Pages

ရန်ကျော်. Powered by Blogger.

Sunday, January 12, 2014

ဆူးများတဲ့ နှင်းဆီ

ဆူးများတဲ့ နှင်းဆီ နေ့ဝင်ချိန်ညနေခင်းလေးမှာ နီရဲတောက်ပနေသော နေဝန်းကြီးကိုကြည့်ပြီး ကမ်းခြေတစ်ခုတွင် ကင်မရာတစ်လုံးနဲ့ ကျွန်တော် ဓါတ်ပုံလိုက်ရိုက်နေရင် ကျောင်းသားဝတ်စုံလေးနဲ့ ကျောင်းသူမလေးတစ်ယောက် နေဝင်ရာဘက်သို့ လက်ဦးချီကာ ပင်လယ်နှင့် နေလုံးကြီးကို ရှိခိုးနေတာ တွေ့ရသည်။ ကျွန်တော် ဝမ်းသာအားရဖြစ် ကောင်မလေးနှင့် နေဝင်ဆီးစာချိန်လေးကို ဓါတ်ပုံခိုးရိုက်မိသည် ။ ကောင်မလေးကို ခန့်မှန်းရသလောက် အသက် တစ်ဆ...ယ့်ရှစ် တစ်ဆယ့်ကိုးနှစ် ဝန်းကျင်လောက်ရှိမည် ။ ဒါပေမဲ့ ထူးဆန်းတာ တစ်ခုက ဒီနေ့ စနေနေ့ ကျောင်းပိတ်ရက်ဖြစ်နေတယ် ။ ဘာကြောင့် ကောင်မလေး ဒီနေရာကို ကျောင်းဝတ်စုံနဲ့ ရောက်နေတာလဲ ။ ဒါ စဉ်းစားစရာဘဲ ။ ကျွန်တော် တစ်နေရာမှ တွေ့ပြီး ကြည့်နေစဉ် ကောင်မလေးမှာ ပင်လယ်ထဲသို့ တဖြေးဖြေးဆင်းသွားလေသည်။ ဒါဘာလုပ်တာလဲ ရေလာကူးတာလား ကျွန်တော် တွေးနေသေးသည်။ အချိန်နည်းငယ်ကြာတော့ ကောင်မလေး ရေထဲမှာ ပေါ်လိုက် နစ်လိုက်ဖြစ် ကူးခပ်နေသည် ။ သူ့ကို ကြည့်ရတာ ရေကူးတတ်တဲ့ အနေထားအရှိဘူး။ ရေမကူးတတ်ဘဲနဲ့ ဘာဖြစ်လို့ အခုလို တစ်ယောက်တည်းလာကူးနေတာလဲ ။ ဒါမှမဟုတ် ကောင်မလေး သူ့ကိုယ်သူများ အသေကြောင်းကြံနေတာလား ။ “ ဟား .. ဒါဖြစ်နိုင်တယ် ” တကယ်လို့သာ သူရေလာကူးမယ်ဆိုရင် အခုလို တစ်ယောက်တည်းဘယ်လာပါမလဲ ။ လယ်ပင်းမှာ ဆွဲထားတဲ့ ကင်မရာ နှင့် အနွေးထည့် အင်္ကျီကို ကျွန်တော် ကဗျာကယာ ချွတ်ကာ ကောင်မလေးကို ပင်လယ်ထဲမှ သဲသောင်ပြင်သို့ ကယ်နိုင်ခဲ့သည် ။ သဲသောင်ပြင်ရောက်ပေမဲ့ ကောင်မလေး အသက်မရှူတော့ပါ ။ ကျွန်တော် ရလိုရညား ကောင်မလေးရဲ့ ရင်ဘက်ကို လက်နှစ်ဘက်ဖြစ်ဖိပြီး အားထုပ်ကာ ငါးခါလောက်နှိပ်လိုက်တော့ သူ့ပါးစပ်ထဲမှ ရေတွေထွက်ကြလာပြီး အသက်ရှူလာသည် ။ နောက်ထပ် သုံးလေးခါ လောက် ထပ်နှိပ်ပြီး “ အဆင်ပြေရဲ့လား ညီမလေး ” လို မေးလိုက်တော့ သူ ကျွန်ပ်ကို ခေါင်းခါပြတယ် ။ သူ့ကိုကြည့်ရတာ အသက်ကို ဝအောင်ရှူမရတဲ့ ပုံစံ ဖြစ်နေတယ် ။ ကင်မရာနှင့် အင်္ကျီကို ကောက်ယူကာ သူ့ကို ကျွန်ပ်ကားနဲ့ ဆေးရုံသို့ ပို့ပေးလိုက်သည်။ ဆေးရုံကို ရောက်ပြီး သုံးနာရီလောက်ကြာ “ မင်းညီမလေး သက်သာသွားပြီ ” ဆိုပြီး ဆရာမတစ်ယောက် ကျွန်တော်ကို ထွက်လာပြောတယ် ။ “ ဒါဆို ကျွန်တော် သူ့ကိုဝင်ကြည့်လို့ ရပြီးလား ဆရာမ ” လို့ မေးလိုက်တော့ ဆရာက “ ဟုတ်ကဲ့ ဝင်ကြည့်လိုရပါပြီ ” လို့ ပြောပြီး အခန်းတခါး ဖွင့်ပေးခဲ့တယ် ။ အခန်းထဲကိုရောက်တော့ ကောင်မလေး ပြုံးပြီးကြည့်နေတယ် ။ ဒါပေမဲ့ သူ့ ပါးပြင်ပေါ်မှာ မျက်ရည်စတွေနဲ့ပါ ။ ကျွန်တော် ထိုင်ခုံတစ်လုံးယူကာ သူ့ရဲ့ ကုတင်ပေါ် လက်တင်ပြီး ဝင်ထိုင်မိပါတယ် ။ ကောင်းမလေး ကျွန်ပ်ရဲ့ လက်တစ်ဘက်ကို အတင်းဆွဲကာ ကျစ်ကျစ်ကလေး ဆုပ်ကိုင်ပြီး သူ့ရဲ့ ရင်ဘက်ပေါ်တင်ထားလိုက်တယ် ။ ကောင်မလေးကိုကြည့်ရတာ အားငယ်နေတဲ့ ပုံဘဲ ။ ဒါကြောင့် ကျွန်ပ်ရဲ့ ကျန်နေတဲ့ လက်တစ်ဘက်ကို သူ့ရဲ့လက်ပေါ်တင်ပြီး “ ဘာမှ အားမငယ်ပါနဲ့ညီမလေးရယ် ” လို့ ကျွန်တော်အားပေးစကားပြောလိုက်တယ် ။ ဒါပေမဲ့ ကျွန်ပ်စိတ်ထဲမှာတော့ တစ်မျိုးကြီးဘဲ။ အရင်က ကျွန်တော်ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်ခဲ့ဘူးတာ နှစ် နှစ်ဝန်းကြင်လောက်ရှိတယ် ။ ဒါပေမဲ့ သူ့လက်ကို အခုလို ရင်းနီးစွာ တစ်ခါမှ မကိုင်ဘူးတာတော...့အမှန်ဘဲ။ အခု တော့ သူအိမ်ထောင်ကျတာ လေးလလောက်ရှိပါပြီး။ စိတ်က ကျွန်ပ်ရဲ့ အသဲကို ရက်ရက်ဆက်ဆက်ခွဲသွားတဲ့ ချစ်သူဆီ ခဏရောက်သွားတယ် ။ “ အကို အကိုက ဘယ်သူလဲ ” ကောင်မလေးရဲ့ခေါ်သံကြောင့် ကျွန်ပ်ရဲ့အတွေးတွေ ခဏရပ်ပြီး “ ဟင် .. ဟင် ...ဘာလဲ ” ကျွန်တော် ကြောင်တောင်တောပြန်မေးလိုက်တယ်။ “ အကို နာမည် ဘယ်လိုခေါ်လဲ ” တဲ့။ “ အကို နာမည် ရန်ကျော်ပါ ။ ဒါနဲ့ ညီမလေးက ဘာဖြစ်လို့ အခုလို ကိုယ့်ကိုကိုယ်သတ်သေနေရတာလဲ ” “ ညီမ နာမည်က မေသူဇာ ပါ ။ ဒါပေမဲ့ အခုညီမ အဲဒီအကြောင်း မပြောပြချင်သေးဘူး ” သူ့နာမည်ကို ကျွန်တော် မေးမဖြစ်ပေမဲ့ သူက ရအောင်ဖြေသွားသေးတယ် ။ “ အော်... နာမည်လေးက လှတယ်နော် ၊ ဒါနဲ့ မေသူဇာ အသက်က ဘယ်လောက်ရှိပြီလဲ ” “ ညီမ အသက် တစ်ဆယ့်ရှစ် နှစ်ပါ ၊ အကိုကရော ” တဲ့ ။ ဒါဆို ကောင်မလေး ကျွန်ပ်ထက် ခြောက်နှစ်လောက်ငယ်တာပေါ့ ။ဒီလိုနဲ့ ကောင်မလေးနှင့် ကျွန်တော် စကားပြောနေရင် နာရီကိုကြည့်လိုက်တော့ ည ကိုးနာရီ ရှိနေပြီ ။ အမေတော့ ကျွန်ပ်ကိုစိတ်ပူနေမှာဘဲ ဟုတွေးပြီး အမေ့ဆီဆက်ဖို့ အိပ်ထဲမှ ဖုန်းကိုထုပ်ကြည့်တော့ အမေရဲ့ miss call မစ်(စ်) ခေါ် ကိုတွေ့ရတယ်။ကျွန်တော် မေ့ဆီဖုန်းဆက်ပြီး “ အမေ သားကို စိတ်မပူနေပါနဲ့ အခု သားသူငယ်ချင်းတစ်ယောက်ဆေးရုံရောက်နေလို့ လာကြည့်နေတာ နောက်တစ်နာရီလောက်ဆို သားပြန်လာခဲ့မယ်မေ..နော် ” လို့ကျွန်တော်ပြောလိုက်တော့ အမေက ထိုးစံအတိုင်း “ သား ကားကို ဖြေးဖြေးမောင်းနော် ။ အမေ့မှာ ရှားရှားပါးပါး ဒီသားလေးတစ်ယောက်တည်းရှိတာ သားသာ တစ်ခုခု ဖြစ်လို့ကတော့ မေတော့ ရင်ကြိုးရပြီရဲ့သားရေ ” “ ဟုတ်ကဲ့ ပါမေရယ် သားဖြေးဖြေးမောင်းပြီးပြန်ခဲ့ပါမယ် ။ မေ...သားဖုန်းချလိုက်တော့မယ်နော် ” နောက်ထပ် တစ်နာရီသာ အချိန်ရတော့တဲ့ ကျွန်တော် ဆရာဝန်မတစ်ယောက်ကို ခေါ်ပြီးမေးလိုက်တယ် ။ “ ဆရာမ ညီမလေးရဲ့ အခြေနေဘယ်လိုလဲ ။ ဒီညဘဲ ဆေးရုံက ဆင်းလို့ရလား ” “ ဟုတ်ကဲ့ ဆင်းလို့ရပါတယ် ။ ဒါပေမဲ့ ချိတ်ထားတဲ့ ဆားရည်ဗူးကိုတော့ ကုန်အောင်စောင့်ပြီး သွင်းသွားပါဦး ” နောက်မီနစ် နှစ်ဆယ်လောက်မှာ ဆားရည်ဗူးကုန်တော့ ပိုက်ဆံရှင်းပြီး ကောင်မလေးကို အိမ်ပြန်လိုက်ပိုရန်ပြောလိုက်သည်။ “ ညီမလေး အကိုညီမလေးအိမ်ကို လိုက်ပို့ပေးမယ် ။ ညီမလေးရဲ့ အိမ်ကဘယ်နားမှာလဲ ” “ ညီမ အိမ်ကိုမပြန်ချင်သေးဘူးကို” “ မပြန်လို့ မရဘူး အိမ်က ညီမလေးရဲ့ ဖေမေတွေ စိတ်ပူနေမှာပေါ့ ။ အကို ကို လိုက်မပို့စေချင်ဘူးဆိုရင် တက္ကစီကား ငှါးသွားပါလား ” “ အကို စိတ်တော့ မရှိပါနဲ့ ။ ညီမလေးကို နောက်တစ်ခုလောက် ကူညီပါဦးလား ” “ အော် ပြောလေ.. အကို ဘယ်နေရာကိုလိုက်ပို့ပေးရမလဲ ” ကျွန်တော်ကတော့ သူ့သူငယ်ချင်းရဲ့ အိမ် တစ်အိမ်အိမ်လို့ထင်ပြီးမေးလိုက်ပေမဲ့ “ ဘယ်နေရာကိုမှ လိုက်ပို့ပေးစရာမလိုဘူး ။ အကို အိမ်ကိုသာ မောင်းပြန်ပါ ” “ ဒါဆိုညီမလေးက ဘယ်နေရာမှာ ဆင်းကျန်ခဲ့မှာလဲ ” “ ဘယ်နေရာမှ ဆင်းမကျန်ခဲ့ဘူး အကိုအိမ်ကိုဘဲ လိုက်မှာ ” အောင်မလေး ကျွန်တော်တော့ တိုက်ပတ်ပြီ ။ “ ခေါ်သွားလို့ မရဘူး ညီမလေးရယ် ။ အိမ်မှာက အကိုနဲ့ အမေ နှစ်ယောက်တည်းရှိတာ ညီမလေးလိုက်လိုဘယ်ဖြစ်မလဲ ” ကျွန်တော် ဘယ်လိုဘဲပြောပြော သူ့ကတော့ “ အကို အမေဆိုတော့လည်း ညီမရဲ့ကျေးဇူးရှင်ရဲ့ အမေလေ ။ အကိုရော အကိုရဲ့ မေကိုပါ ကျေးဇူးတင် စကားပြောချင်လို့ပါ ။ နောက်ပြီး ညီမလေး အခုလို ကိုယ့်ကိုကိုယ် ဘာဖြစ်လို့ သတ်သေဖို့ ကြံစဉ်တာလဲဆိုတာ ပြောပြမယ်လေ ” ကျွန်ပ်အိမ်ကို ကောင်မလေး မလိုက်ဖို့ ဘယ်လိုမှ ပြောလို့မရပါ ။နောက်ဆုံး သူ့အကြောင်းသိချင်တဲ့ ကျွန်တော်ဘဲ လက်မျှောက်အရှုံးပေးပြီး အိမ်ကိုသာ ခေါ်လာလိုက်ရသည် ။ ကားသံကြားလို့ အမေအိမ်တခါးလာဖွင့်ပေးတော့ ကျွန်တော်ကားပေါ်မှ ဆင်းပြီး “ မေ သားအမေ့ကို ပြောစရာရှိတယ်” ရင်တထိပ်ထိပ်နဲ့ မပြောဖြစ်လိုသာ ပြောလိုက်ရပေမဲ့ ကျွန်ပ်တစိကိုယ်လုံးတော့ မိုးကြိုး ငါးလတ်ဆက်တိုက်ပစ်ခံရမဲ့ အနေထားဘဲ။ “ ပြောစရာရှိရင်လည်း အိမ်ပေါ်ရောက်မှ ပြောပါလားသားရယ် ။ အခု ဘယ်ချိန်ရှိပြီလဲ ။ ညစာရော စားပြီးပြီလား ။ လာ လာ အမေ ထမင်းခူးကြွေးမယ် ” ... “ နေပါဦးမေရယ် .... စိတ်အေးအေးထားပြီး သားပြောမဲ့ စကားကို ဒီနေရာမှာ ခဏလောက်နားထောင်ပါလား ” “ ဘာတွေများရေးကြီးနေလိုလည်း သားရယ် ... အမေ့သားတော့ ဒုက္ခဘဲ ညကြီးချိန်မတော် လမ်းက သရဲးများ ကပ်ပါလာသလား မသိဘူးနော်... ” “ ဟုတ်တယ်မေ... သားဆီ သရဲးလိုက်လာတယ်ဆိုတာ အမေ့ကိုပြောပြမလို့ ” ဒီလိုပြောလိုက်တော့ ပြုံးစိစိနဲ့ သရဲးသဆိတ်တွေကို ကြောက့်လည်းမကြောက့် ရှိတယ်လို့လည်းမထင်တဲ့ အမေက ကျွန်ပ်ကို ရယ်ပြီးမေးလိုက်တယ် ။ " ဟုတ်လား... ဘယ်နားက လိုက်လာတာလဲ .. ဒါနဲ့ သရဲးက ယောင်္ကျားလား မိန်းမလား " '' မိန်းကလေးပါမေ ..." '' ဟုတ်လား.. ဒါဆို အမေတို့နဲ့ ထမင်းအတူတူ စားရအောင် ခေါ်လိုက်လေ.. '' အမေ့ စကားအဆုံးမှာ ကျွန်တော် '' ဟုတ်ကဲ့ '' လို့ပြောပြီး ကားပေါ်မှာ ထိုင်နေတဲ့ ကောင်မလေးကို ခေါ်လိုက်တော့ အမေ မျက်လုံးတွေ ပြူးပြီး '' အောင်မလေး '' တဲ့ သ၇ဲးကို မကြောက့်တတ်တဲ့ အမေတစ်ယောက် အခုတော့ သရဲးကိုကြောက့်ပြီလား လို့ထင်ရပေမဲ့ မဟုတ်ပါ ။ '' သား မင်း ဘာတွေလုပ်လာတာလဲ. သားပြောတော့ သူငယ်ချင်းတစ်ယောက် ဆေးရုံရောက်နေလို့ သွားကြည့်တယ်ဆို အခု ဘာဖြစ်လို မိန်းမခိုးလာတာလဲ။ ဒါနဲ့ ဒီကောင်ကလေးနဲ့ သားက ချစ်သူတွေဖြစ်ကြတာ လယ်လောက်ကြာပြီးလဲ ၊ သားရဲ့ အရင်ရည်းစားနဲ့ ကွဲတာ လေးလလောက်ဘဲ ရှိသေးတာ ၊ အမေ့သား ပြောင်းလွဲတွေ မှန်လှချီလား ၊ ဒီလောက်ထိ ပြောင်းလွဲမြန်တာတော့ မကောင်းဘူးသား '' အမေတစ်ယောက် သူထင်ရာတွေကြီး ပြောနေတော့ ကောင်မလေးနှင့် ကျွန်ပ်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းခါမိလေသည်။ '' ခေါင်းမခါနေနဲ့ အခုချက်ချင်းကောင်မလေးကို ပြန်လိုက်ပို့ပေးလိုက်.. မနက်ဖြန်ကျမှ ကောင်မလေးရဲ့ မိဘတွေနဲ့ စကားသွားပြောမယ်.. သား ဒီလိုမျိုးလုပ်လာတာ အမေတကယ်မကြိုက်ဘူး သိလား..'' အခုမှဘဲ ကျွန်ပ်ပြော လှည့်ရောက်တော့တယ် '' သိပါတယ်မေ..ဒါပေ '' ကျွန်တော်စကားမဆိုးခင် အမေက ဝင်ပြောပြန်ပြီ '' သိရင်ပြီးရော ... လာ... လာ... လာခဲ့ ကားပေါ်တက် ၊ အမေပါတစ်ခါတည်းလိုက်ပို့မယ် '' လို့ ပြောပြီး အမေကားပေါ်တက်ထိုင်လိုက်တယ်။ ကျွန်တော် ၇ှင်းပြခွင့်မရတဲ့ အမေ့ကို ရအောင်ကြိုးစားပြီး ပြောကြည့်တယ်။ '' မေ...မ....ဟုတ်....ဘူး.....နော့မေ... '' '' ဘာ မှ လာပြီးရှင်းပြ မနေနဲ့ အခုချက်ချင်း ကားပေါ်တက် '' ဘယ်လိုမှ ရှင်းပြခွင့် မရတဲ့ အမေ့ရဲ့ လက်ကို ကိုင်ကာ '' သား မိန်းမ ခိုးလာတာ မဟုတ်ဘူးမေ ''လို့ ကျွန်တော် မျက်စိမှိတ်ပြီး ပြောလိုက်တယ်။ '' င့ါသားရယ် အမေ့ကို မလိမ်ချင်စမ်းပါနဲ့ သားကို အမေမွေးလာလို့ ဒီအရွယ် ရောက်နေတာ ငါ့ သားဘာလုပ်နေတယ်ဆိုတာ အမေ အကုန်သိတယ်'' တဲ့ အမေတစ်ယောက်အကုန်သိတယ်သာပြောတယ် အခုဖြစ်နေတဲ့ ကိစ္စကို ဘာဖြစ်လိုမသိတာလည်းလို့ ကျွန်တော်တွေးပြီး '' မေရယ်.... သားကို ခဏလောက်အချိန်ပေးပြီး ရှင်းပြစေပါလား '' '' ရှင်းပြမနေနဲ့ ကောင်မလေးကို သားနဲ့ သဘောတူပါတယ် ။ ဒါပေမဲ့ ကောင်မလေးက ကျောင်းတတ်နေတုန်းဘဲ ရှိသေးတာ အမေ သားသမီးချင်း ကိုယ်ချင်းစာပါတယ် သားရယ် '' '' မဟုတ်ဘူးမေ. သားသူ့ကို ခိုးလာတာ မဟုတ်ဘူး . သားရဲ့ ရည်းသားလည်း မဟုတ်ဘူး . အမေထင်တာတွေ တစ်ခုမှ မဟုတ်ဘူး မေ '' ကျွန်တော် ကောင်မလေးနဲ့ ဘယ်လိုတွေ့လာတယ်ဆိုတာ ရယ်... ကောင်မလေးဘာဖြစ်လို့ သားတို့အိမ်ကို လိုက်လာတယ်ဆိုတာရယ်... ကျွန်တော် ၇ှင်းပြလိုက်တော့ အမေ သဘောတွေပေါက်ပြီး '' ဒါဆို ဒီအကြောင်းတွေကို စောစောက ဘာဖြစ်လို အမေ့ကို မပြောတာလဲ ။ နောက်ပြီး သမီးက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို သတ်သေချင်ရတာလဲ '' တဲ့ “ အမေရယ်.. သားဗိုက်အရမ်းဆာနေပြီ ၊ အိမ်ထဲဝင်ပြီး ထမင်းစားရင်းနဲ့ မေးကြရအောင် ” တကယ်ပါဘဲဗျာ ကျွန်ပ်ဗိုက်ထဲက ဆာလွန်းလို့ စစ်ပွဲက ဗိုးကျဲသံတွေလို မရပ်မနား တစ်ဝိုးဝိုးနဲ့ မြည်နေတယ်။ “ အေးပါသားရယ်.... လာ လာ အမေ့လည်း သားမလာသေးလို မစားသေးတာ ” ကျွန်ပ်အမေကေ ပြာပြော ဆိုဆိုနဲ့ အိမ်ထဲဝင်ပြီး ထမင်းဝိုင်းပြင်လိုက်တယ်။ နောက်ပြီး ကျွန်တော်ကြိုက်တဲ့ ဘဲသားဟင်းကို ကျွန...်ပ် ထမင်းပုကန်ထဲ အမေက ခပ်ထည့်ပေးပြီး ကောင်မလေးရဲ့ ထမင်းပုကန်ထဲသို့ အမေခပ်ထည့်ပေးမည့်လုပ်တော့ “ အန်တီရယ် .... အန်တီက အသက်ကြီးပြီး ဘာဖြစ်လို အရင်မစားတာလဲ ” တဲ့ ။ ကောင်မလေးရဲ့ ဒီလိုမေးခွန်းကြောင့် အမေကျွန်ပ်ဘက်ကြည့်ကာ ခဏငြိမ်သက်သွားတယ်။ “ ဦးစားပေး စနစ် ” အမေရော ကျွန်တော်ပါ အတူတူတစ်ဗြိုင်တည်းပြောပာမိပါတယ် ။ “ သမီးနားမလယ်ဘူး ဘယ်လို ဦးစားပေး စနစ်လဲ ” ကောင်မလေး အမေကိုမေးနေပေမဲ့ ကျွန်တော်ဘဲ အလယ်ကဝင်ပြီး “ ဦးစားပေး စနစ်ဆိုတာ ဒီလိုပါ ၊ အခုလို ထမင်းစားတဲ့ အချိန်မှာတော့ အမေနဲ့ အကို ဟာ ဦးတဲ့လူ အရင်ထည့်ပေးရတာ ၊ တကယ်လို့ အကိုက ကားမောင်းပြီး အပြင်သွားတယ်ဆိုပါစို့ လမ်းမှာ တွေ့တဲ့ ကား ၊ ဆိုင်ကယ် ၊ ဆိုက်ကား ၊ စက်ဘီး အဲဒါတွေ အကုန်လုံးကို ဦးစားပေးရတယ် ” “ ဘယ်လို ဦးစားပေးတာ လဲ ညီမ နားမလယ်ဘူး ” “ ဥပမာ အကိုကားမောင်းပြီးသွားနေတုန်း ကားရှေ့က ဆိုက်ကားတစ်စီး ခရီးသည်တွေနဲ့ မနိုင်းတနိုင် နင်းနေတာ တွေရဲ့သားနဲ့ ဟွန်းတီးပြီး ဘေးဖယ်ခိုင်းဖို့ မလုပ်တာရယ် ၊ လမ်းသေးသေးလေး တစ်ခုမှာ သူ့ကားကို ငါ့ကျော်ပြီး မမောင်းတာရယ် ၊ ပြီးတော့ ငါ့ကတော့ လူကြီးဘဲလို ပြောပြီး ကိုယ့်ထက်ငယ်တဲ့ လူငယ်တွေကို အနိုင်မကျင့်ဖို့ရယ် တာတွေအားလုံးဟာ ဦးစားပေးစနစ်ဘဲ ” “ အော်... ဒီလိုလား ... ဒါဆို သမီးလည်း ဦးစားပေးစနစ်လုပ်ကြည့်ကြည့်မယ်လေ” လို ပြောပြီး အမေ့လက်ထဲမှ ဇွန်းကိုယူကာ အမေ့ထမင်းပုကန်ထဲသို့ ဘဲသားဟင်းတွေကို ကောင်မလေး ခပ်ထည့်ပေးလိုက်တော့ “ တော်လိုက်တာ သမီးရယ်... တော် လိုက်တာ ” ဟုပြောပြီး အမေ့မျက်လုံးထဲ မျက်ရည်တွေဝဲနေတာ ကျွန်တော် တွေ့လိုက်ရတယ် ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဖေမဆုံးခင် မွေးရာပါ နှလုံးရောဂါကြောင်း ဆုံးပါးသွားခဲ့ရတဲ့ ကျွန်ပ်ရဲ့ ညီမလေးကို ပြန်တွေးမိပြီး အမေမျက်ရည်ဝဲနေတာ ဖြစ်လိမ့်မည် ။ “ သားရယ် သားရဲ့ညီမလေးသာ အခုချိန်ထိ အသက်ရှင်နေမယ်ဆိုရင် ဒီက သမီးအရွယ်လောက်ရောက်နေမှာပေါ့နော့် ” ကျွန်ပ်ညီမလေးနဲ့ အဖေ ဆုံးသွားတာ တစ်နှစ်တည်းဆိုပေမဲ့ အမေတစ်ယောက် ဖေဖေ့အကြောင့် တစ်ခါမှာ မပြော ညီမလေးကိုတော့ မကြာခဏ နာမည်ထုပ်ထုပ်ပြီး ပြောနေတတ်တယ် ။ ဒါကြောင့် အမေစိတ်ကူး ပြောင်း သွားအောင် နောက်ပြီး ကျွန်တော်ကလည်း သိချင်နေတယ်ဆိုတော့ ကောင်မလေးရဲ့ အကြောင်းကို ဝင်ပြီး မေးလိုက်တယ် ။ “ စိတ်မကောင်းမဲ့ အရာတွေ တွေ့မနေစမ်းပါနဲ့ အမေရယ် ၊ အခုလည်း သမီးတစ်ယောက် အိမ်ပေါ်ရောက်နေတာဘဲ ဥစ္စ ၊ ဒါနဲ့ စကားမစပ် ညီမလေးက ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် သေအောင်ကြံစဉ်ရတယ်ဆိုတာ ပြောပြစမ်းပါဦး ” ကျွန်တော် ဒီလိုမေးလိုက်တော့ ကောင်မလေးမှာ ပြောချင် မပြောချင်နဲ့ ခဏငြိမ်သက်သွားပြီး “ သမီးမှာ မောင်နမ လေးယောက်ရှိတယ် ၊ သမီးက အကြီးဆိုးပေါ့ အခု ဆယ်တန်းတတ်နေပါတယ် ၊ မောင်လေးနှစ်ယောက်မှာ တစ်ယောက်က လေးတန်း နောက်တစ်ယောက်က သုံးတန်းပါ အငယ်ဆိုးညီမလေးကတော့ ကျောင်းမနေသေးဘူး ၊ နောက်ပြီး သူ့တို့ သုံးယောက်စလုံးက အမေရဲ့ နောက်အိမ်ထောင်နဲ့ ရထားတာ အဖေက သမီးရဲ့ ဘထွေးဆိုပေမဲ့ သမီးပေါ် အဖေရင်းတစ်ယောက်လိုကောင်းခဲ့တာပါ ။ ဒါကြောင့်လည်း သမီး ဖေဖေလို့ခေါ်တာပေါ့ ။ ခုတော့ ဖေဖေ ကျမ္မားရေးမကောင်းဘဲ အိပ်ယာထဲ လဲနေတာ တစ်နှစ်နည်းပါးရှိနေပြီ ၊ အဖေ့ရဲ့ ကျမ္မာရေးပြန်ကောင်းလာအောင် အရင်က အဖေရှာထားတဲ့ ငွေတွေနဲ့ဆေး ကုနေတာ မလောက်လို့ အခုအိမ်ပါပေါင်ထားရတယ်လို့ အိမ်ပေါင်ခံထားတဲ့ အန်တီတစ်ယောက်ရဲ့ သမီးဖြစ်တဲ့ သမီးရဲ့ သူငယ်ချင်း ကြေ ပာပြလို သိရတယ် ။ ဒါမေပဲ့ ဖေဖေနဲ့မေမေကတော့ သမီးကိုကျောင်းဆက်တတ်ဖို့ပြောတယ် ။ သမီးလည်း အခု စာတွေရေးတတ် ဖတ်တတ်နေပြီဘဲ သမီးကျောင်းထွက်ပြီး ပိုက်ဆံရှာမယ် နောက်ပြီး မောင်လေးနှစ်ယောက်ကို ကျောင်းဆက်ထားနိုင်အောင် သမီး ကြိုးစားမယ်လို့ အတမ်တမ်ပြောပေမဲ့ ဖေဖေနဲ့ မေမေက လုံးဝလက်မခံ ဒါကြောင့် အိမ်က ကျောင်းဝတ်စုံနဲ့ထွက်လာကာ လမ်းမှာ အင်္ကျီ လှဲပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးဝင်လုပ်နေတာ အခုဆို တစ်လပြည့်တော့မယ် ။ နောက်ပြီး ဆိုင်က ညနေပိုင်းမှာ အရစ်နဲ့ဘီယာတွေပါရောင်းတော့ ယောင်္ကျားသား ဧည့်သည်တွေ တအားများတယ် ၊ နောက်ပြီး အသက်ကြီးကြီး လူကြီးတစ်ယောက်က သားသမီးခြင်း ကိုယ်ကြင်းမစာဘဲ သူ့အရွယ်နဲ့ မလိုက်အောက် သမီးကို မထိတထိ လိုက်ပြောတယ် ၊ သမီးပိုက်ဆံ လိုလို့ သာ အလုပ်နေတယ် စိတ်ကတော့ လုံးဝ မသက်သာဘူး ၊ အဲလူကြီး သမီးကို အခုလို လိုက်ပြောနေတာ သမီး မကြိုက်ဘူးလို မန်နေဂျာ ဒေါ်ဝေလွင် ကိုပြောပါသေးတယ် ၊ စတာနေမှာပါ သမီးရယ် ဘာမှ စိတ်မရှိပါနဲ့ ဆိုပြီး လွန်ခဲ့တဲ့ သုံးလေးရက်က ဒေါ်ဝေလွင် သမီးဆီ ကပ်ပြီး အဲဒီလူကြီးက သမီးကို စိတ်ဝင်စားနေတာ သူ့က ပိုက်ဆံရှင် သူဌေးတစ်ဦးဘဲ ၊ သူ့မှာ အိမ်ထောင်လည်းမရှိဘူး ၊ နောက်ပြီ အန်တီလွင်ကိုပြောသွားသေးတယ် သမီး သူ့အိမ်ကို တစ်ရက်နှစ်လောက် လိုက်လည်ပါလား သူပိုင်ဆံကောင်းကောင်းပေးမယ်တဲ့။ အန်တီလွင် ဒီလိုပြောတော့ သမီး လုံးဝစိတ်ထိမ်းလို့မနိုင်တော့ဘဲ အန်တီလွင်ရဲ့ သမီးကို ထည့်လိုက်ပါလား လိုပြောပြီး သမီး အိမ်ကိုပြန်ခဲ့တယ် ။ အိမ်ရောက်တော့ အဖေ့ရဲ့ ကျမ္မာရေးက နဂိုကထက် ပိုဆိုးလာတယ် ။ အမေကလည်း ဖေ့ကိုကြည့်ပြီး မျက်ရည်တရွဲရွဲနဲ့ တစ်နေကုန် ငိုနေတာ သမီး တွေ့ရတော့ စိတ်မကောင်းပါဘူး ။ ဒါကြောင့် သမီး အမေ့နားကပ်ပြီး မေရယ်... ဒီတိုင်းထိုင်ကြည့်ပြီးငိုနေလို့ ဘာထူးမှာလဲ ၊ အဖေ့ကို တက္ကစီ ကားငှားပြီး ဆေးရုံတင်ကြရအောင် လို့ သမီး ပြောတော့ အမေက သမီး အဖေကိုဆေးရိုတင်ဖို့ အမေ့လက်ထဲမှာ ပိုက်ဆံမရှိတော့ဘူး ။ ဒီအိမ်ကိုပေါင်းထားတဲ့ ပိုက်ဆံရဲ့အပြင် နောက်ထပ် ငါးသိန်းလောက် ထပ်ချီးထားသေးတာ အခုထပ်ချီးဖို့ အမေလိုက်ရှာပါသေးတယ် ဒါပေမဲ့ အမေတို့ကို ထပ်ချီမဲ့လူက မရှိတော့ဘူး သမီးရယ် ။ အခုလို့ကြားလိုက်ရတော့ အဖေ့ကိုဆေးရိုတင်ပေးချင်တဲ့ စေတနာရယ် သမီး ငယ်ငယ်လေး ဒဲကအခုထိ ကြွေးမွေးစောင့်ရှောက်လာတဲ့ အဖေ့ရဲ့ကျေးဇူးတွေကိုပြန်ဆပ်ချင်တဲ့ စိတ်တွေက သမီးရဲ့စိတ်ကိုနိုးဆွပြီး ပိုက်ဆံရချင်တဲ့ စိတ်တစ်ခုသာ သိတော့တယ် ။ဒါကြောင့် အန်တီလွင်ဆီ သမီးပြန်သွားပြီး ဟိုလူကြီးအိမ်ကိုသမီးလိုက်လယ်မယ် လို့ ပြောလိုက်တယ် ၊ သမီး ပြောပြီး တစ်ဆယ့်ငါးမီနစ်လောက်မှာ ဟိုလူကြီးရောက်လာပြီး အန်တီလွင်နှင့် စားပွဲတစ်ပွဲမှာ စကားထိုင်ပြောပြီး သမီးကို အဲလူကြီး ဟိုတယ်တစ်ခုကို ခေါ်သွားတာ တစ်ရက်နဲ့တစ်ညကြာသွားတယ် ။ ဟိုတယ်ရောက်တော့ အလိုက်ကန်းဆိုးမသိဘဲ သိပ်မာန ကြီးတယ်ဆိုတဲ့ ကောင်မလေး အခုဘာတတ်နိုင်သေးလဲ တဲ့ ၊ မိုးလင်းလို့ သမီး အိမ်ပြန်ဖို့ ပိုက်ဆံတောင်းတော့ အန်တီလွင်ကို ဦး နှစ်သိန်းပေးထားခဲ့တယ်တဲ့ နောက်ပြီး သမီးကို တက္ကစီကားငှားပြီး အန်တီလွင်ဆီမှာ ပိုက်ဆံသွားယူခဲ့လို့ လွတ်လိုက်တယ် ၊ အန်တီလွင်ဆီကိုရောက်လို ပိုက်ဆံဝင်တောင်းတော့ ဒီလောက်အချိန်လေးများ နှစ်သိန်း မတန်ဘူးဆိုပြီး တစ်သိန်းဘဲပေးပါတယ် ။ သမီးလည်း အဖေ့ကို ဆေးရုံတင်နိုင်အောင်မို့ ဒီလိုမျိုးလုပ်တာပါ ၊ ကျေးဇူးပြုပြီး နှစ်သိန်းပေးဖို့ပြောတော့ နှစ် သိန်းလိုချင်ရင် နောက်တစ်ယောက် နောက်ကိုလိုက်သွားပါလား အန်တီ အခုဘဲ ဖုန်းဆက်ပေးလိုက်မယ် တဲ့ ။ သမီး ဘာမှဆက်မပြောတော့ ဘဲ စားပွဲအပေါ်မှာ တင်ထားတဲ့ ပိုက်ဆံတစ်သိန်းကို ယူကာ သမီး ရဲ့ မောင်လေး ကျောင်းဆင်းချိန်ကိုစောင့်ပြီး ဒီပိုက်ဆံတွေ အမေကိုသွားပေးပါ အမသွားစရာရှိလို သွားလိုက်ဦးမယ်ဆိုပြီး