြေးရန် စိတ်ကူးပြီး ကလေးနဲ့မိန်းမကို တမ်းသတိရမိသည်။ မနက်ဖြန် ငါ့တို့ မိသားစုဘာနဲ့စားရမလဲပေါ့ ။ တွေ့နေလိုမဖြစ်သေးဘူး တော်ကြာအိမ်အောက်ကခွေးနဲ့တိုးမှ ပြဿနာ ။ ဒီလိုတွေ့ပြီး ကျွန်တော်ပြန်ထွက်လာတော့ “ ဟေး မင်းဘယ်ပြေးအုံးမလို့လဲ ” တဲ့
ကျွန်ပ်မျက်နာကိုလည်း ဓါတ်မီးနဲ့ ဝိုင်းထိုးထားလိုက်ကြသည်။ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူးဆိုပြီး လက်ဦးကလေးချီကာ မျက်နှာသငယ်လေးနဲ့ လုပ်ပြလိုက်တော့ ကျွန်ပ်ကို သနားဟန်တူပါရဲ့ ။ လူတစ်ယောက်က ဝင်ပြောလိုက်သည်မှာ “ သနားပါတယ်ကွာ ဒီတစ်ခါတော့ လွတ်ပေးလိုက်ပါ ” တဲ့ ။ ဒါပေမဲ့ အခုလို ကျွန်ပ်ကိုပြန်လွတ်ပေးမှာ နောက်တစ်ယောက်ကတော့ သဘောမတူ ။ “ မလွတ်ပေးဘူးကွ ဒီတစ်ခါလွတ်ပေးလိုက်ရင် နောက်တစ်ခါပြန်ခိုးမှာဘဲ ” ဟုဆိုပြီး သူ့လက်ထဲက ဒုတ်နဲ့ ဝင်ရိုက်တော့ ကျွန်တော် အတင်းအော်ပြီးထွက်ပြေးလေသည်။ ကျွန်တော်အပြင်ဘက်ကိုရောက်တော့ သူတို့အချင်းချင်း စကားများနေကြသည်။ “ တွေ့လား အခုဘယ်လိုလုပ်မလဲ ။ ဒီကြွက်စုတ်က နောက်တစ်ခါ ပြန်လာအုံးပါမှာဘဲ“ တဲ့ ။ ဘဝ ဘဝ ကြွက်ဖြစ်ရတဲ့ ဘဝ မကောင်းပါလား ။
ကျွန်ပ်ရဲ့ ဝတ္ထုတိုလေးကို အားပေးတဲ့ ကိုကိုမမတို့ကို ထာဝရလေးစားလျှက်ပါခင်ဗျား ။ စာလုံးပေါင်းများ မှားနေရင်လည်း နားလည်ခွင့်လွတ်ပေးကြပါ ခင်ဗျား ။ ဆက်လက်ကြိုးစားလျှက် ရန်ကျော် ထားဝယ်.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment