Thursday, December 26, 2013
ဘဝပေးကုသိုလ်
ဘဝပေးကုသိုလ် ( ဟာသဝတ္ထုတို )
အိမ်ရှင်တို့ရဲ့ ဆူညံသံတွေကြောင့် ကျွန်တော်တို့ မိသားတစ်စု အိပ်ယာမှာ လန့်နိုးမိသည်။ ကျွန်တော်ဇနီးသည်ဖြစ်သူကလည်း အိပ်ယာမှ ဂမန်းဂဒန်းထကာ ကလေးတွေကိုနို့ချိုတိုက်ကြွေးရင် ကျွန်ပ်ကိုလှမ်းမေးလိုက်သည်။ “ ဒီမှာ ဒီမှာ ရှင်ညက ဘယ်ချိန်မှအိမ်ပြန်ရောက်သလဲ ” တဲ့ ။ ဒီမေးခွန်းဟာ ကျွန်ပ်ဇနီးသည် နေ့တိုင်းမေးနေကြမှို့လို ကျွန်တော်အရေးမလုပ်။ ဒါပေမဲ့ ဇနီးဖြစ်သူကတော့ ဆက်လက်ပေါက်ပေါက်ဖောက့်နေမြဲပါ။ “ ဒီမှာ ရှင့်တစ်ယောက်တည်း အပြင်ထွက်ပြီးဟိုသွားလိုက် ဒီသွားလိုက်နဲ့ တော်တော်ပျော်နေတယ်ပေါ့ ဟုတ်လား ။ မိန်းမ မပါဘူးဆိုပြီး တွေ့ရာမိန်းကတွေနဲ့ ထင်ရာစိုင်းမနေနဲ့ ။ အိမ်မှာ ကလေးတွေနဲ့ မိန်းမရှိတယ်ဆိုတာလည်း ရှင်သိအုံး။ ရှင်အပြင်သွားပြီးအလုပ်လုပ်တယ်ဆိုတာ ဘယ်မှာလည်း ။ ဘယ်မှာလည်း ရှင်ပြောစမ်း ။ ကျွန်မနဲ့ကလေးတွေအတွက်ဘယ်မှာလည်း ” ကျွန်ပ်မိန်းမ၏ ပေါက်ပေါက်ဖောက်သံတွေကြောင့် ကျွန်တော်စိတ်ကိုမထိန်းနိုင်တောဘဲသူ့စကားမဆိုမှာပင် ပေါက်ကွဲမိလိုက်သည် ။ “ဒီမှာ မိန်းမ မင်းစကားတွေ အစွန်းထွက်နေပြီနော် ငါဒီထက်ပိုပြီး အသည်းမခံနိုင်တော့ဘူး။ ” ကျွန်တော်ပြန်ဟောက်လိုက်တော့ သူပြန်ညိမ်သွားပြီ ထင်းပါရဲ့ ။ ဟုတ်တယ်ဗျာ ကျွန်တော်က ဘဝပေးကုသိုလ်မကောင်းလို့သာ သူများပစ္စည်းခိုးပြီး စားနေရာတာ။ ဒါပေမဲ့ မိသားစုအပေါ်မှာတော့ ဘယ်တော့မှ သစ္စာမဖောက်။ ကျွန်တော် ဘာဖြစ်လိုဒီလိုလုပ်နေရတယ်ဆိုတာမိန်းမနဲ့ ကလေးတွေကလည်း အသိဘဲ ။ နောက်ပြီး မြန်မာနိုင်ငံမှာ လူတွေက သူ့တို့ကိုသူတို့ အရမ်းထင်ကြီးကြတယ် ။ ကျွန်တော်တို့ မိသားစုနဲ့ အမျိုးတွေကိုဆိုရင် ဘယ်သူကမှ အသိမှတ်မပြု ။ ဒါကြောင့်လည်း သူခိုးဘဝကို ရောက်နေတာပေါ့ ။ ညကဖြစ်ခဲ့တဲ့ ပြဿနာကိုသာကြည့်ပါလား ။ ပိုင်ပြီဆိုပြီး ဟိုဘက်အိမ်က မီးဖိုခန်းထဲက ငါးခြောက်တွေကို ဝင်ခိုးတာ လက်ထဲရောက်ခါနီးမှ အလိုက်မသိတဲ့ ကြောင်က အတင်းလိုက်ကိုက်တော့တာပေါ့ ။ ကျွန်တော်လည်း တွေ့ရာအပေါက်ကိုပြေးရင် မကျတကျလေးတင်ထားတဲ့ ဆားဖူးကိုဝင်တိုက်မိရာ ၄င်းဆားဖူးဟာ ကြမ်းပြင်ပေါ်သို့ကြပြီး ဂွမ်းကနဲ အသံပေးပြီးကွဲလေးတော့သည်။ ထိုအသံကြောင့် အိမ်ရှင်များက ဓါတ်မီးတစ်လုံးစီနဲ့ ကျွန်ပ်ကို ဝိုင်းရှာနေကြတာပေါ့ ။ သူ့တို့လက်ထဲမှလည်း ဒုတ်တွေဓါးတွေနဲ့ဆိုတော့ ကျွန်တော်လည်း ဘယ်ပြေးရက်ပါမလည်း အသာကလေးပုန်းနေရတာပေါ့ ။ နောက်ပြီး ကျွန်တော်ကို ကြိမ်နေကြသေးတယ် မင်းကိုတွေ့ရင် အသေသတ်ပစ်မယ် ။ အရှင်လတ်လတ် မီးရို့မယ်တဲ့ ။ ကျွန်တော် ရရာ သမ္ဗုဒ္ဓေ ဘုရား တရား သံဃာ တွေကို စိတ်ထဲကနေ ရွတ်နေရာတာပေါ့ ။ အချိန်အနည်းငယ်ကြာတော့ သူတို့တွေကို ကျွန်တော် တစ်ယောက်မှမတွေ့တော့ အိမ်ကိုပြန်ပြေးရန် စိတ်ကူးပြီး ကလေးနဲ့မိန်းမကို တမ်းသတိရမိသည်။ မနက်ဖြန် ငါ့တို့ မိသားစုဘာနဲ့စားရမလဲပေါ့ ။ တွေ့နေလိုမဖြစ်သေးဘူး တော်ကြာအိမ်အောက်ကခွေးနဲ့တိုးမှ ပြဿနာ ။ ဒီလိုတွေ့ပြီး ကျွန်တော်ပြန်ထွက်လာတော့ “ ဟေး မင်းဘယ်ပြေးအုံးမလို့လဲ ” တဲ့
ကျွန်ပ်မျက်နာကိုလည်း ဓါတ်မီးနဲ့ ဝိုင်းထိုးထားလိုက်ကြသည်။ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူးဆိုပြီး လက်ဦးကလေးချီကာ မျက်နှာသငယ်လေးနဲ့ လုပ်ပြလိုက်တော့ ကျွန်ပ်ကို သနားဟန်တူပါရဲ့ ။ လူတစ်ယောက်က ဝင်ပြောလိုက်သည်မှာ “ သနားပါတယ်ကွာ ဒီတစ်ခါတော့ လွတ်ပေးလိုက်ပါ ” တဲ့ ။ ဒါပေမဲ့ အခုလို ကျွန်ပ်ကိုပြန်လွတ်ပေးမှာ နောက်တစ်ယောက်ကတော့ သဘောမတူ ။ “ မလွတ်ပေးဘူးကွ ဒီတစ်ခါလွတ်ပေးလိုက်ရင် နောက်တစ်ခါပြန်ခိုးမှာဘဲ ” ဟုဆိုပြီး သူ့လက်ထဲက ဒုတ်နဲ့ ဝင်ရိုက်တော့ ကျွန်တော် အတင်းအော်ပြီးထွက်ပြေးလေသည်။ ကျွန်တော်အပြင်ဘက်ကိုရောက်တော့ သူတို့အချင်းချင်း စကားများနေကြသည်။ “ တွေ့လား အခုဘယ်လိုလုပ်မလဲ ။ ဒီကြွက်စုတ်က နောက်တစ်ခါ ပြန်လာအုံးပါမှာဘဲ“ တဲ့ ။ ဘဝ ဘဝ ကြွက်ဖြစ်ရတဲ့ ဘဝ မကောင်းပါလား ။
ကျွန်ပ်ရဲ့ ဝတ္ထုတိုလေးကို အားပေးတဲ့ ကိုကိုမမတို့ကို ထာဝရလေးစားလျှက်ပါခင်ဗျား ။ စာလုံးပေါင်းများ မှားနေရင်လည်း နားလည်ခွင့်လွတ်ပေးကြပါ ခင်ဗျား ။ ဆက်လက်ကြိုးစားလျှက် ရန်ကျော် ထားဝယ်.
အမေ့မျက်ရည်
( အမေ့မျက်ရည် )
ဝတ္ထုတို စာလုံးပေါင်းမှားနေရင်လည်း ပြင်ပြီးဖတ်ကြပါရန် မေတ္တာရပ်ခံပါတယ် ခင်ဗျား။
နံနက် သုံးနာရီ မိနစ်သုံးဆယ်လောက်မှာ အိပ်ရာကထပြီး ဈေးဗန်းကို အသင့်ပြင်ကာ အိမ်မှာတစ်ယောက်တည်း ကျန်ရစ်ရမဲ့ လေးနှစ်သားအရွယ်ကျွန်မရဲ့သားလေးအတွက် စားဖွယ်သောက်ဖွယ်များ ချက်ပြုတ်နေချိန်မှာပင် ကြက်တွန်သံများနှင့်အတူ လမ်းမှ ခေါ်သံတစ်ခုကြားလိုက်ရသည်မှာ “ သူငယ်ချင်းရေ အဆင်သင့်ဖြစ်ပြီလား ဈေးသွားရအောင် " ထိုခေါ်သံအဆုံးမှာပင် ကျွန်မ ပြန်လှမ်းအော်လိုက်သည်။
“ ခဏလေးစောင့်ပါဦး သူငယ်ချင်းရေ ဒီမှာသားအထွက်ကြက်ဥကြော်ပေးနေလို့”
ကျွန်မမှာ ကြက်ဥကို ကဗျာကရာကြော်ပြီး အိပ်ပျော်နေတဲ့ သားလေးဆီပြေးကာ “ သားရေ မေမေဈေးသွားရတော့မယ် အိမ်နောက်မှာ သားအတွက် မေမေကြက်ဥကြော်ပေးခဲ့တယ် ၊
သားရေ ကြက်ဥကြော်လေးကမွေးနေတာဘဲ မေမေ့မှာစားချင်ရဲ့နက် အချိန်မရလို့ မစားတော့ဘူး
သားတစ်ယောက်တည်းသာ ဝအောင်စားလိုက်နော်....” ဟုပြောကာ အလွန်နူးညံ့တဲ့သားလေးရဲ့ ပါးပြင်နှစ်ဘက်ကို တရှုရှု နှမ်းကာ မှာနေမိသည်။ ကျွန်မရဲ့ စကားသံအဆုံးမှာ သားလေးရဲ့ချစ်စရာကောင်းတဲ့ မပီကလာပီကလာအသံလေးနဲ့ “ မေမေ တားတားတွက် မုန့်မုန့်ဝယ်ခဲ့နော်"
“ ဝယ်ခဲ့မှာပေါ့သားရယ် သားကိုမဝယ်ကျွေးရင် မေမေကဘယ်သူ့ကိုသွားဝယ်ကျွေးရမှာလဲ မေမေ့ရှာနေတဲ့ပိုက်ဆံတွေဟာ သားအတွက်ကြီးပါဘဲလို့ ငါသားသိထားပါနော် ကြားလား"
“ ဟုတ်ကဲ့ပါမေမေ”
“ ဒါဆိုရင် မေမေဈေးသွားတော့မယ်နော် ”
“ဟုတ်-ဟုတ်ကဲ့ပါ မေမေ”
အခုချိန်မှာ တစ်ယောက်တည်းကျန်ရစ်နေရတဲ့ သားလေးကို စိတ်မချဘူးဆိုတာထက် ဝင်ငွေရအောင်ရှာနိုင်ဖို့က ပိုအရေးကြီးပါတယ် ။ ဒါကြောင့် အသင့်ပြင်ထားတဲ့ ဈေးဗန်းကို ခေါင်းပေါ်ရွက်ကာ လမ်းမှာစောင့်နေတဲ့ ကျွန်မသူငယ်ချင်းနှင့်အတူ ဈေးကိုသွားရပါတော့တယ်။
လမ်းတစ်ဝက်လောက် ရောက်တော့ သူငယ်ချင်းနှင့်ကျွန်မမှာ နဖူးကလူးလှဲကျလာသော ချွေးလုံးများကြောင့် တစ်ကိုယ်လုံးရေးချိုးထားသလို စိုရွှဲနေတော့သည်။
“ ဪ ပိုက်ဆံပိုက်ဆံ လူတွေကို တော်တော်ဒုက္ခပေးတဲ့ ပိုက်ဆံ ”
ကျွန်မ ဘာကိုမှ မရည်ရွယ်ဘဲ ပါးစပ်မှ တတော့တော့ ပြောမိလေရာ
“ ဟား ....သူငယ်ချင်း အဲဒါ ငါနေ့တိုင်းပြောပြောနေတဲ့ ငါ့စကားလေ” သူကစိတ်ဆိုးတဲ့အမူအဟန်နက်ပေါ့။
“ သူငယ်ချင်းရယ် မင်းစကားလေးတစ်ခွန်း ယူပြောမိတာ ဒီလောက်လည်းအဖြစ်မသဲနေပါနဲ့ဟာ”
“ငါက စတာပါဟာ ဒါနက် စကားမစပ် မင်းယောကျာအကြောင်းရော ဘာတွေထူးသေးလည်း သူငယ်ချင်း”
“သူငယ်ချင်းကလည်း သိရက်နဲ့ မေးနေပြန်ပြီ အခုချိန် ငါ့ရဲ့ဘဝမှာ သူဆိုတာ မရှိတော့ပါဘူး သားလေးကသာ ငါ့အတွက် အဓိကဘဲ ”
“ အေးပါကွာ မင်းအမြင်မှန်ရဖို့က ငါအတွက် အဓိကလိုအပ်ချက်ဘဲ့ ။ ဒါပေမဲ့ ငါက ငါ့မိသားစုနဲ့ ပျော်နေတဲ့အချိန်မှာ မင်းကိုလည်း ငါ့လိုပျော်စေချင်တာပေါ့ ။ နောက်ပြီး မင်းအကြောင်း ငါ့ခေါင်းထဲရောက်လာပြီဆိုရင် ငါရင်မောမိတယ်သူငယ်ချင်း”
“ အေးပါကွာ ငါ့အတွက်နဲ့တော့ မင်းကိုရင်မမောစေချင်ဘူး ။ ငါကလည်း နေသားကျနေပြီလေ ဒါကြောင့် နောက်တခါ ငါ့အကြောင်းမတွေးပါနဲ့”
“ ဒါနဲ့ မင်းမိဘတွေကိုရော ဆက်သွယ်လုပ်သေးလား”
“ဘယ်လိုလုပ်ပြီး ဆက်သွယ်မလဲ သူငယ်ချင်းရာ သူတို့သဘောတူတဲ့လူကိုမှ ငါကမယူတာ”
“ အေးကွာ မင်းကလည်း မင်းမိဘတွေသဘောတူတဲ့ လူကိုယူမယ်ဆိုရင် အခုလို သားတစ်ယောက်နဲ့ ဒုက္ခရောက်နေမှာ မဟုတ်ဘူးဟ ”
“ ဘယ်တက်နိုင်မှာလည်း သူငယ်ချင်းရယ် ”
“ ဒါပေမဲ့ မင်းမိဘတွေကလည်းမမှားဘူးနော် သူတို့သဘောတူတဲ့ လူနဲ့မင်းကို အရင်ပေးတွေ့ပြီး မှ မင်းဘဲခေါင်းညှိတ်ခဲ့တော့ သူတို့ဘက်ကလည်းကျေကျေနပ်နပ်ကြီး မင်္ဂလာဖိတ်စာတွေရိုက်ပြီး
လိုက်ဝေတာပေါ့ ။ ဒီလောက်ထိ သူတို့ဘက်က ပြင်ဆင်ထားပြီးမှ မင်းကသူတို့သဘောမတူတဲ့ လူနဲ့ခိုးရာလိုက်ပြေးသွားတယ်ဆိုတော့ မင်းမိဘတွေကလည်း စိတ်ဆိုးပြီး သ္မီးအဖြစ်မှ စွတ်လွတ်တာပေါ့ ”
“တော်ပါပြီ သူငယ်ချင်းရာ ငါနောက်အကြောင်း ပြန်မတွေးချင်တော့ဘူး ” ကျွန်မတို့သူငယ်ချင်းနှစ်ယောက် ပြောပြောဆိုဆိုဖြစ် ငါးနာရီ မီနစ်သုံးဆယ်လောက်မှာ ဈေးကိုရောက်တော့သည်။
