မနက်ဖြန် အလုပ်နားရက်ဆိုပြီး ပီတိတွေနဲ့ လှချင်လွန်းလို့ မရိပ်တတ်ဘဲ ရိပ်ထားတဲ့ အန်းဂလီးဘက် ( angry bird ) လို မျက်ခုံးလေးတွေ ၊ အထဲကိုကွေ့ဝင်နေတဲ့
သူ့ရဲ့ နှာတံလေးတွေ ၊ ပြောင်းဖူးလေးလို တန်းစီပြီး ဝါဝင်းနေတဲ့ သူ့ရဲ့ သွားလေးတွေ ၊ စိတ်မဆိုးဘူးဆိုပေမဲ့
အမြဲတမ်း စူနေတတ်တဲ့ သူ့ရဲ့ နှုပ်ခမ်းလေးတွေ ၊ မနေ့တစ်နေ့ကမှ ဖျောက်ထားတဲ့ သူ့ရဲ့
ဆံပယ်လေးတွေကို ဖီးပြီး ခေါင်းဖီးကို လက်ထဲမှာကိုင်ကာ အိပ်ပျော်နေတဲ့ ဇနီးရဲ့အလှက ကဗျာမဆန်ဘူးဆိုပေမဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်တဲ့ ကျွန်ပ်ကိုတော့ စိတ်မထိမ်းနိုင်လောက်အောင် ရင်ခုန်စေခဲ့ပါတယ် ။
ရင်တွေခုန်ပေမဲ့ သူ့ကို သိပ်ချစ်ရတဲ့ ကျွန်တော် သူ့နိုးသွားမှာ စိုးရိမ်လို့ ခုန်နေတဲ့
ရင်ဘက်ကို ခဏမေ့ထားပြီး အလိုက်တသိနဲ့ ကုတင်ပေါ်မှာ အစွမ်းကုန် အလှပြနေတဲ့ ဇနီးသည်ကို
စောင်ချိုပေးပြီး အိပ်လိုက်တယ် ။ အိပ်နေတယ်ဆိုတော့ မျက်လုံးတွေက မှိန့်ထားတာပေါ့ ဒါပေမဲ့ သူငယ်ချင်းတွေကို နောက်ထပ် ဟာသဝတ္ထုတိုလေးရေးပေးမယ်လို့ပြောထားတဲ့အတွက် ကျွန်တော် အတွေးများနဲ့ ရွာလည်ပြီး နံနက်ခြောက်နာရီလောက်ထိ လုံးဝအိပ်မပျော်ခဲ့ဘူး ။ ဒီလိုသာ မအိပ်ဘဲဆက်တွေးနေလိုကတော့ ဘာမှာအကျိုးရှိလာမှာ မဟုတ်ဘူး ဒါကြောင့် အိပ်ပျော်နေတဲ့ အချစ်ဇနီးကို နိုးပြီး
“ မိန်းမရေ... ကိုယ့်ကို တစ်ခုလောက်ကူညီလို့ရမလား ” လို့ ကျွန်တော် မေးလိုက် တော့
“ ကိုရန်ကျော်ကလည်း ဘာမှန်းလဲ မသိဘူး ” တဲ့
အော် သူလည်း တစ်နေကုန် အလုပ်လုပ်ထားရတယ်ဆိုတော့ ပင်ပန်းရှာမှာပေါ့လေ။ဒါပေမဲ့ အိပ်လို့မပျော်တဲ့ ကျွန်တော်ကတော့ တခုခု စားလိုက်ရမှာ အိပ်ပျော်မယ် ထင်ပါရဲ့ ။
“ မိန်းမရယ် ကိုယ့်ယောင်္ကျားကို ဒီဟာလေးလောက်တောင် ကူညီလို မရဘူးလား ” ကျွန်တော် ထပ်ပြီးမေးလိုက်သေးတယ် ။
“ တောင်းပန်ပါတယ် ကိုရန်ကျော်ရယ်.... ကျွန်မနေမကောင်းဘူး ”
မိန်းမက စိတ်တိုပြီး အခုလို ခပ်ဆပ်ဆပ်လေးပြောတော့ ကျွန်တော် လုံးဝစိတ်မကောင်းဘူးဗျာ။
အခုထိ အိပ်မပျော်သေးတဲ့ ကိုယ့်ယောင်္ကျားတစ်ယောက်လုံးကို သူ့နဘေးမှာရှိတဲ့ အိပ်ပျော်ဆေးဘူးလေးတောင်မှ မယူပေးချင်ဘူးလားဟု စိတ်တိုတိုနဲ့တွေးပြီး ဆေးကိုကိုယ့်ဘာသာကို ထယူသောက်ပြီး အိပ်လိုက်တယ် ။ တစ်မီနစ် နှစ်မီနစ်အတွင်းမှာဘဲ ကျွန်တော် နှစ်ခြိုက်စွာအိပ်ပျော်ပြီး အိပ်မက်ခဲ့ပါတယ်။
အိမ်ခြေ တစ်ရာကျော်ကျော်လောက်သာရှိတဲ့ ကျွန်တော်တို့ရွာမှာ အိမ်ထောင်ကျတာ ခြောက်နှစ်ကျော်လောက်ရှိပြီး ကလေးတစ်ယောက်မှ မထွန်းကားခဲ့တဲ့ ဒေါ်ညိုသိမ်းခေါ် အဒေါ်ကြီးတစ်ယောက်မှာ တစ်ဘက်ရွာကို ဈေးရောင်းသွားရင် ကလေးတစ်ယောက် ကောက်ရလာသည်ဟု
အသံကြားရလို့ ၎င်းကလေးအားလာကြည့်နေကြသသည်မှာ ဒေါ်ညိုသိမ်းတို့ အိမ်ခြံကွမ်းပြင်ကြီး တစ်ခုလုံး လူတွေပြည့်ကျပ်ဆူညံနေသည်။ ကလေးကဘယ်ပုံဘယ်လိုနေလည်းဆိုတာ ကျွန်တော်လည်းသိချင်လို့ ဝင်တိုးကြည့်နေချိန်မှာ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက်ရောက်လာပြီး
“ ဟေး...... အားလုံးနားထောင်ကြ ၊ ဒီမှာ ကလေးအမေကိုတိုင် ကျွန်ပ်ကိုလာပေးခိုင်းလိုက်တဲ့စာပါ ” အဲလူကြီး
အော်သံကြောင့် ဆူဆူညံနေတဲ့ ခြံကွင်းထဲက လူစုကြီးမှာ အပ်ကျသံတောင်ကြားရမဲ့ အချိန်နေလောက်ထိ ငြိမ်သက်သွားလေသည် ။
“ အဲဒီစာကိုသာ ဖတ်ကြည့်စမ်းဗျာ ဘာတွေများရေးထားလဲလို့ " ကျွန်တော် စပ်စုပြီးဝင်မေးလိုက်သည်။
“ ဒီလိုဗျ
သို့
မညိုသိန်းရှင့် ကျွန်မက ကလေးရဲ့အမေ မစီရိုးပါ ။
အခုလို ကျွန်မခလေးကို မညိုသိန်း ခိုးသွားတာ လုံးဝစိတ်မကောင်းပါဘူး ။ကျွန်မတို့ကလေးကို ခူးသွားတာ ဘာရည်ရွယ်ချက်နဲ့လည်းဆိုတာ သိချင်ပါတယ်။
ကလေးကိုတစ်ကယ်လိုချင်လို့လား ဒါမှမဟုတ် ကျွန်မတို့ဆီကများ တစ်ခုခုလိုများချင်လို့ချင်လို့လား ။
မညိုသိန်းတို့ဘက်က လိုချင်တာရှိရင် အခုစာလားပေးတဲ့ မောင်တေချောကိုပြောလိုပ်ပါ ကျွန်မတို့ အချိန်မရွေး နေရာမရွေးလာပေးမယ် ။
“ Ok .... Stop stop လိုက်ပါ ကိုတေချော ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်ခုလောက်ပြောပါရစေ ဗျာ .... ”
အမေလေး .......ကျွန်တော် ဘယ်လောက်များ အင်္ဂလိပ်စကားပြောချင်နေလည်း မသိဘူး အိပ်မက်ထဲမှာတောင် မရှောင်ဘူးဗျာ။
“ စကားပြောတာများကွာ မိုးများရွာသလား အောင်မေ့ရတယ် ”
နဘေးက အကိုကြီးတစ်ယောက် ကျွန်ပ် စထွေးစင်လို့တဲ့ ထအော်နေတယ်
“ ဒေါ်စီရိုးကို ပြောလိုပ်ပါဗျာ ဒီကလေးကို ဒေါ်ညိုးသိန်းကောက်လာတာ ခိုးလာတာ မဟုတ်ဘူးလို၊
နောက်ပြီး ပြန်လည်းပေးပါမယ် ဒါပေမဲ့ ဒေါ်စီရိုးတို့ဘက်က တကယ်စေတနာရှိလို့ ကလေးကို တစ်ခုခုနက် ပြန်လာလှဲမယ်ဆိုရင်ပေါ့ ကျွန်တော်တို့ဘက်က ဘယ်ညှင်းလို့ကောင်းပါမလဲပေါ့ ။
“ ရန်ကျော် မင်းစကားရှည်မနေနဲ့ ဘာလိုချင်လဲပြောလိုက် ”
ကလေးကိုကောက်လာတဲ့ ဒေါ်ညိုသိန်းက ကျွန်ပ်ကိုဝင်ပြောတယ် .
“ ဒါဆိုဒီလိုလုပ်ဗျာ ... ဒီည ၇:၀၀ နာရီ တိတိမှာ ရွာထိပ်က လမ်းသုံးဆုံမှာ ကလေးကိုလာခေါ်ပါ ”
“ အာလကား လား ... မင်းတို့ဘက်က ဘာမှ မတောင်းဆိုတော့ဘူးလား ”
“ စေတနာရှိတယ် ဆိုရင်တော့ ထမင်းကြော်ပုဇွန် တစ်ပွဲနဲ့ လာလဲပါ ”
ကျွန်ပ်ရဲ့ စကားစဆုံးမှာ “ ကတိနော် ” လို့ပြောပြီး ကိုတေချော တစ်ယောက်ဆိုင်ကယ်စီးပြီး သူတို့ရွာဘက်သို့ ထွက်သွားလေတော့သည် ။
“ ဘာကောင်မှန်းလည်းမသိ သောက်သုံးကိုမကျဘူး ..ကလေးတစ်ယောက်ကို ထမင်းကြော် တစ်ပွဲနဲ့လဲ ရတယ်လို့ ” ကျန်ရစ်ခဲ့တဲ့ လူအုပ်စုကြီးကတော့ ကျွန်ပ်ကို ဝိုင်းဆူနေကြသည်။
ည ၇:၀၀ နာရီ လည်းရောက်ရော ကျွန်ပ်တို့ရွာထိပ်က လမ်းသုံးဆုံမှာ ကလေးကို ထမင်းကြော်နဲ့ သွားလဲကြရာ ကတိမတည်တဲ့ တစ်ဘက်ရွာကပါလာတဲ့ ထမင်းကြော်ထဲမှာ ပုဇွန်မပါဘူးဆိုပြီး ကျွန်တော်တို့ဝိုင်းရိုက်ကြတော့ ကျိုးတဲ့လူတွေကျိုး ကန်းတဲ့လူတွေ ကန်းကုန်ကျတာပေါ့ ။
ကံဆိုးချင်တော့ မြို့က ရဲတွေရောက်လာပြီး ကျွန်တော်တို့ကို ဖမ်းကာ ထောင်သုံးစီ ချတယ်ဗျ.....