သမီးကိုယ့် သမီးစိတ်မလုံလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားခဲ့တယ် ၊ ဒါပေမဲ့ သမီးမသေချင်သေးဘူး ဆိုတာ ရေနစ်နေ မှ သိလိုက်ရတယ် ၊ နောက်ပြီး သမီးကုန်ပေါ်ရောက်အောင် ကြိုးစားပြီး ကူးခပ်ပါသေးတယ် ၊ ရေမကူးတတ်တဲ့ သမီး ခြေပန်း လက်ပန်းတွေကျပြီး သေပြီလို့ ကိုယ့်ကိုကိုယ် ထင်ထားရပေမဲ့ ပြန်သတိရလာတော့ ကံကောင်းထောက်မစွာဖြစ် အကိုကုန်ပေါ်သို့ ကယ်ထားခဲ့တယ်၊ အခုလို မသေချင်သေးတဲ့ သမီး ကို ရေထဲမှာ ဆယ်ပြီး ကူညီပေးခဲ့တဲ့ အကိုရော အကိုရဲ့အမေ့ကိုပါ ကျေးဇူးတင်ပါတယ် ” လိုပြောပြီး ထမင်းစားနေတဲ့ ထိုင်ခုံကနေ အောက်မှာဆင်းထိုင်ပြီး အမေနဲ့ ကျွန်ပ်ကို ကောင်မလေး လက်ဦးချီကာ ကန်တော့နေရှာတယ် ။ “ ကျေးဇူးတင်ဖို့မလိုပါဘူးသမီးရယ်... အသက်မသေချင်သေးတဲ့ သမီးရဲ့အသက် ပြန်ရှင်သန်ဖို့ကူညီပေးနိုင်တဲ့ သမီး ရဲ့အကိုစား အမေ ဝမ်းသာပါတယ် ၊ ထထ ထမင်းအရင်စား ပြီးရင် အိမ်ပြန်လိုက်ပို့ပေးမယ် ” ဘာလိုလိုနဲ့ အချိန်ကအတော်လေး ညနက်နေပြီး ဒါပေမဲ့ အမေနဲ့ ကျွန်တော် နှစ်ယောက်သာရှိတဲ့ ဒီအိမ်မှာ ကောင်မလေးကို ပေးအိပ်ဖို့ မဖြစ်ဘူးဆိုတာ မေနဲ့အတူ ကျွန်တော်လည်းသိပါတယ် ။ ဒါကြောင့် ထမင်းစားပြီးပြီးချင် ကောင်မလေးရဲ့အိမ်ကို အမေနဲ့ အတူ ကျွန်တော် လိုက်ပို့ခဲ့ပါတယ် ။ ဟိုရောက်တော့ ကောင်မလေးအိမ်ပေါ်မှာ လူတွေငိုသံတွေကြားရတယ် ကျွန်ပ်စိတ်ထဲမှာ ဖရမ်းလို့ဖြစ်သွားပြီးကြွက်သီးတွေထလာတယ် ။ ကောင်မလေးရဲ့အဖေတော့ ဆုံးပြီထင်ပါရဲ့ ဟု တွေးပြီး ကောင်မလေးနှင့်အတူ အမေနဲ့ ကျွန်တော် အိမ်ပေါ်သို့တတ်လိုက်သွားတော့ ကောင်လေးတစ်ယောက် ကောင်မလေးဆီပြေးလာပြီး “ မမ အမေဆုံးပြီ ” တဲ့ ဒီမှာဘဲ ကျနော်ရဲ့ ဝတ္ထုတိုလေးကို ဇာတ်သိမ်းရအောင် ။ အခုလို အားပေးနေကြတဲ့ ကိုကိုမမ ညီလေးညီမလေးတွေအားလုံးကို ကျွန်တော် ကျေးဇူးအရမ်းတင်ပါတယ် ။ စာလုံးပေါင်းများ မှားခဲ့သည်ရှိပါက ကျနော် ကို နားလယ်ခွင်လွတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား ။ ဆက်လက်ကြိုးစားလျှက်ပါ ရန်ကျော် ( ထားဝယ် )

2 comments:

  1. ဘယ်လိုလဲ အဆင်မပြောဘူးလား

    ReplyDelete
  2. ဘယ်လိုမှ မလဲနဲ့ အဲလိုဘဲ...

    ReplyDelete

 

Blogger news

Blogroll

About

ကျွန်တော်နာမည်က ရန်ကျော် လို့ခေါ်ပါတယ်။ ဝတ္ထုရေးတာကို အရမ်းဝါသနာပါတယ် ။ စာရေးဆရာ ဖြစ်ချင်တဲ့စိတ်ကတော့ အရူးမူးပါဘဲ။ အခုလို ကျွန်ပ်ရဲ့ ဝတ္ထုတိုလေးတွေကို မဖတ်ချင် ဖတ်ချင်နဲ့ လာဖတ်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်ခင်ဗျား ။ ကျွန်ပ်ကို အားပေးစကားလေးတွေ ပြောမယ်ဆိုရင်တော့ yankyawlove@gmail.com အမှာ စကား ၊ အားပေးစကားတွေ ပေးပို့နိုင်ပါတယ်ခင်ဗျား။