ဈေးကို အခုလို သူများတွေထက်အစောကြီးရောက်နေတယ်ဆိုတော့ ကျွန်မတို့ကြိုက်နှစ်သက်တဲ့ နေရာကောင်းလေးကို ရွေးယူလိုက်တာပေါ့ ။ ဒါပေမဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် ဘယ်အနည်းနဲ့မှ ခွဲပြီးတစ်နေရာစီမထိုင်ဘူး တစ်ယောက်ရွေးချယ်တဲ့နေရာ နောက်တစ်ယာက်လိုက်ထိုင်ကြတာ ။ နောက်ဆယ်မီနစ်လောက်ကြာတော့ ဈေးသည်တော်တော်များများရောက်လာကြပြီး ကျွန်မသူငယ်ချင်းနဘေးမှာ ပျောင်းဖူးသည်တစ်ယောက်နှင့် ကျွန်မနဘေးမှာ ကျွန်မလို ဟင်းသီးဟင်းရွက်ရောင်းတဲ့ဈေးသည် တစ်ယောက်ဟာ ကပ်လျှက်လာထိုင်ကြပါသည်။
ခြောက်နာရီလောက်လည်း ရောက်ရော ဈေးဝယ်တဲ့သူတွေ တဖြေးဖြေးများလာပြီ။
“ ဒီဘက်မှာ ချည်ပေါင် ကန်ဇွန်းရွက်နဲ့ ခရမ်းသီး လက်လက်ဆက်ဆက်လေးတွေ ရမယ်နော် ”
ကျွန်မလှမ်းအော်လိုက်ပြီး
“ ဒီဘက်ကလည်း ပျောင်းဖူးပူပူနွေးနွေးလေးတွေ ရှိသေးတယ်နော်”
ဒါနဲ့ ကျွန်မ သူငယ်ချင်းကလည်း အားကျမခံ
“ ဒီမှာလည်း မုံလာဥ နဲ့ မုံလာပန်းတွေ ပူပူနွေးနွေးလေးနော်”
သူငယ်ချင်းရဲ့အော်သံကြောင့် လူတွေအားလုံး တဟားဟားနက် ကွဲကျသွားပြီး ကျွန်မသူငယ်ချင်းမှာတော့ ရယ်ဖို့နေနေသာသာ မျက်လုံးလေးကလယ်ကလယ်ဖြစ် ပြုံးမဲ့မဲ့ကာ ငါယောင်သွားလိုပါ သူငယ်ချင်းရယ်...တဲ့။
ကွန်မရဲ့ ဟင်းသီးဟင်းရွက်တွေဟာ အများဈေးသည်တွေထက် ရောင်းကောင်းပါတယ်။ အကြောင်းမှာ ကျွန်မကို နေ့တိုင်းလာရောက်အားပေးကြတဲ့ ဈေးဝယ်သူတွေများလို့ပါဘဲ။ကျွန်မဈေးဝယ်သူတွေ အားလုံးကို ခင်မင်လေးစားသလို အားလည်းကိုးပါတယ်။ ဒီထဲမှာ ကျွန်မအကြိုက်ဆိုးသူတစ်ယောက်ရှိတယ် သူကအလယ်တန်းပြ ဆရာမတစ်ယောက်လေ။ ဒါပေမဲ့ သူ့ကို ကျွန်မက အလယ်တန်းပြ ဆရာမဖြစ်နေလို့ ကြိုက်တာတော့မဟုတ်ပါဘူး ။ သူဈေးလာဝယ်တိုင်း ကလေးနေကောင်းရဲ့လား သူဘယ်အရွယ်ရှိပြီလည်း ကလေးကချစ်စရာကောင်းမှာဘဲ စသဖြစ် ကျွန်မသားလေးကို ဂရုတစိုက်မေးတတ်လို့ပါဘဲ။ ယခုလည်း ကျွန်မမှာ ရောင်းစရာ အသီးအရွက်တွေကုန်တော့ သားလေးမှာလိုက်တဲ့ မုန့်နဲ့ သူသိပ်ကြိုက်တဲ့ ပုဇွန်တိုးတွေ ပြေးဝယ်ပြီး အိမ်ပြန်ဖို့ သူငယ်ချင်း ကို နှုတ်ဆက်လိုက်သည်။
“ သူငယ်ချင်း ငါအိမ်ပြန်တော့မယ်နော် ”
“ အေးပေါ့လေ မင်းဟာတွေ ရောင်းလို့ကုန်ပြီဆိုတော့လည်း အိမ်ကိုစောစောလေးပြန်ရတာပေါ့ ။ ငါလည်း ဒီလက်ကျန်လေးတွေ ကုန်ရင်လိုက်လာခဲ့မယ်လေ ”
“ ဒါဆို ငါသွားတော့မယ် ”
နှစ်ယောက်အတူလာပြီး သူငယ်ချင်း တစ်ယောက်တည်း ဈေးမှာကျန်ရစ်တယ်ဆိုတော့ ကျွန်မစိတ်မကောင်းပါဘူး ဒါပေမဲ့ ကျွန်မမှာအချိန်ပိုတယ်ဆိုတာ လုံးဝမရှိဘူး ။ အိမ်ခြံဝကိုရောက်တော့
“ မေမေ ပြန်လာပြီ ၊ မေမေ ပြန်လာပြီ ၊မေမေ ပြန်လာပြီ ”
သားလေး ရဲ့ အော်သံက ကျွန်မရဲ့နားမှာတဆစ် ရင်ဘက်အထဲထိ စူးရှဝင်ရောက်ပြီး ကျွန်မရဲ့မောပန်းမှုကို ဒီအချိန်မှာ တစ်ခမ်းရပ်နားစေတော့သည်။
“ သား-သားမှာလိုက်တဲ့ မုန့် ယူလေ ”
“ အင်-အင်း သားကမေမေနဲ့ အတူတူစားမှာ”
“ ဪသားရယ် မေမေ့ကိုတော်တော်ချစ်ရှာပါလား ” ဟု တွေးကာ သားနဲ့မုန့်အတူစားကာ ထမင်းဝင်ချက်လိုက်သည်။
“ မေမေ ရေ ..... အိမ်ရှေ့မှာ ဧည့်သည်ရောက်နေတယ် ”
သားကကျွန်မဆီအော်ပြီး ဝင်ပြေးလာသည်။
“ ဘယ်သူလဲ သား”
“ သား-သား မသိဘူး ”
“ မူမူစန်း ငါဘာကွာ”
ဒီအသံကျွန်မမှတ်မိတယ်။
“ ဟုတ်ကဲ့လာပါပြီ ”
သားလေးလက်ကို ဆွဲပြီး ကျွန်မအိမ်အရှေ့ကိုထွက်သွားတော့
“ ထူးထူးဆန်းဆန်းရှင် ဘာကိစ္စများရှိပါသလဲ ”
“ မင်းတို့သားမိ ဘာတွေလုပ်နေကြလဲ အဆင်ပြေကြရဲ့လား ”
“ အဆင်ပြေပါတယ် ဒါနဲ့လာရင်ကိစ္စကိုပြောဦးလေ ... ရှင် ”
“ အော် ....ဒီနေ နေ့လည် တစ်နာရီ ဘုန်းကြီးကျောင်းမှာ အစည်းဝေရှိတယ် ဒါကြောင့် လာခေါ်တာ”
“ ဟုတ်ကဲ့ ကျွန်မလာခဲ့မယ်”
“ အေ... ဒါဆိုငါသွားပြီ ”
ဪ....ဒီတစ်ခါ ထူးထူးဆန်းဆန်း ရွှာသူကြီးကိုယ်တိုင်လာဖိတ်တာကိုး။
နေ့လည်တစ်နာရီ အစည်းဝေးသွားတော့ ရွှာသူကြီးရဲ့ ဟောကြားချက်တွေက ကျွန်မအတွက် ကမ္ဘာပျက်ကိန်းဆိုက့်ရပါတော့တယ်။ “ စဉ်းစားကြည့်လေ တစ်အိမ်မှာတစ်ယောက် မဖြစ်မနေ အလုပ်အားပေးလိုက်ရမယ်တဲ့ တကယ်လို့မလိုက်နိုင်ခဲ့ရင် ဒဏ်ငွေ ကိုးထောင်ကျပ်တိတိ ပေးရမယ်တဲ့ ။အခုသွားရမဲ့ အလုပ်အားပေးကလည်း တစ်ရက်နှစ်ရက်လည်း မဟုတ်ဘူး။