အဲဒီချိန်မှာ ကျွန်တော် ငိုပါလေရောဗျာ .. အကြာသေးခင်ကမှ ယူထားတဲ့ ပူပူနွေးနွေးလေးရှိတဲ့ ကျွန်ပ် ဇနီးသည်နဲ့ ခွဲပြီး သုံးနှစ်တောင်နေရမယ်ဆိုတော့ ဆရာရယ် ကိုယ်ခြင်သာ စားကြည့်ပါတော့ဗျာ ။
ကျွန်ပ် ဇနီးနဲ့ ကျွန်တော် အပြင်မှာ တစ်ခါမှ ခွဲပြီး မအိပ်ဖူးဘူးဆိုတော့ သုံးနှစ်ဆိုတဲ့ အချိန်ကတော့ တော်တော့ကို များလွန်းပါတယ်ဗျာ။
ကျွန်တော်ငိုကြွေးရင် လွမ်းရင်နဲ့ သုံးနှစ်ပြည့်လို့ ထောင်ကလွတ်တော့ ဝမ်းသာအားရနဲ့ မိန်းမစီပြေးရတာပေါ့ ။ အိမ်ရောက်တော့ မိန်းမကို မတွေ့ဘူး ။ ကျွန်ပ် မိန်းမဘယ်သွားနေလဲလို့ အမေ့ကို မေးတော့
“ မင်းမိန်းမ အိမ်ကထွက်သွားတာ မင်းထောင်ကျပြီး ကဒဲက ” တဲ့
“အောင်မလေး အသဲတော့ ဟတ်တတ်ကွဲပါပြီ ”လို အော်ပြီး ငိုလိုက်တော့ ကိုယ့်အသံကိုယ်လန့်ပြီး ကျွန်တော် အိပ်ရာက လန့်နိုးသွားတယ် ။
ကျွန်တော် နိုးလို့ မိန်းမဘက် လှဲ့ကြည့်တော့ မိန်းမက မရှိပြန်ရော...သူဘယ်သွားနေပါလိမ်း..
တကယ်ဘဲ ကျွန်ပ်ကို ထားသွားပြီးလာလို့ ထင်ပြီး
“ မိန်းမရေ...မိန်းမ...” လိုခေါ်လိုက်တော့
“ ကျွန်မ ရေးချိုးနေတယ် ကိုရန်ကျော်..” တဲ့ တော်သေးတာပေါ့ဗျာ အိပ်မက်က တစ်ကယ်မဟုတ်လို့.......
မရယ်ရဘူးနော် ... ဒါပေမဲ့ ကျနော်တော့ ရယ်ရတယ် ... အိပ်မက်ကို တကယ်ထင်ပြီး ထအော်နေလို......
ပြီးပါပြီ.....
ရန်ကျော် ( ထားဝယ် )
ဆက်လက်ရေးချင်ပါသေးတယ် ဒါပေမဲ့ ခဏနားထားဦးမယ်...ကျွန်ပ်မှာ ဖတ်စရာ စာအုပ်တွေ များနေလို့
၁. အရှုပ်ထဲက မန်နေဂျာ
၂. နံသာဖြင့် ထုံမွမ်းအပ်သော
၃. တက္ကသိုလ် ရဟန်းပျို ဓမ္မစာစောင် ( သုံးလေးအုပ် )
၎. အငံကြီး ကျသူများ
၅. သေကိန်းဆိုက်သူများ
၆. ရွှေစကားပုံ ရွှေအဆိုအမိန့်များ
၇. ကိုယ်ထူးကိုယ်ချွန်သမားအတွက်
ငှားဖတ်မယ်ဆိုရင်တော့ ပြောပေါ့နော်....