အရက် သုံးဆယ်တဲ့ အရက်သုံးဆယ်ဆိုတော့ တစ်လပေါ့ ။ အောင်မလေး ဘယ်လိုလုပ်ရမလဲ။
ကျွန်မခေါင်းထဲမီးတွေ တောက်နေပြီ အကူညီတောင်းဖို့ကလည်း သူငယ်ချင်းတစ်ယောက်ဘဲရှိတယ် ။ သူ့မှာလည်း ကလေးတွေနဲ့ဆိုတော ကျွန်မကိုကူညီဖို့နေနေသာသာ သူခေါင်းလည်း မီးတောက်နေပြီထင်ပါရဲ့ ။ ဒါနဲ့ သားလေးနဲ့ခွဲပြီး အရက် သုံးဆယ် လိုက်သွားဖို့ဆိုတာလည်း မဖြစ်သေးဘူး ။ ဒဏ်ငွေ ကိုးထောင်ပေးမယ်ဆိုရင်လည်း လက်ထဲမှာ ပိုက်ဆံကလည်းမရှိဘူး ။ကျွန်မဈေးရောင်းလို့ရတဲ့ ပိုက်ဆံကလည်း တစ်နေ့မှ ငါးရာကျပ် ။ အလုပ်အားပေးလိုက်ရမဲ့အရက်ကလည်း လာမဲ့ ကြာသပတေးနေ့ ။ ဒီတစ်ပါတ်အတွင်းမှာ ပိုက်ဆံ ကိုးထောင်ကို ဘယ်လိုလုပ်ပြီးရှာရမလဲ” ဟု
ကျွန်မ ရင်မောတွေဝေစွာ တွေးကာ စိုက်ခင်းဆီသို့ဝင်သွားလေသည်။
ညနေလေးနာရီမီနစ်လေးဆယ်လောက်မှ စိုက်ခင်းထဲကိုရောက်တော့ သစ်ပင်များကို ကျွန်မကဗျာကရာ ရေလောင်းပြီး မနက်ပြန်ဈေးရောင်းဖို့အတွက် ဟင်းသီးဟင်းရွက်များကို ခူးရလေသည်။တစ်နေ့လုံး
အလင်းရောင်တွေပေးနိုင်တဲ့ နေလုံးကြီးမှာလည်း အပြာရောင်တောင်တန်းထိပ်မှ နီရဲစွာဖြင့် ကျွန်မကိုနှုတ်ဆက်နေပြီ ။ ကျွန်မမှာ ဟင်းသီးဟင်းရွက်တွေခူးလို့မပြီးသေးတော့ “ ကျေးဇူးပြု၍ ခဏလေးစောင့်ပြီး အလင်းရောင်တွေပေးပါဦးလား ” ဟု တွေးနေပေမဲ့ နေလုံးကြီးကတော့
တောင်ကွယ်သွားလေပြီ။ဒါပေမဲ့ နေလုံးကြီးမှ ချန်ထားခဲ့သော အလင်းရောင်တွေနှင့် ဟင်းရွက်များကို ကျွန်မဆက်ခူးနေသည်။ ဟင်းသီးဟင်းရွက်တွေခူးပြီးတော့ နေရောင်ပျောက်ပြီး လရောင်ဖြင့် ကျွန်မ အိမ်ကိုပြန်ရပါသည်။ အိမ်ကိုလည်းရောက် ကောင်းကင်မှာကြယ်တွေလည်းစုံ သားလေးလည်း အိပ်ပျော်နေပြီ။ ကျွန်မစိတ်မကောင်းစွာဖြစ် သားလေးကိုနိုးလိုက်ရသည် ။
“ သားလေး ထတော့မေမေပြန်လာပြီ ”
သားလေး မှာ အိပ်ရာက မှောင်ကုပ်ကုပ်ကလေးထလာပြီး
“ တားတား ဗိုက်ဆာနေပြီ ထမင်းစားရအောင် မေမေ ” တဲ့ ။ ဒါပေမဲ့ ကျွန်မကသားလေးကို ထမင်းအရင်မကျွေးဘူး ။ အများသောအားဖြစ် ကလေးတွေဟာ ထမင်းစားပြီးတာနဲ့ အိပ်ပျော်သွားကြတာ
များတယ်လေ ဒါကြောင့် သားလေးကို ရေအရင်ပေးချိုးပြီးမှ နေ့လည်က ကျန်နေတဲ့ ထမင်းချမ်းခဲလေးနှင့် ပိုးတွေတတ်နေတဲ့ ပုဇွန်ကြော်ကလေး ထုပ်ကျွေးလိုက်ရာ သားလေးမှာ ထမင်းစားလို့မကုန်သေးဘူး ထိုင်လျှက် အိပ်ပျော်နေပြီ ။ “ အော်.... သားလေးသားလေး ဘာကိုမှမသိသေးတဲ့ အပြစ်ကင်းလိုက်တဲ့ ငါ့သားလေး ” ဟု တွေးပြီး အိပ်ရာထဲသို့ ကျွန်မ မချီကာ
အိပ်စေလိုက်သည်။နောက်ပြီး ကျွန်မခူးလာသော ဟင်းသီးဟင်းရွက်များကို ရေဆေးသန်းရှင်းကာ
မနက်အတွက်ဈေးဗန်းကို အသင့်ပြင်ပြီး အိပ်ရာဝင်လိုက်သည်။
နံနက်အိပ်ရာမှထကာ သားလေးအတွက် စားဖွယ်သောက်ဖွယ်များ ချက်ပြုတ်ပြီး အိပ်ပျော်နေတဲ့
သားလေးကို နှိုးကာနှုတ်ဆက်ရသည်။ “ သားမေမေဈေးသွားတော့မယ်နော် အိမ်နောက်မှာသားအတွက် မေမေထမင်းကြော်ပေးခဲ့တယ် အိပ်ရာနိုးရင် ယူစားနော်”
“ ဟုတ် - ဟုတ်ကဲ့ မေမေ ”
“ ဒါဆို မေမေသွားတော့မယ်နော် ”
“ ဟုတ်ကဲ့ ... မေမေ တားတားအတွက်မုန့်မုန့် ဝယ်လာဖို့ မမေ့နဲ့နော် ”
အော်.. သားလေးသားလေး သူ့ဘဝမှာ တောင်းတစရာဆိုလို့ ဒီမုန့်နဲ့ဒီမေ နှစ်ခုဘဲသိတာကိုး” ဟု
ကျွန်မတွေးကာ “ ဝယ်ခဲ့မှာပေါ့သားရယ် ။ ဒါနဲ့ ”
ကျွန်မစကားမဆိုးမှာပင် “ သူငယ်ချင်းရေ အဆင်သင့်ဖြစ်ပြီလား ဈေးသွားမယ်လေ... ”
သူငယ်ချင်းရဲ့ခေါ်သံကြောင့် ကျွန်မသားလေးကို စကားမဆက်တော့ဘဲ နှိုတ်ဆက်လိုက်သည်။
“ သားမေမေသွားတော့မယ်နော် ”
“ ဟုတ်ကဲ့ပါ မေမေ ”
ကျွန်မဈေးဗန်းကိုရွက်ပြီး သူငယ်ချင်းဆီသို့ထွက်လာတော့ သူက တအံတသြဖြစ်ကာ ကျွန်မကို လှမ်းမေးလိုက်သည်။
“ သူငယ်ချင်းရယ် ဒီလောက်များတဲ့ ဟင်းသီးဟင်းရွက်တွေကို မင်းဘယ်လိုလုပ်ပြီး ရွက်နိုင်မလဲ ”
သူအံသြရင်လည်း အံသြစရာဘဲလေ ဒီနေကျွန်မရွက်လာတဲ့ ဈေးဗန်းကလည်း ကောက်ရိုးလည်းကြီးလိုဖြစ်နေတာကိုး။
“ ဪ သူငယ်ချင်းရယ် ငါ့သားလေးနဲ့ခွဲပြီး အလုပ်အားပေးလိုက်ဖို့ဆိုတာ ဖြစ်ဘူးလေ။ ဒဏ်ငွေ
ကိုးထောင်ဘဲငါပေးတော့မယ် ။ ဒါကြောင့် ငါဟင်းသီးဟင်းရွက်တွေ များများခူးလာတာပေါ့ ”
“ အေးဟ... ငါတို့ရွှာသူကြီးကလည်း မင်းတို့လို ယောကျာင်္းမရှိတဲ့ ကလေးအမေတစ်ယောက်ကို
အလုပ်အားပေးခေါ်စရာ မလိုပါဘူး ”
“ ဘယ်တတ်နိုင်မှာလည်း သူငယ်ချင်းရယ် ငါလည်းသူကြီးကိုပြောတာဘဲ သူမှလက်မခံတာကိုး ”
“ ဪ ...... သူ့မြေမှာနေရင်တော့ သူခိုင်းတာလုပ်ရတာပေါ့ သူငယ်ချင်းရယ် ”
ကျွန်မတို့သူငယ်ချင်းနှစ်ယောက်မှာ စိတ်မကောင်းစွာ ပြောရင်ဆိုရင်ဖြစ် ဈေးကိုရောက်လေတော့သည်။
စောစောပိုင်းမှာတော့ ရောင်းရတာသိပ်ကောင်းတယ် နေ့လည်ဘက်ရောက်တော့ ဈေးလာဝယ်တဲ့
လူတွေနည်းသွားကြပြီး ဈေးသည်တွေလည်းနည်းနည်းသာ ကျန်တော့ပြီ ကျွန်မမှာတော့ ဟင်းသီးဟင်းရွက်တွေ တစ်ဝက်လောက်ကျန်နေသေးသည် ။ နေကလည်းတော်တော်မြင့်နေပြီဖြစ်၍ ရောင်းလို့မကုန်သေးတဲ့ ဟင်းသီးဟင်းရွက်များကို ကျွန်မအိမ်ပြန်သယ်ရမည်ဟုစိတ်ကူရင်း သားလေးအတွက် အမုန့်ဝယ်ဖို့ပိုက်ဆံရေကြည့်လိုက်တော့ ငါးရာငါးဆယ်တိတိ ဖြစ်နေသည်။
ဘယ်လိုလုပ်ရမလဲ ။ ဒီနေ့ သားလေးကိုမုန့်ဝယ်ကျွေးရင် ပေးရမဲ့ ဒဏ်ငွေ ကိုးထောင်မပြည့်မှာစိုးတယ်။ မဝယ်ကျွေးရင်လည်း သားလေးစိတ်ဆိုးမှာကြောက်တယ်။ ကျွန်မအချိန်အတော်လေးယူပြီး တွေဝေနေမိတယ် ။ ကျွန်မစိတ်မကောင်းပေမဲ့ ဆိုဖြတ်ချက်ချလိုက်သည်မှာ မဝယ်ကျွေးတော့ဘူး သူမစားရလို့ စိတ်ဆိုးရင်လည်းခဏလေးပေါ့ ။
တစ်ပါတ်ကြာလို့ ကိုးထောင်မပြည့်မှသာ ပြဿနာ ။
အိမ်ကိုပြန်ရောက်တော့ သားလေးကျွန်မဆီ ခုန်ဆွခုန်ဆွဖြစ်ပြေးလာနေသည် ။
“ မေမေပြန်လာပြီ မုန့်စားရတော့မယ် .... မေမေပြန်လာပြီ မုန့်စားရတော့မယ် ...”
သားလေးရဲ့ ဒီလိုအော်သံဟာ အရင်ကဆိုရင် ကျွန်မအတွက် အမောပြေဆေးတစ်ခွက်ဖြစ်ပေမဲ့
အခုသားလေးအတွက်မုန့်မဝယ်လာခဲ့တော့ ကျွန်မရင်ထဲ ဘယ်လိုမှာဖြေသိပ်လို့ မရဘဲ မျက်ရည်ဝဲမိသည်။
“ သားရေ ဒီနေ့မုန့်မပါတော့ဘူး ”
သားလေးမှာ ရုတ်တရက်မျက်နှာ ပျက်သွားပြီး
“ ဘာဖြစ်လို့ မဝယ်လာတာလည်း မေမေ ”
“ ဒီနေ့မုန့်ရောင်းတဲ့ဆိုင်တွေပိတ်ထားလို့ပါ သားရယ် ။ မနက်ပြန် မုန့်ဆိုင်ပွင့်မှ မေမေဝယ်ခဲ့မယ်နော် ”
ဒီလိုမှ မလိမ်ရင်လည်း အဆင်ပြေမှာမဟုတ်ဘူး ။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ မကောင်းဘူးပေါ့ ။
တော်တော့လေးကို လူလယ်ကျတဲ့ ကျွန်မရဲ့သားက တစ်ခုမရလို့ နောက်တစ်ခုတောင်းဆိုနေပြန်ပြီ ။
“ မေ... သားမေမေနဲ့အတူတူ ခြံထဲကိုလိုက်ချင်တယ် ။ ရမလားဟင် ”
သူတစ်ခါမှ မရောက်ဘူးသေးတဲ့ ကျွန်မရဲ့ စိုက်ခင်းဆီ လိုက်ဖို့ သဘောတူလိုက်သည်။
စိုက်ခင်းထဲရောက်တော့ သားလေးက အရိပ်ထဲငြိမ်ငြိမ်မနေဘဲ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့
မလာကာချည်သီးလိုက်ခူးစားနေသည်။
“ သားလေရယ် အရိပ်ထဲမှာငြိမ်ငြိမ်လေး ထိုင်နေပါလား ” လို့ ကျွန်မပြောလည်း ခဏလေးဘဲရတယ် ။
နောက်တော့ ပုံမှန်အတိုင်းပြေးနေပြန်ပြီ။ ပြောမရတဲ့နောက်ပိုင်း ကျွန်မလည်း သစ်ပင်များကို
ရေမြန်မြန်လောင်းကာ ဟင်းရွက်အနည်းငယ်သာခူးပြီး အိမ်ပြန်လိုက်ရသည်။
မနက်ဖြန်သားလေးကြိုက်တဲ့ မုန့်တွေဝယ်လာပြီး ဈေးကပြန်လာ အိမ်အနားရောက်တော့
သားလေးကအရင်ကလို ကျွန်မကိုလာမကြိုတော့ဘူး ။
“ အော် .... သားလေးဒီနေ့ မုန့်မပါဘူးထင်လို့ လာမကြိုတာလား။ ဒါမှမဟုတ် တစ်နေရာရာများသွားနေတာလား ” ဟု တွေးပြီး ကျွန်မသားလေးကိုလှန်းခေါ်လိုက်သည် ။
“ သားလေး .... သားရေ ... မေမေပြန်လာပြီ မုန့်လာယူလေ ” ခေါ်ပြီးခဏလေးကြာမှ သားလေးအသံ ကျွန်မကြားလိုက်ရသည်။
“ မေမေ သားဒီမှာအိပ်နေတယ် ”
“ ဟင်...ဘာဖြစ်လိုအိပ်နေတာလဲ ။ လာလာမုန့်လာယူ ”
သားလေးက ဘာမှပြန်မပြောတဲ့အပြင် မုန့်လည်းလာမယူ ဪဘာကိုများစိတ်ဆိုးနေတာလည်း။
သူစိတ်ဆိုးပြေအောင် ချော့ဖိုအိပ်ယာထဲကျွန်မဝင်လိုက်သွားတဲ့အခါ စောင်ကိုတစ်ကိုယ်လုံးချုံကာ ဖိတ်ဖိတ်တိုအောင်ချမ်းနေတဲ့ သားလေးကို တွေရတော့ ကျွန်မ ရင်တထိပ်ထိပ်နဲ့ မျက်လုံးတွေပြူးပြီး သားလေးရဲ့ နဗူးကိုစမ်းကြည့်လိုက်သည်။အချန်နေက
သိပ်မကောင်း အဖျားဘယ်ချိန်ကတက်နေတာလဲ မသိဘူး တစ်ကိုယ်လုံး ပူနေတာဘဲ ။အဲဒီတော့
ရွာလယ်ကဈေးဆိုင်လေးဆီပြေးပြီး ငန်းနီကျော် နှင့် ဘုရင်မ ကိုယ်အေးဆေးတွေကို ဝယ်ပြီး ဆေးတစ်ထုတ်ကို နှစ်ဝက်ခွဲပြီး တစ်ဝက်ကိုတိုက်လိုက်သည် ။ ၎င်းဆေးတွေရဲ့ ဆေးအညွန်းတိုင်း
တိုက်နေပေမဲ့ သားလေးရဲ့ အဖျားနာဟာ မသက်သာ ။ ဒီလိုနဲ့ တစ်ရက်ကနှစ်ရက်ဖြစ်ပြီး သားလေး
ရဲ့ ကျမ္မာရေး အချိန်နေက ပိုဆိုးလာသည် ။ ဒါကြောင့် ကျွန်မသူငယ်ချင်းကို အကူညီတောင်းပြီး ဆရာဝန်သွားခေါ်ခိုင်းသည် ။ ဆရာဝန်က အင်္ဂလိပ်တွေကို ထိုးထိုးလည်းထိုး ပေးလည်းပေးသောက်တယ်ဆိုတော့ သားလေးရဲ့ ကျမ္မာရေးအချိန်နေဟာ ထူထူထောင်ထောင်လေးရှိလာသည် ။ သားလေးကျမ္မာရေးနည်းနည်းကောင်းလာလို့ ထင်ပြီးပျော်နေပေမဲ့ အလုပ်အားပေး ကိစ္စကဘယ်လိုလုပ်မလဲ ။ သွားရမဲ့ ရက်ကလည်းနည်းနေပြီ ။
ကျွန်မရှေ့ဆက်ပြီး ဘာတွေလုပ်ရမလဲ ။ အခုလက်ထဲမှာ ရှိနေတဲ့ ပိုက်ဆံကလည်း ဆရာဝန်ကိုဆေးဖိုးပေးရဦးမယ်ဆိုတော့ ဒဏ်ငွေ ကိုးထောင်ဘယ်လိုလုပ်ပြီးပေးနိုင်တော့မှာလဲ ။
မပေးနိုင်ရင်လည်း အလုပ်အားပေးကတစ်လတိတိ လိုက်သွားရဦးမယ် ။ တကယ်လို့ အလုပ်အားပေးလိုက်သွားရင်ရော နေမကောင်းတဲ့သားလေးက ဘယ်သူနဲ့နေခဲ့မှာလဲ ။
ကျွန်မတို့သားမိနှစ်ယောက် ဖြစ်နေတဲ့ ဒုက္ခတွေကို ဘယ်လို့လုပ်ပြီးဖြေရှင်းရမလဲ ။
အခုစာဖတ်နေတဲ့ စာဖတ်ပရိတ်သက်များ ကျွန်မကို ကူညီတဲ့အနေနဲ့ ဝင်ပြီးစဉ်းစားပေးပါလား ။
ကျွန်မသိပါတယ် အချန်ကုန်ခံပြီး ဦးနှောက်ရှုပ်ရမဲ့ ကိစ္စကိုဝင်ပြီး ဘယ်သူမှ ကူညီမှာမဟုတ်ဘူး ။
အခုလည်း ကြည့်ပါလား အကူညီတောင်းပြီး စဉ်းစားခိုင်းတာကို မကူညီဘဲနဲ့ စာကိုဘဲဆက်ဖတ်နေတယ် မဟုတ်ဘူးလား ။ ဒီလိုပါဘဲရှင် ကျွန်မရဲ့ပြဿနာကို ဘယ်သူမှ ဦးနှောက်ရှုပ်ခံ အချိန်ကုန်ခံပြီး ကူညီစဉ်းစားပေမဲ့လူ တကယ်ကိုမရှိခဲ့ပါဘူး ။ ဒါပေမဲ့ ကျွန်မကပြဿနာအပိုင်ရှင်ဆိုတော့ ခေါင်းမီးတောက်အောင် စဉ်းစားနေရတာပေါ့.... ။
ဗုဒ္ဓဟူးနေ့နေ့လယ်တစ်နာရီလောက်ရောက်တော့ ဈေးမှာသားလေးအကြောင်းကို နေ့တိုင်းလာလာမေးနေတဲ့ အလယ်တန်းပြ ဆရာမနှင့်အတူ နောက်ထပ် ဆရာ၊ဆရာမ သုံးလေးယောက် ကျွန်မအိမ်ကိုရောက်လာကြသည် ။ ကျွန်မလည်းရွာက ဓလေ့ထိုးစံအတိုင်း
ကွမ်းအစ်လေးနဲ့ ဧည့်ခံပြီး လာရင်ကိစ္စကိုမေးကြည့်ရသည် ။ စစချင်းပြောတာတော့ ကျွန်မ ဈေးလာမရောင်းတာကြာတာနဲ့ သတိရလို့ လာကြည့်ရင်း သားလေးကိုပါတွေ့ချင်လိုဆိုလားဘဲ ။
ကျွန်မကလည်း အလုပ်အားပေးကိစ္စကို ဘယ်ကနေဘယ်လိုပြောဖြစ်သွားလည်းမသိ ။ ဆရာမတို့က စိတ်မကောင်းဘူးဆိုပြီး နောက်ဆိုးတော့ာ သားလေးကို မွေးစားချင်လိုလာတောင်းတယ်ဆိုတာ ဆရာမပါးစပ်က ပေါ်တင်မပြောပေမဲ့ ကျွန်မရိပ်မိလိုက်ရသည် ။ အော်...ဆရာမတို့က ပညာတတ်တယ်ဆိုတော့
စကားပြောတတ်တာပေါ့ ။ နောက်ပြီးပြောသေးတယ် သားလေးကိုသူ့တို့လက်ထဲ
ထည့်မယ်ဆိုရင် အခုကျွန်မလိုချင်းနေတဲ့ ပိုက်ဆံ ကိုးထောင် လည်းပေးမယ်တဲ့ ။
ဆရာမတို့ရဲ့ စေတနာကို ကျွန်မနားလည်ပေမဲ့ သားလေးကိုတော့ဘယ်နည်းနဲ့မှ ပေးဖြစ်မှာ မဟုတ်ပါဘူး ။ဒါကို ဆရာမတတွေ သိသွားတော့ ကျွန်မအလုပ်အားပေးလိုက်သွားရမဲ့ အချိန်တစ်လအတွင်း သူတို့တတွေ ကျွန်မကိုကူညီတဲ့အနေနဲ့ သားလေးကိုစောင်ရှောက်ထားပေးမယ်လို့လည်း ပြောပါသေးတယ် ။ ဒါပေမဲ့ ကျွန်မအလုပ်အားပေးက ပြန်လာရင် သားလေးကို မပေးမှာကြောက်ပါတယ် ။ ဒါကြောင့် ကျွန်မသဘောအတူခဲ့ဘူး ။ နောက်ဆိုးတော့ ဆရာမတို့ လက်လျှောက်ကာ သားလေးကို နှုတ်ဆက်ပြီး ပြန်သွားလေတော့သည် ။ အခုလိုအချိန်နေရ ဆိုရင် ကျွန်မအလုပ်အားပေးလိုက်ရမှာ ကြိမ်းသေနေပြီ ။ သားလေးကိုဘယ်သူ့အိမ်မှာ အပ်ထားခဲရင်ကောင်းမလဲ ။သားလေးက ကျမ္မာရေးသိပ်မကောင်းဘူးဆိုတော့ သူ့ကိုကျွန်မလို စိတ်ရှည်လက်ရှည်ပြုစုပေးမဲ့လူ ရှိပါမလား ။ဒီလိုနဲ့ ကျွန်မတွေးနေပေမဲ့ တိကျတဲ့အဖြေကိုမရ ။ ကျွန်မညအိပ်ရာဝင်ခါနီး ဘုရားရှိခိုးတော့ “ သုံးဆယ်တစ်ဘုံ ကျင်လည်ကုန်သော လူနတ်ဗြဟ္မာ သတ္တာဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ္မာကြပါစေချမ်းသာကြပါစေ လိုအင်ဆန္ဒပြည့်ဝကြပါစေ။ ရပ်အဝေးမှာနေကြတဲ့ ဖေဖေနှင့်မေမေလည်း ကိုယ်စိတ်နှစ်ဖြာ ကျမ္မာကြပါစေ ချမ်းသာကြပါစေ လိုအပ်ဆန္ဒပြည့်ဝကြပါစေ ” ဟု မေတ္တာပို့ပြီး ကျွန်မအမေကို တမ်းသတိရသွားသည်။ ဪ အခုချိန်အမေသာကျွန်မအနားမှာရှိမည့်ဆိုရင်ဘယ်လောက်ထိ ကောင်းလေမလဲ ။ ဖေဖေနှင့် မေမေတို့က
သူ့တို့သဘောမတူတဲ့လူနောက် ခိုးရာလိုက်ပြေးသွားလို့ သမီးအဖြစ်မှစွတ်လွတ်ပြီး ကျွန်မနဲ့ ဝေးတဲ့ ကော့သောင်းမှာသွားနေကြတယ်လေ ။ အခုကျွန်မက ထားဝယ်မှာဆိုတော့ သူတို့ကို ကူညီတောင်းဖို့ကလည်းမဖြစ်နိုင်ဘူးလေ ။ ဒါနဲ့ - ဒါနဲ့ ယောက်ခမ ကျွန်မယောက်ခမ ရှိသေးတယ်လေ ။ ကျွန်မအကြံရပြီ သားလေးကို ကျွန်မယောက်ခမအိမ်မှာ တစ်လအိပ်ထားခဲ့မယ် ။နောက်ပြီး ကျမ္မာရေးမကောင်းတဲ့ သားလေးအတွက်ဆရာဝန်ပါ တစ်ခါတည်းခေါ်ထားပေးခဲ့မယ် ။
အခုကျွန်မလက်ထဲမှာ ရှိနေတဲ့ ပိုက်ဆံတွေကိုလည်း သားလေးဆေးဖိုးအတွက်ပေးခဲ့မယ် ။ ဒီအကြံဟာကျွန်မအတွက် အကောင်းဆုံး အကြံစီ အကောင်းဆိုးအနည်းလမ်းတစ်ခုဘဲ ။မနက်ဖြန်ရောက်တော့ ကျွန်မကြံစဉ်ရည်ရွယ်ထားသည့်အတိုင်း သားလေးကို ယောက်ခမအိမ်မှာ သွားအပ်ပြီး အလုပ်အားပေးလိုက်ရပါတော့တယ် ။ ဟိုရောက်တော့ ကျွန်မတို့တတွေ မီးရထားလမ်းတွေ ဖေါက်ရပါတယ် ။ အလုပ်လုပ်ရတယ်ဆို့တာကလည်း သူ့တာဝန်နဲ့သူပါ မိန်းကလေးတွေက ကျောက်တိုးတွေကို ထုတဲ့သူထု သယ်တဲ့သူသယ်ကြပြီး ယောကျာင်္းလေးတွေလည်း ဒီလိုသူ့တာဝန်နဲ့ သူပါဘဲ ။ ဒီလိုနဲ့ အားလုံးသောလူတို့ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နေကြပေမဲ့
ကျွန်မကတော့ အလုပ်သာလုပ်နေရတယ် စိတ်ကတော့ သားလေးဆီကိုဘဲ အမြဲရောက်နေတယ် ။
ညနေစောင်းနေဝင်ချိန်ဆို ညိုညိုမိုင်းနေတဲ့ တောင်တန်းကြီးတွေ ၊ ညညဘက်ဆို ထိန်ထိန်သာအောင် လင်းနေတဲ့ လမင်းကြီးနဲ့ ကြယ်ပွင့်လေးတွေကိုကြည့်ရင်း ကျွန်မအတွက် သာမန်အချိန်များထက်ပိုပြီး သားလေးကိုလွမ်းမိပါတယ် ။ အခုချိန်လောက်ဆိုသားလေးဘယ်လိုနေမလဲ ၊ နေများ မကောင်းသေးဘူးလား ။ သူ့အဘွားနဲ့ရော အဆင်မှပြောပါရဲ့လား ။ အစားသောက်များ အဆင်ပြောရဲ့လား ။ ကျွန်မကိုများ လွမ်းပြီး ကျွန်မလိုဘဲ ငိုနေမလား ဒီလို ကျွန်မတွေးတွေးပြီး မျက်ရည်တွေဝဲခဲ့မိတာ နေ့စဉ်နဲ့အမျှပါဘဲ။ ဒီနေ့မနက်ဖြန်ဆို ကျွန်မတို့အတွက် အလုပ်အားပေးလုပ်ပေးရမဲ့ နောက်ဆိုးရက် ။ ကျွန်မအိမ်ပြန်ရမှာဖြစ်လို့လားတော့မသိဘူး အလုပ်ကိုသူများတွေလို စိတ်ပါလက်ပါနဲ့ လုပ်ရင် နေဝင်းအလုပ်သိမ်းလေတော့သည် ။ မနက်ဖြန်အိမ်ပြန်ရမယ်ဆိုတော့ ကျွန်မပျော်လွန်းလို့ တွေးရင်းတွေးရင်း မနက်မိုးလင်းသွားလေတော့သည် ။ နံနက် ခုနှစ်နာရီလောက်ရောက်တော့ ကားနှစ်စီးရောက်လာပြီး ကျွန်မတို့အဖွဲ့ကို အိမ်ပြန်လိုက်ပို့လေသည်။ အိမ်သို့မရောက်ခင် ကားပေါ်မှာ သားလေးကို တွေးတွေးပြီး ကျွန်မပျော်နေမိသည့်မှာ ဒီနေ့မှစ ငါ့သားလေးနဲ့လုံးဝမခွဲတော့ဘူး ။ ခြံထဲဝင်ရင်လည်း ခေါ်သွားမယ် ။ဈေးသွားရင်လည်း ခေါ်သွားမယ် ။ ငါ့သားလေးကြိုက်တဲ့ မုန်း အကုန်ဝယ်ကြွေးမယ် ။ ကျွန်မကိုတွေ့လို့ သားလေးဝမ်းသာလို့ငိုရင် ကျွန်မ မငိုပါနဲ့သားရယ် ဒီနေ့မှစပြီး သားလေးနဲ့မေမေ ဘယ်တော့မှ မခွဲတော့ဘူးလို့ ပြောပြီး သူ့ပါးမှ မျက်ရည်တွေကို သုတ်ပေးမယ် နောက်ပြီး မျက်ရည်ဝဲနေသေးတဲ့ သားလေးရဲ့ ပါးပြင်ကို ကျွန်မတဝကြီး နှမ်းပစ်မယ် ဟုတွေးရင် ကျွန်မယောက်ခမရွှာက ဘုန်းကြီးကျောင်းအနီးသို့ရောက်လေတော့သည် ။ ကျွန်မဝမ်းသာအားရဖြစ် သားလေးရှိရာ ယောက်ခမအိမ်ကိုအမြန်ပြေးကာ “ အမေ အမေ ကျွန်မပြန်လာပြီ " ဟု ခြံတခါးဝမှ လန်းအော်လိုက်တော့ ကျွန်မယောက်ခမ အိမ်ပေါ်မှ ကျွန်မဆီဆင်ပြေးဆင်းလာပြီး “ သမီးပြန်လာပြီးလား လာ လာ " တဲ့ ။ ယောက်ခမကိုတွေ့ချင်လို့ အသဲအသန်ပြေးလာတာမဟုတ် သားလေးကိုတွေ့ချင်လို့ အခုလိုပြေးလာတယ်ဆိုတော့ ယောက်ခမကို မညှာမတာ ကျွန်မမေးလိုက်မိသည် ။ “ အမေ သားလေးရော .. သူနေကောင်းသွားပြီးလား " ကျွန်မဒီလိုမေးလိုက်တော့ ကျွန်မယောက်ခမက မျက်နှာမကောင်းစွာဖြစ်ကျွန်မကို လှမ်းဖြေလိုက်သည့်မှာ “ သားလေး မရှိတော့ဘူး သမီးရယ် "
ယောက်ခမရဲ့ စကားသံကြောင့် ကျွန်မဘယ်လိုမှ အားတင်းထားလို့မရဘဲ ရင်ဘက်ထဲ စည်တီးကာ မြေကြီးပေါ်ဒူးထောက်ကျလဲ သွားလေတော့သည်။ “ အမလေး ငရဲမင်းကြီးရဲ့ ရှင်တော်တော်လေးရက်ဆက်ပါလား ဘာဆိုဘာမှ အပြစ်မရှိတဲ့ သားလေးကိုတစ်ယောက်တည်းမခေါ်သွားပါနဲ့ ကျွန်မကိုပါ တစ်ခါတည်း ခေါ်သွားပါလား...
သားလေးရေ သားလေး အဖြစ်ဆိုးလှချီလား သားရေ.....အခု အမေ့ဖြစ်ကို လှမ်းလာကြည့်ပါဦးလား သားရယ်..” ကျွန်မရဲ့ ဘဝကို သားလေးမရှိဘဲ အသက်ရှေ့ဆက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်။ အခုကျွန်မ ရင်ဘက်ထဲမှာ နှလုံး မဟုတ်ရင် သဲ တစ်ခုခုတော့ ကြွေနေပုံရတယ်။
ကျွန်မယောက်ခမ တစ်ယောက်ကလည်း ကျွန်မထိုင်ငိုနေတာကိုကြည့်ပြီး ဘာတွေပြောနေမှန်းကိုမသိဘူး ။ ကျွန်မရဲ့ နားနှစ်ဘက် ဘာသံမှာ မကြားနိုင် ။
နောက်ဆုံးတော့ ကျွန်မရဲ့ ပခုံးနှစ်ဘက်ကို အသာကလေးကိုင်ကာ ယောက်ခမတစ်ယောက် အားပေးစကားနေတယ် ထင်တာဘဲ ။ ကျွန်မလည်း မျက်လုံးမှ စီးဆင်းနေသော မျက်ရည်များကြောင့် ယောက်ခမရဲ့ မျက်နှာကိုပင် သေသေချာချာ မမြင်ရတော့ပါ။ ဒါနဲ့ သားလေးကို မြိပ်ထားတဲ့ သင်္ချိုင်းက မြေပုံလေးဆီသွားရန် မတပ်ရပ်ပြီး ယောက်ခမကို မေးလိုက်သည်။
“ အမေ ကျွန်မကို သားလေးရှိရာ သင်္ချိုင်းဆီ ခဏလိုက်ပို့ပေးပါလား အမေ ”
“ မဟုတ်ဘူးလေသမီး မဟုတ်ဘူး သားလေးမသေသေးဘူးလေ သမီးရယ် ”
“ ရှင်..... ဘာလည်း ဘာလည်းတဲ့ သားလေးမသေသေးဘူး ဟုတ်လား ။ ဒါဆို သားလေး အခုဘယ်မှာလဲ ”
“ သမီးရဲ့ အမေလာခေါ်သွားတာ အရက်နှစ်ဆယ် လောက်ရှိပြီ သမီးရဲ ”
“ အော်....... ဟုတ်လား ...”
ကျွန်မဝမ်းသာအားရဖြစ် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ကာ ယောက်ခမကို နုတ်ဆက်ပြီး သားလေးရှိရာ ကျွန်မရဲ့ အိမ်ကို ပြေးလေတော့သည်။အိမ်ရောက်တော့ အိမ်တခါးကြီးလည်း ပိတ်နေတယ် ။ လူလည်းတစ်ယောက်မှ မရှိဘူးဆိုတော့ ကျွန်မ တစ်မျိုးတွေးရပြန်ပြီ ။ အမေက သားလေးကို သူ့တို့နေတဲ့ ကော့သောင်းကိုများ ခေါ်သွားသလား ။ ဘုရား ဘုရား ဒီလိုအဖြစ်မျိုးတော့ တပည့်တော်မ ထပ်မဖြစ်ပါရစေနဲ့ ဘုရား ဟု စိတ်ထဲမှာ ဆုတောင်းပြီး အိမ်နီးနားချင်းများကို လှမ်းအော်ပြီး မေးရတော့သည်။
တစ်ဘက်အိမ်က မလှရီတစ်ယောက်ထွက်လာပြီး ကျွန်မအမေနဲ့ သားလေးတို့ မြေးဘွားနှစ်ယောက်ဟာ အခုလေးတင်မှ စိုက်ခင်းထဲကို ဝင်သွားကြောင်း ပြောပြလေသည်။
ကျွန်မ မမောမပန်းနိုင်ဘဲ အမေနဲ့သားလေးရှိရာ စိုက်ခင်းထဲကိုဝင်လိုက်သွားတော့ အမေတစ်ယောက် ကျွန်မစိုက်ထားတဲ့ သစ်ပင်များကိုရေလောင်းပေးနေသည်။ ငါးနှစ်ကျော်ကျော် မတွေ့ရတဲ့ ကျွန်မရဲ့ အမေ့ဆီပြေးပြီး “ မေ..မေမေ...” ဟု ဝမ်းသာအားရ ခေါ်လိုက်ရာ ကျွန်မအမေမှာ သူလောင်းနေတဲ့ ရေဖုံးကြီးကို ပစ်ချကာ ကျွန်မကို အတင်းလာဖက်ထားလေတော့သည်။ အမေ့စကား နားမထောင်ခဲ့တဲ့ သမီးအပြစ်ကို ခွင့်လွတ်ပါဟု ကျွန်မတောင်းပန်လိုက်တော့ အမေဖြစ်သူမှာလည်း မိခင်ပီပီ “ အမေနားလယ်ပါတယ်သမီးရယ် ” ဟု ပြောကာ အချိန်အနည်းငယ် ငြမ်သက်သွားပြီး “ အမေ သားလေးရော ဘယ်မှာလဲ ဟင် ” ကျွန်မမေးလိုက်မိသည်။
“ အော်... မြေးလေး ဟိုး.... သစ်ပင်ရိပ်အောက်မှာ အိပ်ပျော်နေတယ် သမီးရဲ့ ”
အမေညွန်ပြတဲ့ သစ်ပင်အောက်ကို ပြေးပြီးသွားကြည့်တော့ သားလေးမှာ ကျွန်မအဖေ ရဲ့ ပုဆိုးကိုခင်းပြီး
အမေရဲ့ မျက်နှာသုပ်ပါဝါလေးခြိုကာ နှစ်ခြိုင်းစွာ အိပ်ပျော်နေတာကို တွေ့ရသည်။
အိပ်ပျော်နေတဲ့ သားလေးကို ပွေ့ချီကာ ပါးနှစ်ဘက်ကို ကျွန်မ တစ်ဝကြီး ရှိုက်နှမ်းနေမိသည်။
“ မေမေ...မေမေ...မေမေ ပြန်ယာပြီလား ” တဲ့ ။
ကျွန်မရဲ့ လှုပ်ခပ်မှုကြောင့် သားလေးက နိုးလာပြီး လှမ်းမေးနေသည်။
“ ဟုတ်တယ် မေမေပြန်ရောက်လာပြီ ဒါနဲ့ သားလေး မေမေကို မလွမ်းဘူးလား ”
“ ရွမ်းတာပေါ့ မေမေရယ် .. တားလေ မေမေကို ရွမ်းလို့ ငိုမိတယ် တိယာ ”
“ မေမေ လည်းငါ့သားနဲ့ အတူတူပါဘဲ့ သားရယ် ”
“ ဒါချို နောက်တစ်ခါ တားကို ထွဲမတွားပါနဲ့နော် ”
“ အေးပါ သားရယ် အမေငါ့သားနဲ့ ဘယ်တော့မှာ ခွဲပြီးမသွားတော့ဘူး နော်.. ”
“ ဟုတ်ကဲ့ .. မေမေ ဒီမှာ ကြည့်ပါလား တားကိုဘွားဘွားပေးထားတာ ”
သားလေးက သူ့အဘွားပေးထားတဲ့ ဆွဲကြိုးလေးနှင့် ဘုရားဆင်တုတော် လော်ကစ်လေးကို ထုပ်ကာ ကျွန်မကို ကြွားပြီးပျော်နေရှာသည်။ အော် .. အခုလို အချိန်လေးမျိုး ကျွန်မ ထာဝရချင်သည် ။အခုချန်သည် ကျွန်မအတွက် တန်ဖိုးအရှိဆိုး အချိန် ။ ကျွန်မချစ်တဲ့ သား ကျွန်မနဲ့အတူတူ ရှိပြီး ကျွန်မ မျှော်လင့်နေသော အမေ ကျွန်မ အနားမှာရှိသည်။။
ပြီးပါပြီ ။
ရန်ကျော် ( ထားဝယ် )
Subscribe to:
Posts (Atom)